Connect with us

Asia

ဖမ်းဆီးခံထားရသည့် ကမ္ဘောဒီးယားစစ်သားများအား ထိုင်းနိုင်ငံ ပြန်လွှတ်ပေးရန် ကမ္ဘောဒီးယားတိုက်တွန်း

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ စစ်ဒေသတပ်မှူးများ တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Royal Thai Armed Forces/Handout via Xinhua)

ဖနွမ်းပင်/ဘန်ကောက်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
အပစ်ရပ်ရေး သဘောတူညီချက် အသက်ဝင်ပြီးနောက် ဖမ်းဆီးခံထားရသည့် ကမ္ဘောဒီးယားစစ်သားများကို ထိုင်းနိုင်ငံက ပြန်လွှတ်ပေးရန် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ဇူလိုင် ၂၉ ရက် နံနက်ပိုင်း ၇ နာရီ ၃၀ မိနစ်တွင် ထိုင်းစစ်သားများက ကမ္ဘောဒီးယားစစ်သား ၂၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Maly Socheata က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ကမ္ဘောဒီးယားဘက်မှ သေဆုံးသူစစ်သည်တစ်ဦး၏ ရုပ်အလောင်းကို လက်ခံရရှိပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စစ်သည် အယောက် ၂၀ လုံးနဲ့ ထိုင်းနိုင်ငံရဲ့ ထိန်းသိမ်းခြင်းခံထားရနိုင်တဲ့ အခြားစစ်သည်တွေကို ကမ္ဘောဒီးယားဆီ ပြန်လည်ပို့ဆောင်ဖို့ ကျွန်မတို့ တိုက်တွန်းပါတယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံနှင့် သက်ဆိုင်ရာကိစ္စရပ်များကို စေ့စပ်ညှိနှိုင်းလျက်ရှိသည်ဟု Maly Socheata က ပြောကြားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကမ္ဘောဒီးယားစစ်သားများကို ထိုင်းဘက်က စီမံရာတွင် နိုင်ငံတကာဥပဒေနှင့်ကိုက်ညီကြောင်း၊ ဥပဒေနှင့်အညီ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ပြီးမြောက်သည့်အခါ ယင်းစစ်သားများအား ကမ္ဘောဒီးယားဘက်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း ထိုင်းကြည်းတပ်က ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ၏ ကြီးမှူးကျင်းပမှုဖြင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ဇူလိုင် ၂၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းနေ့ ည ၁၂ နာရီမှစ၍ “ချက်ချင်း၊ ခြွင်းချက်မရှိအပစ်ရပ်ရန်” သဘောတူညီခဲ့ရာ နှစ်နိုင်ငံအကြား ရက်ပေါင်းဆက်တိုက် ဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခကို အဆုံးသတ်ခဲ့သည်။ (Xinhua)

———————
(Chinese Version)
柬埔寨呼吁泰国释放被俘柬军士兵
新华社金边/曼谷7月31日电(记者吴长伟 林昊)柬埔寨国防部发言人马莉淑洁达7月31日说,柬埔寨呼吁泰国释放在停火协议生效后被俘的柬军士兵。
马莉淑洁达在新闻发布会上说,29日上午7时30分,泰国士兵控制了21名柬军士兵。
她说,到目前为止,柬方已收到一名阵亡士兵的遗体,“我们呼吁泰方尽快将所有20名军人遣返回柬埔寨,以及其他可能受泰国控制的军人。”
马莉淑洁达表示,在东盟轮值主席国马来西亚的斡旋下,柬埔寨正就有关问题与泰国进行谈判。
泰国陆军7月31日表示,泰方对被拘押柬方士兵的处置符合国际法,一旦依法完成相关程序,这些士兵将被送还柬方。
在马来西亚总理安瓦尔主持下,柬埔寨和泰国7月28日举行会谈并同意从当日24时起“立刻且无条件”停火,结束两国持续数日的边境冲突。(完)
1. 这是7月29日在泰柬边境地区拍摄的泰柬两国军区指挥官会谈现场。新华社发(泰国陆军供图)