Connect with us

International Organizations

ဂါဇာအား သိမ်းပိုက်မည့် အစ္စရေး၏ ကြံစည်မှုကို အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ ကိုယ်စားလှယ်က အလေးထား ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော လုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း-အစ္စရေး အရေးကိစ္စ အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပါဝင်ဆွေးနွေးနေသည်ကို ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ဂါဇာအား သိမ်းပိုက်မည့် အစ္စရေး၏ ကြံစည်မှုကို မဖြစ်မနေ အခိုင်အမာ ကန့်ကွက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဩဂုတ် ၁၀ ရက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း-အစ္စရေး အရေးကိစ္စ အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးစဉ်တွင် အလေးထား ပြောကြားခဲ့သည်။

ဂါဇာပဋိပက္ခ ၂၂ လကြာဆက်လက်ဖြစ်ပွားခြင်းကြောင့် ဂါဇာပြည်သူပေါင်း ၆၁,၀၀၀ ကျော်သေဆုံးခဲ့ပြီး မကြုံစဖူးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်ပွားခဲ့ရကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဂါဇာစစ်ပွဲရပ်တန့်ရန် ထပ်တလဲလဲ တိုက်တွန်းခဲ့သော်လည်း အခြေအနေမှာ ပိုမိုအန္တရာယ်များသောလားရာဆီသို့ စဉ်ဆက်မပြတ် တိုးတက်လျက်ရှိကြောင်း၊ လက်ရှိအရေးတကြီးအခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းသည် လိုအပ်သော လှုပ်ရှားမှုအားလုံးကို ပိုမိုကြီးမားသော ကပ်ဘေးမဖြစ်ပွားမီ မဖြစ်မနေ ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ပထမအနေဖြင့် ဂါဇာကို သိမ်းပိုက်ရန် ကြံစည်မှုအား မဖြစ်မနေ အခိုင်အမာ ကန့်ကွက်ရမည်ဖြစ်ကြောင်း၊ မကြာသေးမီရက်များတွင် အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့သည် ဂါဇာအား လက်လွှဲယူမည့် အစီအစဉ်ကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံအနေဖြင့် ပြင်းထန်စွာ စိုးရိမ်ပူပန်မိကြောင်း၊ အစ္စရေးအား အန္တရာယ်ရှိသော လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း၊ ဂါဇာသည် ပါလက်စတိုင်းပြည်သူများ ပိုင်ဆိုင်ပြီး ပါလက်စတိုင်းပိုင်နက်၏ ခွဲခြား၍မရသော အစိတ်အပိုင်းဖြစ်ရာ ဂါဇာလူဦးရေနှင့် နယ်မြေပိုင်နက်ဖွဲ့စည်းပုံအား ပြောင်းလဲမည့် မည်သည့်လုပ်ရပ်ကိုမဆို မဖြစ်မနေ ခိုင်မာစွာ ဆန့်ကျင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် လက်နက်အားကိုးခြင်း အတွေးအခေါ်အား မဖြစ်မနေ စွန့်လွှတ်ရမည်ဖြစ်ကြောင်း၊ စစ်ရေးနည်းလမ်းသည် ပြဿနာဖြေရှင်းရန် ထွက်လမ်းမဟုတ်ကြောင်း၊ ချက်ချက်းအပစ်ရပ်စဲရေးသာလျှင် လူ့အသက်များကိုကယ်တင်ရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ လွတ်မြောက်ရန် မှန်ကန်သောနည်းလမ်း ဖြစ်ကြောင်း၊ အစ္စရေးအစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်တွင်းပြည်သူများ၏ တိုက်တွန်းသံများကို ထည့်သွင်းစဉ်းစားသင့်ပြီး တင်းမာသော အခြေအနေအား ပိုမိုဆိုးရွားအဆင့်မြင့်စေသော အပြုအမူများကို ချက်ချင်းရပ်တန့်ကာ ဂါဇာအပေါ် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်သင့်ကြောင်း၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများအပေါ် အဓိက ဩဇာလွှမ်းမိုးမှုရှိသော နိုင်ငံများက တရားမျှတ၍ တာဝန်ယူမှုရှိသော သဘောထားကို လက်ကိုင်ထားကာ အပစ်ရပ်ရေး တွန်းအားပေးရန် လက်တွေ့ကျသော လုပ်ဆောင်မှုများ ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကို မဖြစ်မနေ ဖြေလျှော့ရမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်အသွင်ပြောင်းခြင်း၊ ဂါဇာပြည်သူများအား စုပေါင်း ပြစ်ဒဏ်ပေးခြင်း၊ အထောက်အပံ့ပစ္စည်းများ ရှာဖွေနေသော အရပ်သားများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများကို တိုက်ခိုက်ခြင်းတို့မှာ လက်မခံနိုင်ကြောင်း၊ အစ္စရေးသည် သိမ်းပိုက်သူဘက်၏ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်နေရာအားလုံးကို ဖွင့်လှစ်ရန်၊ အထောက်အပံ့ပစ္စည်းများ ဝင်ရောက်မှုဆိုင်ရာ ကန့်သတ်ချက်များ ရုပ်သိမ်းရန်၊ ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ကျယ်ကျယ်ပြန့်ပြန့် လျင်မြန်လုံခြုံစွာ ဝင်ရောက်မှုကို သေချာစေရန်၊ ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့် ကိုက်ညီသောနည်းလမ်းဖြင့် ပံ့ပိုးကူညီဆောင်ရွက်ခြင်းကို ထောက်ခံအားပေးရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အလားအလာကို မဖြစ်မနေ ပြန်လည်တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” ကို အကောင်အထည်ဖော်ခြင်းသည် ပါလက်စတိုင်းပြဿနာ ဖြေရှင်းရန်နှင့် ပါလက်စတိုင်း-အစ္စရေးတို့ကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ရရှိရန် တစ်ခုတည်းသော အလားအလာရှိသည့် လမ်းကြောင်းဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” နိုင်ငံရေးဖြစ်စဉ်ကို အရှိန်မြှင့် တွန်းအားပေး၍ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အခြေခံအား ထိခိုက်စေမည့် မည်သည့်တစ်ဖက်သတ်လုပ်ဆောင်မှုများကိုမဆို အတူတကွ ဆန့်ကျင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတူ ဆက်လက်၍ ဂါဇာစစ်မီးငြှိမ်းသတ်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး ဖြေလျှော့စေရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” လက်တွေ့ဖော်ဆောင်ရေးအား တွန်းအားပေးကာ နောက်ဆုံးတွင် ပါလက်စတိုင်းပြဿနာကို ဘက်စုံ၊ တရားမျှတသော၊ ရေရှည်တည်တံ့သော ဖြေရှင်းမှုရရှိစေရန် အတူတကွ ကြိုးစားသွားမည်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)


……………………..
(Chinese Version)
中国代表强调必须坚决反对以色列占领加沙的企图
新华社联合国8月10日电 中国常驻联合国代表傅聪10日在安理会巴以问题紧急公开会上发言,强调必须坚决反对以色列占领加沙的企图。
傅聪说,加沙冲突延宕22个月,已经造成6.1万多名加沙民众死亡和前所未有的人道灾难。国际社会反复呼吁加沙停火止战,但局势正持续向更加危险的方向发展。面对当前紧迫局势,国际社会,包括安理会必须在更大的灾难发生前采取一切必要行动。
第一,必须坚决反对占领加沙的企图。近日以色列安全内阁批准接管加沙城计划。中方对此表示严重关切,敦促以色列立即停止危险举动。加沙属于巴勒斯坦人民,是巴勒斯坦领土不可分割的一部分,任何改变加沙人口及领土结构的行为都必须予以坚决抵制。
第二,必须放弃武力至上的迷思。军事手段不是解决问题的出路,立即停火才是拯救生命、让被扣押人员获释的正确方式。以政府应当听取国际社会和国内民众的呼声,立即停止加剧紧张局势升级的行为,停止对加沙的军事行动。对当事方有重要影响力的国家应秉持公正负责任态度,采取切实行动推动停火。
第三,必须缓解加沙人道灾难。人道物资武器化不可接受,集体惩罚加沙民众不可接受,袭击寻找物资的平民和人道工作者不可接受。以色列必须履行占领方的国际人道法义务,开放全部过境点,解除对物资准入的限制,保障人道物资大规模、迅速、安全进入加沙,支持联合国以符合人道主义原则的方式开展援助。
第四,必须重振“两国方案”前景。落实“两国方案”是解决巴勒斯坦问题、实现巴以和平共处的唯一可行出路。国际社会应加大努力推进“两国方案”政治进程,共同抵制任何破坏“两国方案”基础的单边行动。
傅聪说,中方将继续同国际社会共同努力,推动平息加沙战火、缓解人道灾难、落实“两国方案”,最终实现巴勒斯坦问题的全面、公正、持久解决。(完)
图说:8月10日,在位于纽约的联合国总部,中国常驻联合国代表傅聪(前排中)在安理会巴以问题紧急公开会上发言。新华社记者 谢锷 摄