Connect with us

Europe

တရုတ်စီးပွားရေးအလားအလာအပေါ် အကောင်းမြင်ကြောင်း ဗြိတိန် စီးပွားရေးပညာရှင် ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Xiaomi ကားစက်ရုံ အလုပ်ရုံလိုင်းတွင် အလုပ်လုပ်နေသည့် စက်ရုပ်များအား ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီးပွားရေး၏ အခြေခံက တည်ငြိမ်ကောင်းမွန်ပြီး ရင်းနှီးမြှုပ်နှံမှုထိရောက်နှုန်း မြင့်မားသလို သုတေသနပြု ထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုများသည် စဉ်ဆက်မပြတ် တိုးတက်လာရာ တရုတ်စီးပွားရေးသည် တည်ငြိမ်၊ ကောင်းမွန်စွာ တိုးတက်မည်ဟု ယုံကြည်ကြောင်း ဗြိတိန်စီးပွားရေးပညာရှင်၊ လန်ဒန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး မူဝါဒဌာန ဒါရိုက်တာဟောင်း John Ross က မကြာမီရက်ပိုင်းက ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ယခုနှစ် ပထမနှစ်ဝက် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ယမန်နှစ်ကာလတူထက် ၅.၃ ရာခိုင်နှုန်း တိုးမြင့်လာရာ တည်ငြိမ်ကောင်းမွန်သည့် စီးပွားရေးအခြေခံကို ပြသခဲ့ကြောင်း John Ross က ဆိုသည်။
တရုတ်နိုင်ငံက အတန်အသင့်မြင့်မားသည့် ရင်းနှီးမြှုပ်နှံမှု ထိရောက်နှုန်းကို ထိန်းထားပြီး သုတေသနပြုထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုကို စဉ်ဆက်မပြတ် တိုးချဲ့လျက်ရှိသလို နည်းပညာအဆင့်မြှင့်တင်မှုကို ဆက်တိုက် တွန်းအားပေးလျက်ရှိကြောင်း၊ ယင်းမှာ စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်ရေးကို အထောက်အပံ့ဖြစ်စေကြောင်း ၎င်းက ထောက်ပြ ပြောကြားခဲ့သည်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ ယခုနှစ် မတ်လတွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများကို ကိုးကား၍ John Ross က တရုတ်နိုင်ငံအနေဖြင့် GDP တွင် ပါဝင်သည့် ၂၀၂၃ ခုနှစ် သုတေသနပြုထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးတွင် အမြင့်မားဆုံးဖြစ်ပြီး G7 အဖွဲ့၏ နိုင်ငံအများအပြားကို ကျော်လွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဒရုန်း၊ ဉာဏ်ရည်တုနည်းပညာ တချို့၊ ဘတ်ထရီနည်းပညာ စတဲ့ ကဏ္ဍတွေမှာ တရုတ်က နောက်ကလိုက်သူ မဟုတ်တော့ဘဲ ဦးဆောင်သူဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ကုန်စည်ကုန်သွယ်ရေးတွင် အကြီးဆုံးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို ဆက်လက်တွန်းအားပေးဆောင်ရွက်ကာ ကမ္ဘာတစ်ဝန်းသို့ ဈေးကွက်တံခါး တက်ကြွစွာ ဖွင့်လှစ်ထားကြောင်း၊ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းရေး တွန်းအားပေးမှုကို အားထားဆောင်ရွက်လျက်ရှီရာ ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှု ဖြစ်စဉ်၏ အချက်အချာကျသည့် အင်အားဖြစ်နေပြီ ဖြစ်ကြောင်း John Ross က သတင်းထောက်အား ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
英国经济学家:看好中国经济前景
新华社伦敦8月11日电(记者高文成)英国经济学家、伦敦经济与商业政策署前署长约翰·罗斯(中文名:罗思义)日前接受新华社记者采访时说,中国经济基本面稳健,投资效率高,研发投入不断增加,相信中国经济将保持稳健发展。
罗思义表示,中国今年上半年国内生产总值(GDP)同比增长5.3%,展现了稳健的经济基本面。他指出,中国保持较高的投资效率,不断加大研发投入,持续推进技术升级,这有助于经济持续增长。
罗思义援引经济合作与发展组织今年3月发布的数据说,中国2023年研发投入占GDP的比重在所有发展中国家中最高,而且超过了七国集团中的多个国家。“中国在无人机、部分人工智能技术、电池技术等多个领域已不再是追随者,而成了引领者。”
罗思义告诉记者,作为全球货物贸易第一大国,中国持续推动高水平对外开放,积极向全世界开放市场,致力于推进经济全球化,已经成为全球化进程的关键力量。(完)
1. 2025年6月16日,机器人在北京小米汽车工厂车间流水线上工作。 (配本社同题文字稿) 新华社记者 郑焕松 摄