Connect with us

Africa & Middle East

သတင်းထောက်အပေါ် အကြမ်းဖက်သည့်လုပ်ရပ်အား ရှုတ်ချကြောင်း၊ ဂါဇာတွင် စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန် အစ္စရေးအား တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ဂါဇာမြို့တွင် သတင်းထောက် ဈာပနအခမ်းအနားသို့ တက်ရောက်လာကြသူများအား ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
ပေကျင်းစံတော်ချိန် ဩဂုတ် ၁၁ ရက် နံနက်အစောပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် Al Jazeera ရုပ်မြင်သံကြားလိုင်းမှ သတင်းထောက် ၅ ဦး သေဆုံးခဲ့ရရာ တရုတ်နိုင်ငံအနေဖြင့် ပဋိပက္ခအတွင်း ကံမကောင်းစွာ သေဆုံးခဲ့သော သတင်းထောက်များအတွက် ဝမ်းနည်းပူဆွေးရကြောင်း၊ သတင်းထောက်အပေါ် အကြမ်းဖက်သည့်လုပ်ရပ်အား ရှုတ်ချကြောင်း၊ ဂါဇာတွင် စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန် အစ္စရေးအားတိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပြောကြားခဲ့သည်။
သတင်းထုတ်ပြန်ချက်အရ ပေကျင်းစံတော်ချိန် ဩဂုတ် ၁၁ ရက် နံနက်အစောပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် Al Jazeera ရုပ်မြင်သံကြားလိုင်းမှ သတင်းထောက် ၅ ဦး သေဆုံးခဲ့ရကြောင်း၊ အစ္စရေးက စစ်ရေးလှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသည့်အချိန်မှစ၍ သတင်းထောက် ၂၃၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း၊ အစ္စရေး၏ လှုပ်ရှားမှုများအပေါ် တရုတ်နိုင်ငံ မည်သို့မှတ်ချက်ပြုလိုပါသနည်း၊ အချို့သောနိုင်ငံများက ဂါဇာဒုက္ခသည်များကို ကူညီရန်အစီအမံများ အဆိုပြုခဲ့သော်လည်း ယင်းက ၁၉၄၈ ခုနှစ်တွင် ပါလက်စတိုင်းသားများစွာ နေရပ်စွန့်ခွာသည့် သမိုင်းပြန်လည် ဖြစ်ပွားစေနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းသားများ၏ ဝမ်းနည်းဖွယ်သမိုင်းကြောင်း ထပ်မံဖြစ်ပွားခြင်းမှ တားဆီးနိုင်ရေး အစီအမံများဖော်ဆောင်ရန် ဆန္ဒရှိပါသလော၊ တရုတ်နိုင်ငံအနေဖြင့် မည်သည့် ကြိုးစားမှုများ လုပ်ဆောင်သွားမည်နည်းဟု သတင်းထောက်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
လျင်ကျန့်က မိမိတို့အနေဖြင့် ပဋိပက္ခအတွင်း ကံမကောင်းစွာ သေဆုံးခဲ့သော သတင်းထောက်များအပေါ် ဝမ်းနည်းပူဆွေးရကြောင်း၊ တရုတ်နိုင်ငံသည် အရပ်သားပြည်သူများ ထိခိုက်စေသော အပြုအမူအားလုံးကို ကန့်ကွက်ကြောင်း၊ သတင်းထောက်များအပေါ် အကြမ်းဖက်သည့်လုပ်ရပ်အား ရှုတ်ချကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဂါဇာတွင် စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ဝင်ရောက်ခွင့်ကို အပြည့်အဝ ပြန်လည်ရရှိစေရန်၊ ပိုမိုကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတားမြစ်ရန်၊ တင်းမာမှုအခြေအနေအမြန်ဆုံးပြေလျော့ရေး တွန်းအားပေးရန် အစ္စရေးအား တိုက်တွန်းကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
…………………………………….
(Chinese Version)
外交部:谴责针对新闻记者的暴力行为 敦促以色列立即停止在加沙的军事行动
新华社北京8月11日电 据报道,北京时间11日凌晨,以色列在一起空袭中杀害了五名半岛电视台的记者,外交部发言人林剑11日表示,中方对记者在冲突中不幸遇难表示哀悼,谴责针对新闻记者的暴力行为,敦促以色列立即停止在加沙的军事行动。
有记者问:据报道,北京时间11日凌晨,以色列在一起空袭中杀害了五名半岛电视台的记者。自从以色列发动大规模军事行动以来,已经有237名记者丧生。中方对以色列的行动有何评论?一些国家提出了帮助加沙难民的措施,但这可能导致1948年巴勒斯坦人大流散的历史重演。中方是否愿意采取措施防止巴勒斯坦人的历史悲剧再次发生?中方将作出哪些努力?
林剑说,我们对记者在冲突中不幸遇难表示哀悼。中方反对一切伤害平民的行为,谴责针对新闻记者的暴力行为。
林剑表示,中方敦促以色列立即停止在加沙的军事行动,全面恢复人道物资准入,防止更大规模的人道主义危机,推动紧张局势尽快降温。(完)
图说:8月11日,人们在加沙城参加遇难记者的葬礼。新华社发(里泽克·阿卜杜勒贾瓦德摄)