International Organizations
“နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ဖော်ဆောင်ရေးနှင့်စပ်လျဉ်းသည့် ကြေညာစာတမ်းအား ကုလသမဂ္ဂ ထုတ်ပြန်

ကုလသမဂ္ဂ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
ပါလက်စတိုင်းအရေး ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ဖော်ဆောင်ရေး အဆင့်မြင့် နိုင်ငံတကာ အစည်းအဝေးကို ဇူလိုင် ၃၀ ရက်က ကုလသမဂ္ဂတွင် ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေးတွင် ပါလက်စတိုင်းအရေး ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ဖော်ဆောင်ရေးဆိုင်ရာ နယူးယောက် ကြေညာစာတမ်းကို ကိုယ်စားလှယ် အဖွဲ့အသီးသီးက စိစစ်သုံးသပ်ပြီး ခွင့်ပြုရန် ဝေငှခဲ့သည်။
ကြေညာစာတမ်းတွင် စစ်မက်၊ နယ်မြေသိမ်းပိုက်မှု၊ အကြမ်းဖက်ဝါဒနှင့် မဖြစ်မနေနေရပ်စွန့်ခွာမှုများက ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆောင်ကြဉ်းပေးမည် မဟုတ်ကြောင်း၊ နိုင်ငံရေးဖြင့် ဖြေရှင်းရေးနည်းလမ်းသည်သာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အဆုံးသတ်ပြီး “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ဖော်ဆောင်ခြင်းသည် နိုင်ငံတကာဥပဒေအရ အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက်၏ တရားဝင်သဘောဆန္ဒကို ဖြည့်ဆည်းပေးသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသသည် ပါလက်စတိုင်းနိုင်ငံ၏ ခွဲခြားမရသော အစိတ်အပိုင်း ဖြစ်ရာ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနှင့် မုချမသွေပေါင်းစည်းရမည် ဖြစ်ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသသည် သိမ်းပိုက်ခံရခြင်း၊ ပိတ်ဆို့ခံရခြင်း၊ နယ်မြေပိုင်နက်လျှော့ချခံရခြင်း သို့မဟုတ် အတင်းအဓမ္မနေရပ်စွန့်ခွာစေခြင်း ဖြစ်၍ မရကြောင်း၊ ပါလက်စတိုင်း-အစ္စရေး အပစ်ရပ်ပြီးနောက် အသွင်ကူးပြောင်းရေး အုပ်ချုပ်ရေးကော်မတီ ချက်ချင်း မဖြစ်မနေ ဖွဲ့စည်းရမည် ဖြစ်ပြီး ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့၏ ဦးဆောင်မှုအောက်တွင် ဂါဇာကမ်းမြောင်ဒေသ၌ လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကြေညာစာတမ်းတွင် အလေးထားပြောကြားခဲ့သည်။
အစ္စရေးအနေဖြင့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အား အများသိအောင် အတိအလင်း ကတိပြုထောက်ခံအားပေးရန်နှင့် ပါလက်စတိုင်းသားများအား ဦးတည်သည့် အကြမ်းဖက်မှုနှင့် လှုံ့ဆော်သည့် လုပ်ရပ်များကို ချက်ချင်း ရပ်တန့်ရန် ကြေညာစာတမ်းက တိုက်တွန်းထားသည်။
ယခုအကြိမ်အစည်းအဝေးကို ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ငြိမ်းချမ်းစွာ ဖြေရှင်းမှုကို တွန်းအားပေးရန်နှင့် နိုင်ငံတကာ အသိုက်အဝန်းက “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အပေါ် ထောက်ခံမှုအား ထပ်မံဖော်ပြရန် ရည်ရွယ်ကာ ပြင်သစ်နှင့် ဆော်ဒီအာရေဗျ အစိုးရတို့က ကြီးမှူးကျင်းပခြင်း ဖြစ်သည်။
နိုင်ငံအသီးသီးအနေဖြင့် စက်တင်ဘာလဆန်းမတိုင်မီ အဆိုပါသက်ဆိုင်ရာ ရလဒ် စာရွက်စာတမ်းများကို ခွင့်ပြုစေလိုကြောင်း ဆော်ဒီအာရေဗျကိုယ်စားလှယ်က အစည်းအဝေးအနားယူရန် ကြေညာချိန်၌ ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
联合国就落实“两国方案”发布宣言
新华社联合国7月30日电(记者潘云召)和平解决巴勒斯坦问题和落实“两国方案”高级别国际会议7月30日在联合国闭幕。会议分发了关于和平解决巴勒斯坦问题及实施“两国方案”的纽约宣言,供各代表团审议批准。
宣言说,战争、占领、恐怖主义和被迫流离失所不会带来和平与安全。只有政治解决方案才能实现和平与安全。结束巴以冲突并实施“两国方案”是根据国际法满足以色列和巴勒斯坦双方合法愿望的唯一途径。
宣言强调,加沙地带是巴勒斯坦国不可分割的一部分,必须与约旦河西岸统一。加沙地带不得被占领、封锁、缩减领土或强迫流离失所。巴以停火后,必须立即成立过渡行政委员会,在巴勒斯坦民族权力机构的领导下在加沙地带开展工作。
宣言呼吁以色列公开、明确地承诺支持“两国方案”,并立即停止针对巴勒斯坦人的暴力和煽动行为。
此次会议由法国和沙特阿拉伯政府主办,旨在推动和平解决巴以冲突,并重申国际社会对“两国方案”的支持。沙特代表在宣布休会时说,希望各国在9月初之前批准该成果文件。(完)
1. 7月27日,在加沙地带北部城镇拜特拉希亚,人们领取通过边境口岸进入加沙的援助物资。 新华社发(里泽克·阿卜杜勒贾瓦德摄)