Asia
ထိုင်ဝမ်နှင့်စပ်လျဉ်း၍ မှားယွင်းသော ပြောဆိုချက်အား ဆာနာအဲ တာကာအိချိ ရုပ်သိမ်းရန် ဂျပန်အမြော်အမြင်ရှိသူများ အပြင်းအထန် တောင်းဆို
တိုကျို၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အရပ်ဘက်အဖွဲ့အစည်း မူရာယာမ ပြောကြားချက် (Murayama Statement) အား လက်ဆင့်ကမ်းခြင်းနှင့် မြှင့်တင်ခြင်း အသင်းသည် ဒီဇင်ဘာ ၈ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံ ပညာရပ်လောက၊ အစိုးရအရာရှိဟောင်း၊ မီဒီယာနယ်ပယ် စသည့် လူပုဂ္ဂိုလ်ပေါင်း ၁၀ ဦးကျော်နှင့်အတူ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော မှားယွင်းသော ပြောဆိုချက်အတွက် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။
ပွဲတက်ရောက်လာသူများက ဆာနာအဲ တာကာအိချိ၏ ပြောဆိုချက်သည် ယခင်ဂျပန်အစိုးရများ၏ ထိုင်ဝမ်အရေးကိစ္စအပေါ် အခြေခံရပ်တည်ချက်နှင့် ကွဲလွဲနေကြောင်း ထောက်ပြကြသည်။ ဂျပန်-တရုတ် ဆက်ဆံရေး တစ်ဆင့်တိုးတင်းမာလာခြင်းကို ရှောင်ကြဉ်ရန် ဆာနာအဲ တာကာအိချိ အနေဖြင့် သက်ဆိုင်ရာပြောဆိုချက်အား ချက်ချင်း ရုပ်သိမ်းရန် ၎င်းတို့က အပြင်းအထန် တောင်းဆိုခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် မူရာယာမ ပြောကြားချက် (Murayama Statement) အား လက်ဆင့်ကမ်းခြင်းနှင့် မြှင့်တင်ခြင်းအသင်း အတွင်းရေးမှူးချုပ် တာကာကာဂဲ ဖူဂျီတာ့က ဆာနာအဲ တာကာအိချိအနေဖြင့် ထိုင်ဝမ်နှင့်စပ်လျဉ်းသည့် ပြောကြားချက်အား ရုပ်သိမ်းရန် တောင်းဆိုသော ကြေညာချက်အား ဖတ်ပြခဲ့သည်။
“ဆာနာအဲ တာကာအိချိက ယခုအကြိမ် လွှတ်တော်မှာ ထုချေတင်ပြမှုက ယခင်ဂျပန်အစိုးရက ထိုင်ဝမ်အရေးကိစ္စမှာ ဖြေကြားချက်တွေနဲ့ သိသိသာသာမတူဘဲ ‘ထိုင်ဝမ် အရေးကိစ္စ’ ရှိတာနဲ့ ဂျပန်က စစ်ပွဲစနစ်အတွင်း ဝင်ရောက်သွားမယ်လို့ လွှတ်တော်မှာ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားတာနဲ့ တူတူပါပဲ။ ဒီလိုမျိုးပြောကြားချက်က ဂျပန်စစ်ဝါဒ ပြန်လည်အသက်သွင်းလာတာလို့ ရှုမြင်နိုင်ပါတယ်။ ယခုအကြိမ်ရဲ့ တင်းမာမှုအခြေအနေကို ဂျပန်ဘက်က စတင်တာဖြစ်ပေမဲ့ ဂျပန်ဘက်က ‘ထိခိုက်နစ်နာသူ’ အနေအထား လုပ်ဆောင်နေပါတယ်။ ဒီလိုမျိုးလုပ်ရပ်က အခြေအနေကိုဖြေရှင်းဖို့ တွန်းအားပေးနိုင်မှာ မဟုတ်ပါဘူး။ ဆာနာအဲ တာကာအိချိအနေနဲ့ ထိုင်ဝမ်အရေးကိစ္စက တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တာကို မဖြစ်မနေဝန်ခံပြီး ယခုအကြိမ်မှားယွင်းတဲ့ပြောဆိုချက်ကို ချက်ချင်းရုပ်သိမ်းသင့်ပါတယ်” ဟု ကြေညာချက်တွင် ဆိုထားသည်။
သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူများကလည်း ဆာနာအဲ တာကာအိချိ၏ ပြောဆိုချက်အပေါ် သဘောထားများ ထုတ်ပြန်ပြောကြားကြသည်။ ဂျပန်နိုင်ငံ အာအိုရာယာ ဂါဂူအင် တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ ခူမီကို ဟားဘာက ဆာနာအဲ တာကာအိချိ၏ ပြောဆိုချက်သည် စစ်ပွဲအလွန် သတ်မှတ်ထားသည့် နိုင်ငံတကာစည်းစနစ်နှင့် လုံးဝပြောင်းပြန်ဖြစ်နေကြောင်း ထောက်ပြခဲ့သည်။ ၁၉၄၃ ခုနှစ် “ကိုင်ရိုကြေညာချက်” နှင့် ၁၉၄၅ ခုနှစ် “ပေါ့စ်ဒမ်ကြေညာချက်” စသည့် စာရွက်စာတမ်းများတွင် ထိုင်ဝမ်အပေါ်ပိုင်ဆိုင်မှုကို အတိအလင်း သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ဆာနာအဲ တာကာအိချိ၏ ပြောဆိုချက်သည် ဂျပန်အစိုးရ၏ ယခင်အခြေခံရပ်တည်ချက်နှင့် ကွဲလွဲနေပြီဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
ဂျပန် နိုင်ငံတကာနိုင်ငံရေးပညာရှင်၊ သံတမန်ဟောင်း ခါဇူဟီကို တိုဂို က ဆာနာအဲ တာကာအိချိ၏ ပြောဆိုချက်ကြောင့် လက်ရှိ ဂျပန်-တရုတ်ဆက်ဆံရေးသည် အလွန်ကျပ်တည်းသော အခြေအနေသို့ သက်ဆင်းရောက်ရှိနေကြောင်း၊ ၁၉၇၂ ခုနှစ် ဂျပန်-တရုတ် ပူးတွဲကြေညာချက်တွင် ထိုင်ဝမ်အရေးကိစ္စနှင့် စပ်လျဉ်းသည့် ဖော်ပြချက်သည် နှစ်ဖက်က တည်ကြည်လေးနက်စွာ ဆွေးနွေးညှိနှိုင်းပြီးမှ နောက်ဆုံး အတည်ပြုထားခြင်းဖြစ်ကြောင်း၊ တရုတ်ဘက်ကလည်း ဂျပန်ကို တင်းကျပ်စွာလိုက်နာရန် အစဉ်အမြဲ အတိအလင်း တောင်းဆိုခဲ့ရာ ဆာနာအဲ တာကာအိချိအနေဖြင့် ယင်းအပေါ် အလေးထားသင့်ကြောင်း ပြောကြားခဲ့သည်။
ဂျပန် နိုင်ငံရေးနှင့် စီးပွားရေးပညာရှင် ခါဇူဟိဒဲ ယူအဲခူဆာ့ က ဆာနာအဲ တာကာအိချိအနေဖြင့် တစ်ဖက်တွင် ထိုင်ဝမ်နှင့်စပ်လျဉ်းသော မိမိ၏ပြောဆိုချက်ကို အစိုးရ၏ တစ်ပြေးညီယူဆချက်အဖြစ် မသတ်မှတ်လိုကြောင်း ဆိုပြီး အခြားတစ်ဖက်တွင်မူ မိမိ၏ထုချေတင်ပြချက်သည် “ဂျပန်အစိုးရဲ့ တစ်သမတ်တည်း ရပ်တည်ချက်အား ပြောင်းလဲမည်မဟုတ်” ဟု ဆိုခဲ့ကြောင်း၊ ထိုကဲ့သို့ ဒွိဟဖြစ်နေသည့် ရှင်းလင်းချက်သည် ပြဿနာအား ဖုံးကွယ်လိုခြင်း သို့မဟုတ် အများဆွေးနွေးသည့်အချက်အား အာရုံလွှဲခြင်းဖြစ်သည်ဟုသာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ ဆာနာအဲ တာကာအိချိအနေဖြင့် မိမိ၏ ပြောဆိုချက်တွင် ပါဝင်သောအမှားများအပေါ် ဆက်လက် ဖုံးကွယ်ခြင်း သို့မဟုတ် တိမ်းရှောင်ခြင်း မပြုသင့်တော့ဘဲ နှိမ့်ချသောသဘောထားဖြင့် ပြုပြင်သင့်သည်ဟု ခါဇူဟိဒဲ ယူအဲခူဆာ့ က ယူဆသည်။
ဂျပန် ဆယ်ကာအိ မဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း၊ အီဝါနာမိ ပုံနှိပ်တိုက် ဥက္ကဋ္ဌဟောင်း အာဆူရှိ အိုကာမိုတိုက ဆာနာအဲ တာကာအိချိအနေဖြင့် တရုတ်နိုင်ငံနှင့် “တွေ့ဆုံဆွေးနွေးမှု” ကို အကြိမ်များစွာ ပြောဆိုခဲ့သော်လည်း အစစ်အမှန် တွေ့ဆုံဆွေးနွေးမှုသည် အပြန်အလှန်ကို လေးစားမှု၊ တန်းတူညီမျှ ရပ်တည်ချက်အား ထိန်းသိမ်းမှု၊ တစ်ဖက်သားအား နားလည်ရန် ကြိုးပမ်းမှု အခြေခံပေါ်တွင် လုပ်ဆောင်သင့်ကြောင်း၊ “ဆာနာအဲ တာကာအိချိရဲ့ လက်ရှိသဘောထားနဲ့ဆို အစစ်အမှန် အနက်အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု လုံးဝလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး” ဟု ထောက်ပြခဲ့သည်။
ဂျပန်နိုင်ငံ ဂန်တို ဂါဂူအင် တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ မာဆာကစု အားဒါချိ က ဆာနာအဲ တာကာအိချိ စတင်တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ “လုံခြုံရေးစာရွက်စာတမ်း သုံးရပ်” ကို ပြင်ဆင်ရန်၊ လက်နက်တင်ပို့မှု ကန့်သတ်ချက်အား ဖြေလျှော့ရန်၊ ကာကွယ်ရေးအသုံးစရိတ်အား အဆက်မပြတ် တိုးမြှင့်ရန် လုပ်ဆောင်ခဲ့ပြီး တစ်ချိန်တည်းတွင် သူလျှို ဆန့်ကျင်ရေးဥပဒေ အတည်ပြုမှုကို တွန်းအားပေးခြင်း၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ထူထောင်မှုဆွေးနွေးခြင်းတို့ကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ရာ အနက်အဓိပ္ပာယ်အရ “ပြည်တွင်းသတင်းအချက်အလက် ပိတ်ဆို့မှုနှင့် ပြည်ပသတင်းအချက်အလက် စုဆောင်းမှု” များကို မြှင့်တင်လိုက်သည်ဟု ထောက်ပြခဲ့သည်။ ဆာနာအဲ တာကာအိချိ၏ အဆိုပါလှုပ်ရှားမှုများသည် ဂျပန်ကို အနှစ်သာရအရ စစ်ပွဲဆီသို့ တွန်းအားပေးသည်ဟု ၎င်းက တိုက်ရိုက်ပြောကြားခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် Sekai မဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း၊ Iwanami ပုံနှိပ်တိုက် ဥက္ကဋ္ဌဟောင်း အာဆူရှိ အိုကာမိုတို က အမှာစကား ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
综述|日本有识之士强烈要求高市早苗撤回涉台错误言论
新华社东京12月8日电 综述|日本有识之士强烈要求高市早苗撤回涉台错误言论 新华社记者李子越 欣芷如
8日下午,日本民间团体“继承和发展村山谈话会”组织日本学界、前政府高官、媒体界等领域十余名人士在东京针对首相高市早苗涉台错误言论召开记者会。与会人士指出,高市言论明显偏离历届日本政府在台湾问题上的基本立场。他们强烈要求高市立即撤回相关表述,避免日中关系进一步紧张化。
记者会上,“继承和发展村山谈话会”理事长藤田高景宣读了要求高市撤回涉台错误言论的声明。
声明说:“高市此次在国会上的答辩,已经与以往日本政府在台湾问题上的答辩明显不同,等同于首次在国会表明一旦‘台湾有事’,日本将进入战争体制。这种表述几乎可被视为日本军国主义的复活。此次的紧张局势是由日本方面引发,但日本却摆出‘受害者’姿态,这种做法不可能推动事态解决。高市必须承认台湾问题是中国内政,应立即撤回此次错误言论。”
与会人士纷纷针对高市言论表明态度。日本青山学院大学名誉教授羽场久美子指出,高市涉台言论与战后既定的国际秩序相背离。她强调,1943年《开罗宣言》和1945年《波茨坦公告》等文件已明确界定了台湾的归属,高市言论已偏离日本政府以往基本立场。
日本国际政治学者、前外交官东乡和彦表示,高市涉台言论使当前日中关系陷入十分严峻的局面。他说,1972年日中联合声明中关于台湾问题的表述,是双方经过严肃谈判才最终确定的,中国方面也一直明确要求日本严格遵守,高市理应对此予以重视。
日本政治经济学者植草一秀指出,高市一方面声称自己无意将涉台言论作为政府的统一见解,另一方面又称自己的答辩“不改变日本政府的一贯立场”,这种矛盾的解释只能被解读为试图掩饰问题或转移论点。植草认为,高市对于自身言论中的错误不应继续掩饰或回避,而应以谦逊态度加以纠正。
日本《世界》杂志前总编、岩波书店前社长冈本厚指出,高市频繁提及同中国“对话”,但真正的对话必须以尊重对方、保持平等立场并努力理解对方为前提,“以高市目前的态度,根本无法构成真正意义上的对话”。
日本关东学院大学名誉教授足立昌胜指出,高市早苗上任以来主张修订“安保三文件”、放宽武器出口限制、持续增加防卫预算,同时大力推动反间谍法通过、讨论设立国家情报局,从本质上强化了“对内信息封锁与对外情报收集”。他直言,高市这一系列动向实质上正把日本推向战争。(完)
图说1:12月8日,在日本东京,“继承和发展村山谈话会”理事长藤田高景在记者会上宣读要求高市撤回涉台错误言论的声明。新华社记者 李子越 摄
图说2:12月8日,在日本东京,日本《世界》杂志前总编、岩波书店前社长冈本厚在记者会上发言。新华社记者 李子越 摄
