Connect with us

Australia / Oceania

ပါလက်စတိုင်းနိုင်ငံအား စက်တင်ဘာလအတွင်း အသိအမှတ်ပြုမည်ဟု ဩစတြေးလျ ဝန်ကြီးချုပ် ပြော

ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီ၏ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲ ထုတ်လွှင့်ချက်အား လက်ပ်တော့မျက်နှာပြင်၌ ပြသထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ဩစတြေးလျနိုင်ငံအနေဖြင့် စက်တင်ဘာလအတွင်း ကျင်းပမည့် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပါလက်စတိုင်းနိုင်ငံအား ‌တရားဝင် အသိအမှတ်ပြုသွားမည်ဟု ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီက ဩဂုတ် ၁၁ ရက်၌ ကြေညာခဲ့သည်။
ကန်ဘာရာမြို့ရှိ ပါလီမန်အဆောက်အအုံ၌ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်နှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ အယ်လ်ဘာနီစီက ဩစတြေးလျအနေဖြင့် ပါလက်စတိုင်းလူထု၏ သီးခြားနိုင်ငံအဖြစ် ရပ်တည်ပိုင်ခွင့်ကို အသိအမှတ်ပြုသွားမည်ဟု ပြောကြားခဲ့သည်။
“နှစ်နိုင်ငံဖြေရှင်းနည်းဟာ အရှေ့အလယ်ပိုင်းဒေသမှာ အကြမ်းဖက်မှုသံသရာကို ဖျောက်ဖျက်ပစ်ဖို့နဲ့ ဂါဇာဒေသရဲ့ ငတ်မွတ်ခေါင်းပါးမှု၊ အတိဒုက္ခနဲ့ ပဋိပက္ခကို အဆုံးသတ်စေဖို့ လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ဩဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ရာ၌ နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းအတွက် အရှိန်အဟုန် ဖြည့်တင်းပေးလျက်ရှိသော ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု တစ်စိတ်တစ်ဒေသအဖြစ် ပါလက်စတိုင်းနိုင်ငံ ဖြစ်တည်မှုအား အသိအမှတ်ပြုမည့် အစီအစဉ်ကို ထောက်ခံအတည်ပြုခဲ့သည်ဟု အယ်လ်ဘာနီစီက ဆိုသည်။
ဗြိတိန်၊ ပြင်သစ်၊ နယူးဇီလန်၊ ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များအပြင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်တို့နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က အစ္စရေး၏ တည်ရှိခွင့်ကို အသိအမှတ်ပြုကာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး စစ်ရေးလှုပ်ရှားမှုများ ချုပ်ငြိမ်းစေရေးအတွက် လုပ်ဆောင်သွားမည်ဟု ဩစတြေးလျအား ကတိပြုခဲ့ကြောင်း အယ်လ်ဘာနီစီက ပြောကြားခဲ့သည်။
ဂါဇာဒေသအား အကူအညီပေးပို့မှုများကို အစ္စရေးက ဟန့်တားခြင်း၊ အနောက်ဘက်ကမ်းဒေသ၌ ရွှေ့ပြောင်းအခြေချ နေထိုင်သူများ၏ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းတို့အပေါ် ဩစတြေးလျ ဝန်ကြီးချုပ်က ထပ်မံဝေဖန်ပြစ်တင်ခဲ့ပြီး ဂါဇာဒေသ၏ လူသားချင်းစာနာမှု အခြေအနေမှာ ကမ္ဘာကြီး၏ အကြီးမားဆုံး စိုးရိမ်မှုများထက်ပင် ကျော်လွန်နေပြီဟု ရည်ညွှန်းပြောဆိုခဲ့သည်။
“သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေတွေကို တိုက်ခိုက်သိမ်းယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပါလက်စတိုင်း လူထုကို အတင်းအဓမ္မနည်းနဲ့ အပြီးတိုင် ဖယ်ရှားပစ်ဖို့ အဆိုပြုတာတွေ ရှိပါတယ်။ အဲဒီလုပ်ရပ်တွေနဲ့ ဂါဇာဒေသရဲ့ လူသားချင်းစာနာမှု ကပ်ဘေးကြီးဟာ နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းကို မျိုးဆက်တစ်ခုစာလောက်အထိ အလှမ်းဝေးသွားစေနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
မကြာသေးမီ သီတင်းပတ်များအတွင်း အယ်လ်ဘာနီစီနှင့် ၎င်း၏ လေဘာပါတီအစိုးရ အကြီးတန်းအဖွဲ့ဝင်များက အစ္စရေးအပေါ် ဝေဖန်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကာ အပစ်အခတ် ရပ်စဲရေးအတွက် တိုက်တွန်းခဲ့ပြီးနောက် ဩဂုတ် ၁၁ ရက်၌ ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)


……………………………
(English Version)
Australia to recognize Palestinian state in September: PM
CANBERRA, Aug. 11 (Xinhua) — Australia will formally recognize a Palestinian state at the 80th session of the United Nations General Assembly in September, Prime Minister Anthony Albanese announced on Monday.
Speaking at a press conference at Parliament House in Canberra alongside Foreign Affairs Minister Penny Wong, Albanese said that Australia will recognize the “right” of the Palestinian people to a “state of their own.”
“A two-state solution is humanity’s best hope to break the cycle of violence in the Middle East and to bring an end to the conflict, suffering and starvation in Gaza,” he said.
Albanese said that his cabinet met on Monday morning and endorsed the move to recognize Palestinian statehood as part of a “coordinated global effort” building momentum for a two-state solution.
He said that the decision followed conversations with leaders in Britain, France, New Zealand and Japan as well as Israeli Prime Minister Benjamin Netanyahu and Palestinian President Mahmoud Abbas.
The Palestinian Authority has promised Australia that it would recognize Israel’s right to exist, hold general elections and demilitarize, Albanese said.
The prime minister reiterated criticism of Israel’s withholding of aid in Gaza and of increased settler violence in the West Bank, describing the humanitarian situation in Gaza as “beyond the world’s worst fears.”
“There have been threats to annex the occupied Palestinian territories and proposing the permanent forced displacement of the Palestinian people. These actions, together with the humanitarian catastrophe in Gaza, risk putting a two-state solution out of reach for a generation,” he said.
Monday’s announcement came after Albanese and senior members of his Labor Party government escalated criticism of Israel, and called for a ceasefire, in recent weeks. ■
English Caption
This laptop screen shows a broadcast of Australian Prime Minister Anthony Albanese’s press conference on Aug. 11, 2025. (Xinhua/Ma Ping)