Connect with us

Africa & Middle East

အာရပ်နိုင်ငံများ အစည်းအဝေးကျင်းပ၍ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်ဆွေးနွေး

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ် ပုံရိပ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်က အဆိုပြုသည့် ဂါဇာကမ်းမြောင်ဒေသအား “လက်လွှဲယူမှု အစီအစဉ်” ကို “တန်ပြန်” နိုင်ရန် အာရပ်နိုင်ငံခေါင်းဆောင်များစွာသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်၌ စုစည်း၍ အာရပ်နိုင်ငံများ အဆိုပြုသည့် ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုအကြိမ် အလွတ်သဘော အစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် Mohammed bin Salman က သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့ပြီး အစည်းအဝေး တက်ရောက်လာသော ခေါင်းဆောင်များတွင် ဂျော်ဒန်ဘုရင် Abdullah II ၊ အီဂျစ်နိုင်ငံ သမ္မတ Abdel Fattah el-Sisi ၊ ကာတာနိုင်ငံ အကြီးအကဲ Sheikh Tamim bin Hamad Al Thani ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ သမ္မတ Sheikh Mohamed bin Zayed Al Nahyan ၊ ကူဝိတ်နိုင်ငံ အကြီးအကဲ Sheikh Meshal al-Ahmad Al Sabah နှင့် ဘာရိန်းနိုင်ငံ အိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် Salman bin Hamad Al Khalifa တို့ပါဝင်ကြောင်း Saudi Press Agecny သတင်းဖော်ပြချက်အရ သိရသည်။
အစည်းအဝေးတက်ရောက်သည့် ခေါင်းဆောင်များက အီဂျစ်နိုင်ငံမှ အဆိုပြုသည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်တစ်ခုကို အဓိကဆွေးနွေးခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံများက အဆိုပါအစီအစဉ်အား ပံ့ပိုးကူညီရန် လာမည့် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ထည့်ဝင်သွားမည်ဟု ယုံကြည်ရကြောင်း သတင်းအရင်းအမြစ်တစ်ဦး ပြောကြားချက်အရ သိရသည်။
အဆိုပါသက်ဆိုင်ရာ ဆွေးနွေးမှုသည် လျှို့ဝှက်ချက်ဖြစ်သဖြင့် အစည်းအဝေးပြီးနောက် ကြေညာချက် ထုတ်ပြန်မည်မဟုတ်ကြောင်း အဆိုပါ သတင်းအရင်းအမြစ်က ဆိုသည်။
အီဂျစ်နိုင်ငံဘက်က အဆိုပါအစီအစဉ်၏ အသေးစိတ်ကို လက်ရှိတွင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ အဆိုပါအစီအစဉ်ကို လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း အဆင့် ၃ ဆင့်ခွဲ၍ ဖော်ဆောင်သွားမည်ဟု ယာယီသတ်မှတ်ထားကြောင်း၊ ပထမအဆင့်သည် အချိန်ကာလ ၆ လဖြစ်ပြီး အဓိကအားဖြင့် အပျက်အစီးများ ရှင်းလင်းရေးနှင့် “ကနဦးကာလ ပြန်လည်ထူထောင်ရေး” များအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်တွင် နိုင်ငံတကာအစည်းအဝေး ခေါ်ယူကျင်းပရန် လိုအပ်ပြီး အသေးစိတ် ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို ချမှတ်၍ အခြေခံအဆောက်အဦများကို ပြန်လည် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တတိယအဆင့်တွင် ဂါဇာဒေသ ပြည်သူများအတွက် လူနေအိမ်နှင့် အခြားလူနေမှုဘဝ ဝန်ဆောင်မှုများ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း၏ နိုင်ငံရေးလမ်းကြောင်း” ကို ဖော်ဆောင်ရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံ သံတမန်က ထုတ်ဖော်ပြောကြားခဲ့သည်။
မီဒီယာများက မကြာသေးမီက ဖော်ပြထားသည့် အီဂျစ်နိုင်ငံ အစီအစဉ်တွင် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က စီမံခန့်ခွဲမှုတွင် မပါဝင်ဘဲ ပါလက်စတိုင်း ပြည်သူများဖြင့် ပါဝင်ဖွဲ့စည်းထားသော ကော်မတီတစ်ခု ဖွဲ့စည်းကာ ဂါဇာဒေသအား စီမံခန့်ခွဲခြင်း၊ နိုင်ငံတကာအသိုက်အဝန်းက ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ပြီး ဂါဇာဒေသနေပြည်သူများအား အခြားနိုင်ငံသို့ အတင်းအဓမ္မ ရွှေ့ပြောင်းနေထိုင်ခိုင်းမှု မလုပ်ဆောင်ခြင်း စသည့် အကြောင်းအရာများလည်း ပါဝင်သည်။
အဆိုပါအစီအစဉ်ကို မတ်လ ၄ ရက်တွင် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ ကျင်းပမည့် အာရပ်နိုင်ငံများအဖွဲ့ချုပ် (LAS) အရေးပေါ် ထိပ်သီးအစည်းအဝေး၌ ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်ဟု မျှော်လင့်ရသည်။
ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်က “လက်လွှဲယူ” ၍ “ရေရှည်ပိုင်ဆိုင်” သင့်ကြောင်း၊ ဂါဇာဒေသ ပြည်သူများသည် အီဂျစ်၊ ဂျော်ဒန် စသည့် အနီးတစ်ဝိုက်နိုင်ငံများသို့ ရွှေ့ပြောင်းသင့်သည်ဟု လတ်တလောရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါပြောဆိုချက်သည် အာရပ်နိုင်ငံများစွာနှင့် နိုင်ငံတကာ အသိုက်အဝန်း၏ ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းနှင့် ဝေဖန်ခြင်း ခံခဲ့ရသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Hanoun ရှိ အဆောက်အအုံ အပျက်အစီးများနှင့် ယာယီရွက်ဖျင်တဲများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
阿拉伯国家开会讨论加沙重建方案
新华社北京2月22日电 多个阿拉伯国家领导人21日齐聚沙特阿拉伯首都利雅得,讨论阿拉伯国家主张的加沙地带重建方案,以“抗衡”美国提出的“接管方案”。
沙特通讯社报道,这次非正式会议由沙特王储兼首相穆罕默德·本·萨勒曼主持,与会领导人包括约旦国王阿卜杜拉二世、埃及总统塞西、卡塔尔埃米尔(国家元首)塔米姆、阿联酋总统穆罕默德、科威特埃米尔(国家元首)米沙勒以及巴林王储兼首相萨勒曼。
据知情人士介绍,与会领导人主要讨论了由埃及提出的一份加沙重建方案,海湾国家据信将在3年内投入大约200亿美元资助这一方案。
知情人士称,鉴于相关讨论属于机密,会后不会发布声明。
埃及方面暂未公开这份方案的细节。据埃及外交官透露,这份方案拟定在今后3年至5年分三阶段实施,第一阶段为期6个月,重在清理废墟和“早期恢复”;第二阶段需要召集国际会议,拟定具体重建方案并恢复基础设施;第三阶段将为加沙民众提供住房和其他民生服务,搭建落实“两国方案的政治轨道”。
媒体先前披露的埃及方案内容还包括:组建一个由巴勒斯坦人组成的委员会管理加沙地带,但巴勒斯坦伊斯兰抵抗运动(哈马斯)不参与管理;由国际社会参与重建加沙,但不强迫加沙居民迁往他国。
这份方案预计将于3月4日在埃及首都开罗召开的阿拉伯国家联盟紧急峰会上被跟进讨论。
美国总统唐纳德·特朗普近日多次表示,加沙地带应由美国“接管”并“长期拥有”,加沙居民应迁至埃及、约旦等周边国家。这一言论受到多个阿拉伯国家和国际社会强烈反对和批评。(王宏彬)
图说1:这是2022年12月6日拍摄的沙特阿拉伯首都利雅得市貌。新华社记者隋先凯摄
图说2:这是2月19日在加沙地带北部拜特哈嫩拍摄的建筑废墟和临时帐篷。新华社发(里泽克·阿卜杜勒贾瓦德摄)