North America
ကနေဒါ-အမေရိကန် ကုန်သွယ်ရေးမိတ်ဖက်ဆက်ဆံရေးက ယခင်လို မဟုတ်တော့ဟု ကနေဒါ အစိုးရအရာရှိပြောကြား

အော့တဝါ၊ မတ် ၄ ရက် (ဆင်ဟွာ)
အမေရိကန်က ကနေဒါအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီအမံ ပယ်ဖျက်သည့်တိုင် ကနေဒါနှင့် အမေရိကန်၏ ကုန်သွယ်ရေး မိတ်ဖက်ဆက်ဆံရေးသည် အရင်ကဲ့သို့ မဟုတ်တော့ဟု ကနေဒါ သဘာဝ သယံဇာတဝန်ကြီး Jonathan D. Wilkinson က မကြာသေးမီက ပြောကြားခဲ့သည်။
အမေရိကန်က ကနေဒါအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမည့် နေ့ရက် တစ်နေ့တခြား နီးကပ်လာချိန်တွင် Jonathan D. Wilkinson က မတ် ၂ ရက် ညပိုင်း၌ လူမှုမီဒီယာတွင် ဗီဒီယိုတင်၍ ကနေဒါသည် ၁၉၈၈ ခုနှစ်တွင် အမေရိကန်နှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးကတည်းက အမေရိကန်အား မိတ်ဆွေနှင့် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖြစ် အစဉ်အမြဲ သဘောထားကြောင်း၊ သို့သော် ယနေ့တွင် ကနေဒါအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုအား ပယ်ဖျက်သည့်တိုင် နှစ်နိုင်ငံ ဆက်ဆံရေးသည် အရင်ကဲ့သို့ ပြန်လည်ရောက်ရှိနိုင်မည်မဟုတ်ဟု ၎င်းက ယူဆကြောင်း ပြောကြားခဲ့သည်။
ကနေဒါအနေဖြင့် အမေရိကန်၏ စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုအား တုံ့ပြန်ချက်သည် အမေရိကန်ပြည်သူများကို ပူပန်မှုဖြစ်စေပြီး ထိုမှတစ်ဆင့် အမေရိကန်က ဆွေးနွေးမှုစားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိလာရေးအား တွန်းအားပေးရန်ဖြစ်သည်ဟု Jonathan D. Wilkinson ကဆိုသည်။
ကနေဒါက စီးပွားရေးကို ပိုမိုပြုလွယ်ပြင်လွယ်ဖြစ်စေသည့် လုပ်ပုံလုပ်နည်း လုပ်ဆောင်သင့်သည်ဟု ၎င်းက ယူဆသည်။ ယင်းမှာ ပထမအနေဖြင့် ဒေသတွင်းအကြား ကုန်သွယ်ရေး အတားအဆီးကို လျှော့ချခြင်း၊ ဒုတိယအနေဖြင့် အခြားနိုင်ငံများနှင့် ကုန်သွယ်မှုဆက်ဆံရေးအား နက်ရှိုင်းစွာဖော်ဆောင်ခြင်း၊ တတိယအနေဖြင့် ကနေဒါထုတ်ကုန်များ အခြားဈေးကွက်သို့ ပိုမိုလွယ်ကူစွာဝင်ရောက်နိုင်စေရန် ရထားလမ်းနှင့် ဆိပ်ကမ်းများ၏ အကျပ်အတည်းဖြစ်နေမှုကို ဖယ်ရှားခြင်း၊ စတုတ္ထအနေဖြင့် ကနေဒါ၏ စွမ်းအင်အခြေခံအဆောက်အအုံနှင့် တင်ပို့မှုအား ချဲ့ထွင်ရန် စဉ်းစားခြင်းတို့ပင် ဖြစ်သည်။
ထရမ့်သည် ဖေဖော်ဝါရီ ၁ ရက်တွင် အမိန့်ကြေညာချက်၌ လက်မှတ်ရေးထိုးခဲ့ရာ အဆိုပါအမိန့်အရ မက္ကဆီကိုနှင့် ကနေဒါ နှစ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ၎င်းအနက် ကနေဒါ၏ စွမ်းအင်ထုတ်ကုန်များအပေါ် တိုးမြှင့်ကောက်ခံမည့် စည်းကြပ်ခွန် ပမာဏသည် ၁၀ ရာခိုင်နှုန်းဖြစ်သည်။
အမေရိကန်၏ ကနေဒါကုန်ပစ္စည်းအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုကို တုံ့ပြန်ရန် ကနေဒါဒေါ်လာ ၁၅၅ ဘီလီယံ (၁ ကန်ဒေါ်လာ = ၁.၄၅ ကနေဒါဒေါ်လာခန့်) တန်ဖိုးရှိသော အမေရိကန်မှ ကနေဒါသို့ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုးက ထိုနေ့တွင်ပင် ကြေညာခဲ့သည်။
ထရမ့်က ဖေဖော်ဝါရီ ၃ ရက်တွင် နှစ်နိုင်ငံအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီအမံအား ရက် ၃၀ ရွှေ့ဆိုင်းလိုက်ပြီး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီအမံသည် မတ် ၄ ရက်တွင် အသက်ဝင်မည်ဖြစ်သည်။ (Xinhua)
…………………………
(Chinese Version)
加拿大官员:加美贸易伙伴关系已不复从前
新华社渥太华3月3日电(记者林威)加拿大自然资源部长威尔金森日前表示,即使美国取消对加拿大加征关税措施,加拿大和美国的贸易伙伴关系也已不复从前。
在美国对加拿大加征关税日期日益临近之际,威尔金森2日晚在社交媒体上发布视频说,加拿大自1988年与美国签署自由贸易协定以来一直将美国视为朋友和合作伙伴,但他认为如今即使取消加征关税,两国关系也不会回到从前。
威尔金森表示,加拿大对美国加征关税的回应是为了引起美国人的担忧,并促使美方回到谈判桌前。他认为,加拿大应采取让经济更具弹性的做法:一是减少地方之间的贸易壁垒;二是深化与其他国家的贸易关系;三是消除铁路和港口的瓶颈,使加拿大产品更容易进入其他市场;四是考虑扩大加拿大能源基础设施和出口。
美国总统特朗普2月1日签署行政令,对进口自墨西哥、加拿大两国的产品加征25%的关税,其中对加拿大能源产品的加税幅度为10%。加拿大总理特鲁多同日宣布,将对价值1550亿加元(1美元约合1.45加元)的美国输加产品加征25%的关税,以应对美国对加拿大产品加征关税。2月3日,特朗普宣布对加墨两国加征关税措施暂缓30天实施,并继续进行谈判。根据这一决定,相关加征关税措施将于3月4日生效。(完)