Asia
သမ္မတဟောင်း ဒူတာတေးကို တင်ဆောင်သော လေယာဉ် သည်ဟိတ်မြို့သို့ ပျံသန်းနေပြီဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ ပြောကြား

မနီလာ၊ မတ် ၁၂ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို တင်ဆောင်သော လေယာဉ်သည် မတ် ၁၁ ရက် ညပိုင်းတွင် သည်ဟိတ်မြို့သို့ ပျံသန်းသွားပြီဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ်က ယင်းနေ့ညပိုင်း သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုခဲ့သည်။
ဖိလစ်ပိုင် လေကြောင်းပိုင်နက်မှ ထွက်ခွာပြီးမကြာမီ ဖာဒီနန် မားကို့စ်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဒူတာတေးသည် မတ် ၁၁ ရက် နံနက်ပိုင်းက မြို့တော် မနီလာသို့ ပြန်ရောက်ပြီးနောက် မနီလာရှိ Villamor လေတပ်အခြေစိုက်စခန်း၌ ဖမ်းဆီးထိန်းသိမ်းထားခံရကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမ္မတဟောင်း ဒူတာတေးသည် မတ် ၁၁ ရက် နံနက်ပိုင်းတွင် ပြည်ပမှ ပြန်လာပြီး မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း၊ သက်ဆိုင်ရာက ဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ဖမ်းဝရမ်းကို ထုတ်ပြခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတအိမ်တော် သတင်းနှင့် ပြန်ကြားရေးရုံးက ယင်းနေ့ အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင် ဒုတိယ သမ္မတ ဆာရာ ဒူတာတေးက ဖိလစ်ပိုင် လက်ရှိအစိုးရက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ဖမ်းဝရမ်းဖြင့် ၎င်းဖခင်ဖြစ်သူ သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးထိန်းသိမ်းသည့် လုပ်ရပ်မှာ ဖိလစ်ပိုင် အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း စော်ကားခြင်း ဖြစ်ကြောင်း မတ် ၁၁ ရက် ညပိုင်း လူမှုကွန်ရက်မီဒီယာ၌ ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ယင်းနေ့ညပိုင်းတွင် Villamor လေတပ်အခြေစိုက်စခန်းကို သွားရောက်ခဲ့သော်လည်း ဒူတာတေးအား တွေ့ဆုံနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှ တရားဝင်နုတ်ထွက်ခဲ့သည်။ (Xinhua)
—————-
(Chinese Version)
菲律宾总统:载有前总统杜特尔特的飞机正前往海牙
新华社马尼拉3月11日电(记者张怡晟 聂晓阳)菲律宾总统马科斯11日晚在新闻发布会上证实,载有菲律宾前总统杜特尔特的飞机当晚已起飞前往荷兰海牙。
马科斯在飞机离开菲律宾领空后不久召开新闻发布会。他说,杜特尔特11日上午返回首都马尼拉后,被拘留在位于马尼拉的比利亚莫尔空军基地。
菲律宾总统新闻办公室11日稍早时发表声明说,杜特尔特当天上午从境外返回,抵达马尼拉国际机场后被警方拘留。有关方面向杜特尔特出示了国际刑事法院的逮捕令。
菲律宾副总统莎拉·杜特尔特11日晚在社交媒体发表声明说,菲现政府基于国际刑事法院逮捕令而拘留其父亲、前总统杜特尔特的行为公然侮辱了菲律宾主权。据悉,她当晚前往比利亚莫尔空军基地,但未能见到杜特尔特。
菲律宾于2019年正式退出国际刑事法院。(完)
1. 这是3月11日在菲律宾马尼拉比利亚莫尔空军基地拍摄的载有菲律宾前总统杜特尔特的飞机。新华社/美联