Asia
အင်ဒိုနီးရှားစစ်တပ် သက်တမ်းလွန် ခဲယမ်းမီးကျောက်များ ဖျက်ဆီးရာ၌ ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၁၃ ဦးသေဆုံး

ဂျကာတာ၊ မေ ၁၃ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Garut ခရိုင်ရှိ ကျေးရွာတစ်ရွာ၌ မေ ၁၂ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အချင်းဖြစ်ပွားချိန်တွင် စစ်သည်များက သက်တမ်းလွန် ခဲယမ်းမီးကျောက်များ ဖျက်ဆီးနေခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်သည် ၄ ဦးနှင့် အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ စစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် ထိုနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချင်းဖြစ်ပွားချိန်တွင် စစ်တပ်ဝန်ထမ်းများက ဒေသတွင်း သဘာဝအရင်းအမြစ် ကာကွယ်ထိန်းသိမ်းရေးဦးစီးဌာနပိုင် သတ်မှတ်ထားသောနေရာ၌ သက်တမ်းလွန် ခဲယမ်းမီးကျောက်တစ်သုတ်အား ဖျက်ဆီးနေခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသားတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် Wahyu Yudhayana က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုမတိုင်မီ နေရာနှစ်နေရာ၌ ဖျက်ဆီးရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ခဲ့ပြီး တတိယနေရာရှိ ဖောက်ခွဲရေးစက်ပစ္စည်းအား ပြင်ဆင်နေချိန်တွင် ရုတ်တရက် မတော်တဆဖြစ်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စစ်တပ်က စုံစမ်းစစ်ဆေးနေကြောင်း Wahyu Yudhayana က ပြောကြားခဲ့သည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Garut ခရိုင် ဆေးရုံတစ်ရုံ၌ ဝန်ထမ်းက သေဆုံးသူ စာရင်းအချက်အလက်အား စာရင်းကောက်နေသည်ကို မေ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ရဲစခန်း)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Garut ခရိုင် ဆေးရုံတစ်ရုံ၌ ထိခိုက်ဒဏ်ရာရသူ မိသားစုဝင်များက သတင်းစောင့်ဆိုင်းနေသည်ကို မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Garut ခရိုင် ဆေးရုံတစ်ရုံ၌ ထိခိုက်ဒဏ်ရာရသူ မိသားစုဝင်များက သတင်းစောင့်ဆိုင်းနေသည်ကို မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
印尼军方销毁过期弹药发生爆炸 13人死亡
新华社雅加达5月12日电(记者陶方伟)印度尼西亚军方12日说,西爪哇省加鲁特县一个村庄当天发生爆炸,事发时军人正在销毁过期弹药,爆炸造成4名军人和9名平民死亡。
印尼国民军发言人瓦希尤·尤达亚纳在新闻发布会上说,爆炸发生于当天上午,事发时,军方人员正在当地自然资源保护局所属的指定区域销毁一批过期弹药。
尤达亚纳说,前两处地点的销毁作业顺利完成,但在准备第三处地点的引爆装置时突发意外爆炸。军方正在调查爆炸原因。(完)
图说1、2:5月12日,在印度尼西亚西爪哇省加鲁特县一家医院,工作人员统计遇难者信息(手机照片)。新华社发(印尼西爪哇省警察局供图)
图说3、4:5月12日,在印度尼西亚西爪哇省加鲁特县一家医院,受伤者家属等候消息。新华社发(克劳迪奥摄)