Asia
နယ်စပ်ဒေသ တင်းမာမှုအခြေအနေ ဖြေလျှော့ရန် ထိုင်း-ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များဖြန့်ကြက်မှု ချိန်ညှိရန် သဘောတူ

ဘန်ကောက်/ ဖနွမ်းပင်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
ထိုင်း- ကမ္ဘောဒီးယား နှစ်နိုင်ငံသည် တင်းမာမှုအခြေအနေ ဖြေလျှော့ရန် ပြီးခဲ့သည့်လကုန်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သည့် နယ်စပ် အငြင်းပွားမှုရှိသောနေရာတွင် တပ်ဖွဲ့ဝင်များဖြန့်ကြက်သည့်နေရာကို ချိန်ညှိရန် သဘောတူညီခဲ့ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုံတန်က ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ကမ္ဘောဒီးယား အာဏာရပါတီ ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆင်ကလည်း ပဋိပက္ခဖြစ်ပွားနေရာဒေသ၏ စစ်ရေးအင်အားကို ချိန်ညှိရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။
ပေထုံတန်က ၎င်းနှင့် ကမ္ဘောဒီးယား ဆွေးနွေးညှိနှိုင်းခဲ့ရာ နှစ်ဖက်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှု အနေအထားကို လျှော့ချရန်၊ နှစ်နိုင်ငံ ပူးတွဲနယ်စပ်ရေးရာကော်မတီက ဇွန် ၁၄ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် အစည်းအဝေးတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ ဖန်တီးပေးရန် အငြင်းပွားမှုရှိသောနေရာတွင် တပ်ဖွဲ့ဝင်များဖြန့်ကြက်မှုကို ချိန်ညှိရန် သဘောတူခဲ့ကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ နှစ်ဖက်အနေဖြင့် အလွှာအဆင့်အသီးသီးတွင် ညှိနှိုင်းဆွေးနွေးမှုများ ထိန်းသိမ်းထားကာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်အနေအထားသို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိရန် ကြိုးစားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် တပ်ဖွဲ့များကို ၂၀၂၄ ခုနှစ်က ဆွေးနွေးသတ်မှတ်ထားသော နေရာသို့ ပြန်လည်ချိန်ညှိထားပြီးဖြစ်ကြောင်း၊ နှစ်ဖက်၏ အလွှာအဆင့်အသီးသီးတွင် ညှိနှိုင်းဆောင်ရွက်မှုက တင်းမာသော အခြေအနေကို ပြေလျော့စေခဲ့သလို နှစ်နိုင်ငံလုံးက ပဋိပက္ခလျော့နည်းစေပြီး ထိပ်တိုက်ရင်ဆိုင်မှု ရှောင်ကြဉ်ရန် အားထားဆောင်ရွက်ခဲ့ခြင်းကြောင့် နယ်စပ်ဒေသအခြေအနေမှာ ပိုမိုကောင်းမွန်လာရကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham က ကြေညာချက်ထုတ်ပြန်၍ အတည်ပြုခဲ့သည်။
ဟွန်ဆင်က အကြီးစားပဋိပက္ခများ ရှောင်ကြဉ်ရန် ပဋိပက္ခဖြစ်ပွားနေရာဒေသ၏ စစ်ရေးအင်အားကို ချိန်ညှိရန်လိုအပ်သည်ဟု ဇွန် ၈ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံပြည်သူများသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို စိတ်ရင်းမှန်ဖြင့် မျှော်လင့်ကြပြီး စစ်ပွဲကို မမြင်လိုကြကြောင်း၊ အစိုးရမှ ရှေ့တန်း စစ်ရေးအရာရှိ အလွှာအဆင့်အသီးသီးအားလုံးသည် ဆွေးနွေးမှုဖြင့် ဖြေရှင်းရေးနည်းလမ်းရှာဖွေရန် ကြိုးစားလျက်ရှိရာ လက်ရှိတွင် ဤကြိုးစားမှုများသည် ရလဒ်ကောင်းများ ရရှိလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်များသည် မေ ၂၈ ရက်တွင် နယ်စပ် အငြင်းပွားမှုရှိသောဒေသ၌ ခေတ္တပဋိပက္ခဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ရာ အဆိုပါပဋိပက္ခအတွင်း ကမ္ဘောဒီးယား စစ်သည်တစ်ဦး သေဆုံးခဲ့သည်။ ကမ္ဘောဒီးယား-ထိုင်း ပူးတွဲနယ်စပ်ရေးရာကော်မတီက နယ်စပ်ဆိုင်ရာပြဿနာများနှင့် စပ်လျဉ်း၍ ဇွန် ၁၄ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်၌ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားသည်။ (Xinhua)
……………………..
(Chinese Version)
泰柬同意调整军队部署以缓解边境紧张局势
新华社曼谷/金边6月8日电(记者林昊 吴长伟)泰国总理佩通坦8日说,泰柬双方已同意在上月底发生冲突的边境争议地点调整部队部署位置,以缓解紧张局势。同一天,柬埔寨执政党人民党主席、参议院主席洪森也表示,有必要调整冲突地区的军事力量。
佩通坦在社交媒体上发文说,她与柬方经过商讨,双方同意在有争议的地点调整部队部署,以降低对抗气氛,为两国联合边界委员会定于6月14日举行的会议创造合作氛围。她表示,双方在各个层级保持沟通,努力让两国关系早日回归正常。
泰国副总理兼国防部长普坦同日发表声明确认,泰柬双方已经把部队调整至2024年商定的位置。双方在各个层级的协调缓解了紧张局势,两国均致力于减少冲突并避免对抗,边境地区情况得以改善。
洪森8日在社交媒体发文说,为避免大规模冲突,有必要调整柬泰冲突地区的军事力量。他说,柬泰两国人民真心希望持久和平,不愿看到战争。从政府到前线军事指挥官,各层级都在努力通过对话寻求解决方案,目前这些努力正在取得成果。
柬埔寨和泰国军队5月28日在边境争议地区发生短暂冲突,交火持续约10分钟,1名柬埔寨士兵在冲突中死亡。柬泰联合边界委员会定于6月14日在柬首都金边就边界问题进行磋商。(完)
图说:2024年9月7日,泰国总理佩通坦·钦那瓦(前中)及新一届内阁成员在位于首都曼谷的总理府与媒体见面。新华社发(拉亨摄)