Asia
အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ သေနတ်ပစ်ခတ်မှုကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ပါကစ္စတန် တိုက်တွန်း

အစ္စလာမ်မာဘတ်၊ မေ ၃ ရက် (ဆင်ဟွာ)
မကြာမီရက်ပိုင်းက ဖြစ်ပွားသော အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ သေနတ်ပစ်ခတ်မှုအပေါ် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယုံကြည်စိတ်ချသော၊ ပွင့်လင်းမြင်သာသောနှင့် သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က မေ ၂ ရက်တွင် ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။
အိန္ဒိယဘက်က မည်သည့်သက်သေအထောက်အထားမျှ မရှိသော အခြေအနေတွင် ပါကစ္စတန်နှင့် ယင်းကိစ္စကို ဆက်စပ်ရန် ကြိုးပမ်းသည်ဟု Shehbaz Sharif က ယင်းနေ့တွင် ပါကစ္စတန်နိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စု သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် အိန္ဒိယအစိုးရ၏ “လုံးဝအခြေအမြစ်မရှိသော စွပ်စွဲချက်” ကို ချေပပြောဆိုခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သောကြေညာချက်၌ ဖော်ပြထားသည်။ ပါကစ္စတန်နှင့် ယင်းကိစ္စ သက်ဆိုင်မှုမရှိကြောင်းနှင့် ချစ်ကြည်ရင်းနှီးသောနိုင်ငံများနှင့် ထိတွေ့ဆက်ဆံကာ ပါကစ္စတန်၏ ရပ်တည်ချက်ကို ရှင်လင်းပြောကြားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပါကစ္စတန်သည် အကြမ်းဖက်ဝါဒ၏ ဒုက္ခကို အကြီးအကျယ်ခံစားခဲ့ရကြောင်း၊ အိန္ဒိယဘက်၏ ယခုကာလများတွင် အတင်းအဓမ္မ အကျပ်ကိုင်သည့် အနေအထားနှင့် လုပ်ရပ်များသည် ပါကစ္စတန်က အနောက်ဘက်နယ်စပ်ဒေသတွင် စဉ်ဆက်မပြတ်လုပ်ဆောင်နေသော အကြမ်းဖက်တိုက်ဖျက်ရေး လှုပ်ရှားမှုများကို ဖျက်ဆီးလျက်ရှိကြောင်း Shehbaz Sharif က ပြောကြားခဲ့သည်။ ချစ်ကြည်ရင်းနှီးသော နိုင်ငံများအနေဖြင့် ကြားဝင်းစေ့စပ်မှုမှတစ်ဆင့် လက်ရှိ တင်းမာသည့်အခြေအနေကို ကူညီဖြေလျှော့ပေးပြီး တောင်အာရှဒေသ တည်ငြိမ်ရေး မြှင့်တင်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ဧပြီ ၂၂ ရက်တွင် အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ၌ ခရီးသွားဧည်သည့်များအား ပစ်မှတ်ထားသည့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရမှုအများအပြား ဖြစ်ပွားခဲ့သည်။ ထို့နောက် အိန္ဒိယနှင့် ပါကစ္စတန်တို့က တင်းမာသည့်အစီအမံများ ဆောင်ရွက်ခဲ့ရာ အခြေအနေများ အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ (Xinhua)
——————–
(Chinese Version)
巴方呼吁对印控克什米尔地区枪击事件进行国际调查
新华社伊斯兰堡5月2日电(记者杨恺)巴基斯坦总理夏巴兹2日再度呼吁国际社会对日前发生的印控克什米尔地区枪击事件进行可信、透明和中立的调查。
巴基斯坦总理办公室发表声明说,夏巴兹当天会见阿拉伯联合酋长国驻巴大使时驳斥了印度政府“毫无根据的指控”,指出印方在没有任何证据的情况下试图将巴基斯坦与此事件联系起来。他表示,巴基斯坦与此事无关,并正在与友好国家接触,阐明巴方立场。
夏巴兹表示,巴基斯坦深受恐怖主义之害,印方近期咄咄逼人的姿态和行为正在破坏巴基斯坦在西部边境持续开展的反恐行动。他呼吁友好国家通过斡旋帮助缓和当前紧张局势并促进南亚地区稳定。
4月22日,印控克什米尔地区发生针对游客的枪击事件,造成重大人员伤亡。随后印度与巴基斯坦均采取强硬措施,引发局势升级。(完)
1. 2021年10月11日,印度军人在印控克什米尔斯利那加街头执勤。新华社发(贾韦德·达尔摄)