Connect with us

Asia

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခသစ်တွင် ကမ္ဘောဒီးယားအရပ်သား သေဆုံးသူ ၆ ဦး အထိ မြင့်တက်လာဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်တွင် ခိုလှုံရန် နေရပ်စွန့်ခွာလာသော ကမ္ဘောဒီးယားနယ်စပ်ဒေသနေပြည်သူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Agence Kampuchea Presse/Handout via Xinhua)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက ကမ္ဘောဒီးယား အရပ်သား နောက်ထပ် ၂ ဦးသည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ၏ နယ်စပ် ပဋိပက္ခအတွင်း သေဆုံးခဲ့ရကြောင်း၊ နယ်စပ်ပဋိပက္ခ အသစ်တစ်ကြိမ်ဖြစ်ပွားမှုကြောင့် ကမ္ဘောဒီးယား အရပ်သား ၆ ဦး သေဆုံးပြီးဖြစ်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်က ဒီဇင်ဘာ ၈ ရက် ညပိုင်းမှ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းအထိ ကမ္ဘောဒီးယားစစ်တပ်နှင့် အရပ်သားများကို ဆက်တိုက်ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း၊ “ဒီဇင်ဘာ ၉ ရက် သန်းခေါင်ယံ ၁၂ နာရီ ၅၉ မိနစ်တွင် ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ် နယ်စပ်ဒေသကို အရှိန်မြှင့်တိုက်ခိုက်ခဲ့ရာ နိုင်ငံ၏အဝေးပြေးလမ်းမကြီးတွင် ယာဉ်မောင်းနှင်လျက်ရှိသော အရပ်သား ၂ ဦးသည် ထိုင်းစစ်တပ်က ပစ်ခတ်လိုက်သည့် အမြောက်ကျည်ဆန်အပိုင်းအစများ ထိမှန်၍ သေဆုံးခဲ့သည်” ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၉ ရက် နံနက် ၄ နာရီ ၄၅ မိနစ်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ Preah Vihear၊ Oddar Meanchey ၊ Pursat ပြည်နယ်များရှိ နေရာအများအပြားကို ထိုင်းစစ်တပ်က ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်ရှိ နေရာချထားရေးစခန်းတစ်ခုတွင် အနားယူနေကြသော နေရပ်စွန့်ခွာသော ကမ္ဘောဒီးယားနယ်စပ်ဒေသနေပြည်သူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Agence Kampuchea Presse/Handout via Xinhua)

——————–
(Chinese Version)
柬埔寨国防部:新一轮柬泰边境冲突中柬方平民死亡人数升至6人
新华社金边12月9日电(记者吴长伟)柬埔寨国防部9日说,当天凌晨又有2名柬平民在柬埔寨与泰国的边境冲突中丧生。新一轮边境冲突已致柬埔寨6名平民丧生。
柬国防部发布新闻稿说,泰国军队在8日夜间至9日凌晨持续向柬埔寨军队和平民开火。“9日0时59分,泰国军队加强了对柬埔寨班迭棉吉省边境地区的攻击,2名在国道上驾车行驶的平民被泰军发射的炮弹碎片击中身亡。”
新闻稿还说,自9日4时45分起,泰国军队继续攻击柬埔寨柏威夏省、奥多棉吉省和菩萨省的多处地点。(完)
1. 12月8日,离开家园的柬埔寨边境居民前往暹粒省避难。新华社/柬新社
2. 12月8日,离开家园的柬埔寨边境居民在暹粒省一处安置点休息。新华社/柬新社