Africa & Middle East
ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းအတွက် တရုတ်နိုင်ငံက ကြီးမားသည့် အကျိုးဆောင်ကြဉ်းခဲ့သည်ဟု ကင်ညာမီဒီယာ ဆို

နိုင်ရိုဘီ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အား နိုင်ငံတကာအသိုင်းအဝိုင်း အတူတကွ အောက်မေ့ အထိမ်းအမှတ်ပြုကြသည့်အခါသမယတွင် ဤစစ်ပွဲကို ပို၍ညီမျှပြီး ကျယ်ပြောသည့် ရှုထောင့်မှ တစ်ဖန်ပြန်လည် စမ်းစစ်သင့်ကြောင်း၊ တရုတ်နိုင်ငံ၏ ရွပ်ရွပ်ချွံချွံ ရဲဝံ့စွာ ခုခံတော်လှန်မှုနှင့် ဤစစ်ပွဲအောင်နိုင်ရေးအပေါ် ၎င်း၏ ကြီးမားသော အကျိုးဆောင်မှုကို ပြန်လည်သုံးသပ်သင့်ကြောင်း ကင်ညာနိုင်ငံ ပင်မမီဒီယာ The Star ၏ ဩဂုတ် ၈ ရက်က ထုတ်ပြန်သော သတင်းထောက် Alfred Onyango ရေးသားသည့် သုံးသပ်သူဆောင်းပါးတွင် ဖော်ပြထားသည်။ ဆောင်းပါး အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ ပြီးဆုံးခဲ့သည်မှာ နှစ်ပေါင်း ၈၀ ရှိပြီဖြစ်သော်လည်း သမိုင်း၏ အကြောင်းအရာအများစုမှာ ကျဉ်းမြောင်းသည့် အနောက်တိုင်းဗဟိုပြုဝါဒ ရှုထောင့်၏ ဖုံးလွှမ်းမှုကို ခံနေရဆဲဖြစ်သည်။ ယင်းကဲ့သို့ “ပင်မအကြောင်းအရာဖော်ပြမှု” ဟု ဆိုရာတွင် ဖက်ဆစ်နှင့် စစ်ဝါဒအား ခုခံတိုက်ခိုက်မှု ဖြစ်စဉ်တွင် တရုတ်နိုင်ငံနှင့် အခြားသော ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်မှုကို လျစ်လျူရှုလေ့ရှိကြသည်။ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲသည် ကမ္ဘာ့ ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲ၏ ဗဟိုစစ်ကြောင်းနှင့် အရေးကြီးမဏ္ဏိုင်ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲ၏ အရှေ့တိုင်း ပင်မစစ်မျက်နှာစာဖြစ်သည်။
ကင်ညာနှင့် အခြားသော ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် တရုတ်နိုင်ငံနှင့် အလားတူ သမိုင်းအဖြစ်အပျက် ရှိကြရာ ပြည်ပကျူးကျော်သူများ၏ ကျူးကျော်သိမ်းပိုက်မှုနှင့် အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းရန် တိုက်ပွဲဝင်မှု အတွေ့အကြုံများကို ဖြတ်သန်းခဲ့ရသည်။ ဒုတိယကမ္ဘာစစ် ပေါက်ကွဲဖြစ်ပွားသည့် အဓိကအကြောင်းရင်းများအနက် တစ်ခုမှာ အနောက်အင်အားကြီးနိုင်ငံများက ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရင်းအမြစ်နှင့် ဈေးကွက်ထိန်းချုပ်ခွင့်ကို လုယူကြခြင်းကြောင့် ဖြစ်သည်။ စစ်ပွဲကာလတွင် ယင်းဒေသများ၏ လူအင်အားနှင့် အရင်းအမြစ်များ မကြာခဏ ထင်သလို လုယူခံခဲ့ရသည်။ သို့သော် ဖက်ဆစ်တော်လှန်ရေးစစ်ပွဲဖြစ်စဉ်တွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက အမျိုးသားရေးလက်ခံမှုအသိနှင့် နိုင်ငံရေး ကိုယ်ပိုင်ရပ်တည်မှုအသိ ခံစားချက်များ အပြည့်အဝ အသစ်ပွင့်လန်းလာခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ ကြီးမြတ်သော အောင်နိုင်မှု၏ အားပေးမှုအောက်တွင် အင်အားကြီးမားသည့် အမျိုးသားလွတ်လပ်ရေး ဒီရေလှိုင်းသည် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတစ်ခွင် ပျံ့နှံ့ခဲ့သည်။ အနောက်အင်အားကြီးနိုင်ငံများက အခြားနိုင်ငံများအပေါ် အတင်းအကျပ်ပေးအပ်ထားသည့် ကိုလိုနီစည်းစနစ် တစ်စစီပြိုကွဲခဲ့ပြီး ကုလသမဂ္ဂကို ဗဟိုပြုသည့် စစ်ပွဲအလွန် နိုင်ငံတကာ စည်းစနစ်သည် ကမ္ဘာ့ဖက်ဆစ်တောင်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း၏ ရေရှည်အမွေအနှစ်ဖြစ်လာသလို ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၏ အခြေခံအုတ်မြစ်လည်း ဖြစ်ခဲ့သည်။
ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းကို အထိမ်းအမှတ်ပြုအောက်မေ့ရာတွင် သမိုင်းရှုထောင့် ပြင်ဆင်ရေးဝါဒ (Historical Revisionism) ကို စွန့်လွှတ်ရမည် ဖြစ်ပြီး သမိုင်း၏ဖြစ်ရန်မှန်ကို ပြန်လည်ပုံဖော်ရမည် ဖြစ်သည်။ အချို့လူများက တရုတ်နိုင်ငံ စသည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အခန်းကဏ္ဍကို မှေးမှိန်အောင် သို့မဟုတ် ပုံပြောင်းအောင်၊ သို့မဟုတ် ကျူးကျော်သူကို နစ်နာသူအဖြစ် သရုပ်ဖော်ရန် ကြိုးပမ်းခြင်း လုပ်ဆောင်ခဲ့ရာ ယင်းတို့မှာ အသက်သွေးချွေးဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်စတေးခဲ့သည့် အာဇာနည်များအပေါ် စော်ကားခြင်း ဖြစ်သည်။ အချို့သော အကြောင်းအရာ ဖော်ပြမှုများမှာ ဝင်ရိုးတန်းနိုင်ငံများ၏ စစ်ပွဲနောက်ဆုံးအဆင့်ကာလတွင် ကြုံတွေ့ဖြတ်သန်းရသည့် အကြောင်းကိစ္စများ၊ ဥပမာအားဖြင့် အဏုမြူဗုံးကြဲခံရခြင်းကိုသာ အလေးပေးဖော်ပြကြပြီး ၎င်းတို့၏ ကျူးကျော်စစ်ဆင်နွှဲသည့် တာဝန်နှင့် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို မျက်ကွယ်ပြုထားသည်။ ဤကဲ့သို့ ပုံပြောင်းသည့် အကြောင်းအရာဖော်ပြမှု မူဘောင်သည် တရုတ်ပြည်သူများ ခံစားခဲ့ရသည့် ဒုက္ခအခက်ခဲနှင့် ၎င်းတို့၏ ကျူးကျော်မှုအပေါ် ရဲဝံ့စွာ ခုခံတော်လှန်ခဲ့ခြင်း၏ တရားနည်းလမ်းကျမှန်ကန်မှုကို ဖုံးကွယ်ထားခဲ့ပေသည်။ (Xinhua)
——————-
(Chinese Version)
全球瞭望|肯尼亚媒体:中国为世界反法西斯战争胜利作出巨大贡献
新华社内罗毕8月10日电(记者严钰景)肯尼亚主流媒体《星报》8日刊发记者奥尼扬戈·孔扬戈撰写的评论员文章说,值此国际社会共同纪念世界反法西斯战争胜利80周年之际,应当以更加平衡和广阔的视角重新审视这场战争,并正确评价中国的英勇抵抗及其对这场战争胜利所作出的巨大贡献。文章摘要如下:
世界反法西斯战争结束已80年,但其历史的大部分内容仍然被狭隘的西方中心主义视角所掩盖。这种所谓“主流叙事”往往忽视了中国和其他全球南方国家在抗击法西斯和军国主义过程中发挥的决定性作用。中国人民抗日战争是全球反法西斯斗争的中心阵线和重要支柱。中国是全球反法西斯斗争的东方主战场。
肯尼亚以及其他全球南方国家与中国有着相似的历史遭遇,都经历了外国侵略者的占领和争取民族解放斗争的历程。第二次世界大战爆发的主要原因之一是西方列强争夺对全球南方资源和市场的控制权。战争期间,这些地区的人力和资源经常被肆意掠夺。然而,在反法西斯战争过程中,全球南方国家焕发了全新的民族认同感和政治自主意识。
二战结束后,在世界反法西斯战争伟大胜利的鼓舞下,强大的民族独立浪潮席卷亚洲、非洲和拉丁美洲。西方列强强加给他国的殖民秩序分崩离析,以联合国为中心的战后国际秩序是世界反法西斯战争胜利的持久遗产,也是全球和平与稳定的基石。
纪念世界反法西斯战争胜利,要摒弃历史修正主义,还原历史真相。有一些人试图淡化或歪曲中国等全球南方国家的作用,或将侵略者描绘成受害者,这都是对那些浴血奋战的先烈的亵渎。一些叙事只关注轴心国在战争最后阶段所经历的事情,例如遭原子弹轰炸,而忽视了它们发动侵略的责任和犯下的战争罪行。这种歪曲的叙事框架掩盖了中国人民所遭受的苦难和他们奋起反抗侵略的道义正当性。(完)
1. 2025年7月17日,驻华外交官在参观展览。 当日,应外交部邀请,来自百余个驻华使馆和国际组织的160多位驻华外交官来到位于北京卢沟桥畔的中国人民抗日战争纪念馆,参观纪念中国人民抗日战争暨世界反法西斯战争胜利80周年主题展览《为了民族解放与世界和平》。 新华社记者 陈晔华 摄