Connect with us

Asia

တရုတ်နိုင်ငံက အဇာဘိုင်ဂျန်နိုင်ငံ၏ အရေးပါသော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း အဇာဘိုင်ဂျန် သမ္မတ အီဟမ် အလီယက်ဗ် ဆို

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ အလီယက်ဗ်တို့ ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ အဆိုပါတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်တို့က “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အဇာဘိုင်ဂျန် သမ္မတနိုင်ငံ ပူးတွဲကြေညာချက်” ကို လက်မှတ်ရေးထိုးစဉ် (ဆင်ဟွာ)

ခန်ကန်ဒီ (အဇာဘိုင်ဂျန်)၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
အဇာဘိုင်ဂျန် သမ္မတ အီဟမ် အလီယက်ဗ်က ဇူလိုင် ၁၉ ရက်တွင် အဇာဘိုင်ဂျန်-တရုတ် ဆက်ဆံရေးကို အထူးတန်ဖိုးထားချီးကျူးခဲ့ပြီး တရုတ်နိုင်ငံသည် အဇာဘိုင်ဂျန်နိုင်ငံ၏ အရေးပါသော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ အီဟမ် အလီယက်ဗ်က အဇာဘိုင်ဂျန်နိုင်ငံ ခန်ကန်ဒီမြို့တွင် ဖွင့်လှစ်ကျင်းပသော တတိယအကြိမ်မြောက် Shusha ကမ္ဘာလုံးဆိုင်ရာမီဒီယာဖိုရမ်တွင် ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်နှင့် ၂၀၂၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပူးတွဲကြေညာချက် အသီးသီးဖြစ်သော တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည့် အဓိက သဘောတူညီစာချုပ် ၂ ခု အပါအဝင် လတ်တလော နှစ်ဖက်ဆက်ဆံရေး၏ အရေးပါသောကိစ္စရပ်များကို ၎င်းက ပြန်လည်သုံးသပ်ခဲ့ပြီး “ဒါက နှစ်နိုင်ငံကြား အပြန်အလှန်ယုံကြည်မှု အမြင့်ဆုံးအဆင့်ကို ရောက်ရှိတဲ့ အမှတ်သင်္ကေတပဲ” ဟု ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ ထောက်ခံကြောင်း အလီယက်ဗ်က အလေးထား ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအလားအလာ အလွန်ကျယ်ပြန့်တယ်” ဟု ယူဆကြောင်း အလီယက်ဗ်က တရုတ်အရာရှိများနှင့် အလွှာ၊ အဆင့်အသီးသီးတွင် အပြုသဘောဆောင်သော ဆွေးနွေးမှုများ လုပ်ဆောင်ခြင်းနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။ အဇာဘိုင်ဂျန်-တရုတ် ပြည်သူများကြား နှီးနှောဖလှယ်မှုသည် တိုးတက်လျက်ရှိကြောင်း၊ ယင်းမှာ တရုတ်နှင့် အဇာဘိုင်ဂျန် လက်မှတ်ရေးထိုးခဲ့သည့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှု အကျိုးကျေးဇူးကြောင့် ဖြစ်ကြောင်း၊ “ကျောင်းသား၊ ကုမ္ပဏီလုပ်ငန်းနှင့် ပြည်သူများကြား ဆက်သွယ်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း” ၎င်းက ထောက်ပြခဲ့သည်။

အဇာဘိုင်ဂျန်အနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်အား အခိုင်အမာထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အဇာဘိုင်ဂျန်သည် အပြန်အလှန်ချိတ်ဆက်မှုအား မြှင့်တင်ရန် လိုအပ်သော လမ်းပန်းဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ပြီးဖြစ်ကြောင်း အလီယက်ဗ်က ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်- တရုတ် ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကူးလူးမှုသည် အရှိန်မြင့်တိုးတက်လျက်ရှိပြီး အနာဂတ် နှစ်အနည်းငယ်အတွင်း ဆတိုးတိုးတက်မှုအရှိန်အဟုန်ဖြစ်ပေါ်လာမည်ကို ယုံကြည်ကြောင်း၊ ထို့အပြင် “အလယ်ပိုင်းစင်္ကြံ” အပါအဝင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအသစ်များသည် အဇာဘိုင်ဂျန်ကုန်စည်စီးစင်းမှုပမာဏကို တစ်ဆင့်တိုး မြင့်တက်လာပြီး ၎င်း၏ အရှေ့အနောက် ချိတ်ဆက်မှုအခန်းကဏ္ဍကို အားကောင်းစေမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အဇာဘိုင်ဂျန်-တရုတ် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးသည်လည်း စဉ်ဆက်မပြတ်နက်ရှိုင်းလျက်ရှိပြီး အဇာဘိုင်ဂျန် နေရောင်ခြည်စွမ်းအင်နှင့် လေအားစွမ်းအင်စသည့် အစိမ်းရောင်စွမ်းအင်ကဏ္ဍ တည်ဆောက်ရေးတွင် တရုတ်ကုမ္ပဏီလုပ်ငန်းများ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

၃ ရက်ကြာ ကျင်းပခဲ့သော တတိယအကြိမ်မြောက် Shusha ကမ္ဘာလုံးဆိုင်ရာမီဒီယာဖိုရမ် အခမ်းအနားကို ဇူလိုင် ၁၉ ရက်တွင် ခန်ကန်ဒီမြို့၌ ပိတ်သိမ်းခဲ့ပြီး ယခုအကြိမ်ဖိုရမ် ခေါင်းစဉ်မှာ “ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေး- ဉာဏ်ရည်တု (AI) ခေတ်တွင် သတင်းအချက်အလက်နှင့် မီဒီယာများ၏ ရေရှည်တည်တံ့မှုအားကို မြှင့်တင်ပေးခြင်း” ဖြစ်သည်။ (Xinhua)

…………………………………
(Chinese Version)
阿塞拜疆总统:中国是阿方重要战略伙伴
新华社阿塞拜疆汉肯德7月19日电(记者钟忠)阿塞拜疆总统阿利耶夫19日高度评价阿中关系,表示中国是阿方重要战略伙伴。
阿利耶夫是在阿塞拜疆汉肯德市开幕的第三届舒沙全球媒体论坛上回答新华社记者提问时作出这一表述。他回顾了近期双边关系中的重要事件,包括与中方签署的两项关键文件,分别是2024年签署的关于建立战略伙伴关系的联合声明和2025年签署的关于建立全面战略伙伴关系的联合声明。“这标志着两国之间相互信任已达到很高水平。”他说。
阿利耶夫强调,阿塞拜疆尊重中国的主权和领土完整,坚定支持一个中国政策。
阿利耶夫谈及与中方官员在各层级开展的积极对话,认为“两国合作前景广阔”。他指出,阿中民间交流正在增加,这得益于中国同阿塞拜疆签署互免签证协定,“将促进学生、企业家和公民之间的联系”。
阿利耶夫重申阿塞拜疆对“一带一路”倡议的坚定支持,并表示阿塞拜疆已建成必要的交通和物流基础设施以促进互联互通。
他指出,阿中贸易和运输往来正在迅速增长,相信未来几年将呈倍增态势。此外,包括“中间走廊”在内的新运输通道将进一步增加经阿塞拜疆的货物流量,并强化其作为东西方纽带的作用。
他表示,阿中能源合作也在不断深化,中国企业正积极参与阿塞拜疆太阳能和风能等绿色能源领域的建设。
7月19日,为期三天的第三届舒沙全球媒体论坛在汉肯德市拉开帷幕,本届论坛主题为“数字化转型:增强人工智能时代的信息和媒体的持续力”。(完)
图说:4月23日上午,国家主席习近平在北京人民大会堂同来华进行国事访问的阿塞拜疆总统阿利耶夫举行会谈。会谈后,两国元首共同签署《中华人民共和国和阿塞拜疆共和国关于建立全面战略伙伴关系的联合声明》。新华社记者 翟健岚 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.