Africa & Middle East
ပါလက်စတိုင်းနိုင်ငံအား စက်တင်ဘာလတွင် အသိအမှတ်ပြုမည်ဟု ကနေဒါ ကြေညာ

အော့တဝါ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
ကနေဒါသည် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ကာလကြာရှည် အစဉ်တစ်စိုက် ထောက်ခံအားပေးကြောင်း၊ စက်တင်ဘာလတွင် ကျင်းပမည့် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုရန် စီစဉ်ထားကြောင်း ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက ဇူလိုင် ၃၀ ရက် ကြေညာချက်တွင် ပြောကြားခဲ့သည်။
ပါလက်စတိုင်းနှင့် အစ္စရေး၏ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု ဖြစ်စဉ် ထိန်းသိမ်းရန် ခဲယဉ်းခြင်း၊ အရပ်သားပြည်သူများ ဒုက္ခအခက်အခဲခံစားရမှုများ တစ်နေ့တစ်ခြားပို၍ နက်ရှိုင်းလာခြင်း၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အလားအလာ စိုးရိမ်ဖွယ်ရှိခြင်းတို့ကြောင့် ကနေဒါနိုင်ငံအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုရန် စီစဉ်ထားကြောင်း ကြေညာချက်တွင် ထောက်ပြခဲ့သည်။
ဤဆုံးဖြတ်ချက်မှာ ပါလက်စတိုင်း၏ စီမံခန့်ခွဲမှုစနစ်အား လုံးဝပြုပြင်ပြောင်းလဲခြင်း၊ ၂၀၂၆ ခုနှစ်တွင် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) မပါဝင်သည့် ရွေးကောက်ပွဲ ကျင်းပခြင်း၊ ပါလက်စတိုင်းနိုင်ငံ စစ်ရေးအသွင်မရှိမှုကို ဖော်ဆောင်ခြင်း အပါအဝင် ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ Mahmoud Abbas ၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များတွင် အခြေခံကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။
ကြေညာချက်တွင် ဟားမက်စ်အား ဖမ်းဆီးထိန်းသိမ်းထားသူများကို ချက်ချင်း ပြန်လွှတ်ရန် တိုက်တွန်းထားပြီး လက်နက်ကိုင်မှုဖျက်သိမ်းရန်၊ ပါလက်စတိုင်းနိုင်ငံ၏ အနာဂတ် စီမံခန့်ခွဲမှုတွင် မည်သည့်အခန်းကဏ္ဍကမျှ မပါဝင်ရန် တောင်းဆိုထားသည်။
ယခုရက်ပိုင်းများတွင် ပြင်သစ်၊ ဗြိတိန် စသည့် နိုင်ငံအများအပြားက ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမည်ဟု ဆက်တိုက်ပြောကြားခဲ့သည်။ ဇူလိုင် ၂၄ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်က ပြင်သစ်နိုင်ငံအနေဖြင့် စက်တင်ဘာလ၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအား တရားဝင် အသိအမှတ်ပြုကြောင်း ကြေညာမည်ဟု ပြောကြားခဲ့သည်။ ဇူလိုင် ၂၉ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ်ရုံးက အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်၏ ထိတ်လန့်စိုးရိမ်ဖွယ်ရာ အခြေအနေကို အဆုံးသတ်ရန် လက်တွေ့လုပ်ဆောင်ခြင်းမရှိပါက၊ ထို့အပြင် ရေရှည်စဉ်ဆက်မပြတ်ဖြစ်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ကတိကဝတ်မပြုပါက ဗြိတိန်အနေဖြင့် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအခမ်းအနားမတိုင်မီ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
加拿大宣布将于9月承认巴勒斯坦国
新华社渥太华7月30日电(记者林威)加拿大总理卡尼30日发表声明说,加拿大长期以来一直支持“两国方案”,计划在9月召开的第80届联合国大会上承认巴勒斯坦国。
声明指出,鉴于巴勒斯坦和以色列和平谈判进程难以维持,平民遭受苦难日益加深,“两国方案”前景堪忧,加拿大计划在联合国大会上承认巴勒斯坦国。
声明说,这一决定基于巴勒斯坦民族权力机构主席阿巴斯做出的改革承诺,包括彻底改革其治理体系、于2026年举行没有巴勒斯坦伊斯兰抵抗运动(哈马斯)参与的大选、实现巴勒斯坦国非军事化等。
声明还呼吁哈马斯立即释放所有被扣押人员,并要求其解除武装,不得在巴勒斯坦国的未来治理中发挥任何作用。
近日来,法国、英国等多个国家相继表示将承认巴勒斯坦国。24日,法国总统马克龙宣布,法国将在9月召开的联合国大会上宣布正式承认巴勒斯坦国。29日,英国首相府发表声明说,如果以色列不采取实质性行动结束加沙地带骇人惨状,并承诺实现长期可持续和平,英国将在9月联合国大会开幕前承认巴勒斯坦国。(完)
1. 6月22日,巴勒斯坦民众在加沙城搬运援助物资。新华社发(里泽克·阿卜杜勒贾瓦德摄)