Africa & Middle East
“ဂါဇာမြို့ လက်လွဲယူမည့် အစီအစဉ်ကို မြှင့်တင်လုပ်ဆောင်သွားမည်” ဟု နေတန်ယာဟု ဆို

ဂျေရုဆလမ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
အစ္စရေးပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုနှင့် ရင်ဆိုင်နေရချိန်တွင် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက ဩဂုတ် ၁၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ဂါဇာမြို့ လက်လွှဲယူမည့် အစီအစဉ်ကို မြှင့်တင်လုပ်ဆောင်သွားမည်ဟု ပြောကြားနေဆဲဖြစ်သည်။
လက်ရှိတွင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ၏ ၇၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းခန့်ရှိသော ဒေသများကို ထိန်းချုပ်ပြီးဖြစ်ကြောင်း၊ ဂါဇာမြို့နှင့် Al Mawasi တစ်လျှောက်ရှိ အလယ်ပိုင်း ဒုက္ခသည်စခန်းအတွင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ အဓိက အခြေစိုက်စခန်းနှစ်ခုရှိကြောင်း၊ အစ္စရေး လုံခြုံရေးအစိုးရအဖွဲ့က ဤကျန်ရှိသော ဟားမက်စ်အခြေစိုက်စခန်းနှစ်ခုကို “အမြစ်ပြတ် ဖယ်ရှား” ရန် အစ္စရေးစစ်တပ်အား အမိန့်ပေးခဲ့ပြီးဖြစ်ကြောင်း နေတန်ယာဟုက ဂျေရုဆလမ်မြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယင်းမှာ “စစ်ပွဲကို လျင်မြန်စွာ အဆုံးသတ်ရန် အကောင်းဆုံးနည်းလမ်း” ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။
နေတန်ယာဟုက စစ်ရေးလှုပ်ရှားမှု၏ တိကျသော အချိန်ဇယားမပေးခဲ့ဘဲ “ပိုမိုတိုတောင်းတဲ့ အချိန်အတွင်း” စစ်ပွဲကို အဆုံးသတ်မည်ဟု ဆိုခဲ့သည်။
နိုင်ငံအများအပြားမှ မီဒီယာများ၏ ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရာတွင် အစ္စရေးစစ်တပ်သည် ဂါဇာတွင် ငတ်မွတ်ခေါင်းပါးရေးမူဝါဒကို အကောင်အထည်ဖော်မှုအပေါ် နေတန်ယာဟုက ငြင်းဆိုနေဆဲဖြစ်သည်။
အစ္စရေး လုံခြုံရေးအစိုးရအဖွဲ့က နေတန်ယာဟု၏ “ဟားမက်စ်အား အနိုင်တိုက်ရေး” ဆိုင်ရာ အစီအစဉ်ကို အတည်ပြုပေးခဲ့ပြီး အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဂါဇာမြို့ကို လက်လွှဲယူရန် အသင့်ပြင်နေကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံအများအပြားနှင့် နိုင်ငံတကာ အဖွဲ့အစည်းက ဤဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း ဖော်ပြခဲ့ပြီး “စစ်ပွဲ အစီအစဉ်” ကို ချက်ချင်း ရပ်တန့်ရန် အစ္စရေးဘက်အား တိုက်တွန်းခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသမြေပုံအား ဖန်သားပြင်ပေါ်တွင် ညွှန်ပြနေသည်ကို ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(Chinese Version)
内塔尼亚胡称“将推进接管加沙城计划”
新华社耶路撒冷8月10日电(记者冯国芮 王卓伦)面对以色列国内及国际社会广泛谴责,以色列总理内塔尼亚胡10日在对外国媒体的记者会上仍表示将推进接管加沙城计划。
内塔尼亚胡在耶路撒冷举行的记者会上说,目前以军已控制加沙地带约70%至75%地区,巴勒斯坦伊斯兰抵抗运动(哈马斯)在加沙城和位于马瓦西一带的中部难民营内保有两个主要据点。以色列安全内阁已下令以军“拆除”两个剩余哈马斯据点。内塔尼亚胡称,这是“快速结束战争的最佳方式”。
内塔尼亚胡没有给出军事行动的具体时间表,称将“在较短时间内”结束战争。
面对多国媒体的指责,内塔尼亚胡仍否认以军在加沙实施饥饿政策。
以色列总理办公室8日说,以安全内阁已批准内塔尼亚胡关于“击败哈马斯”的计划,以军准备接管加沙地带北部的加沙城。多个国家和国际组织发声谴责这一决定,敦促以方立即停止“战争计划”。(完)
图文1:8月10日,以色列总理内塔尼亚胡在耶路撒冷举行的记者会上用手指向屏幕中的以色列被扣押人员(手机照片)。新华社记者 冯国芮 摄
图说2:8月10日,以色列总理内塔尼亚胡在耶路撒冷举行的记者会上用手指向屏幕中的加沙地带地图(手机照片)。新华社记者 冯国芮 摄