Connect with us

North America

အမေရိကန် ဖက်ဒရယ်အစိုးရက ရဲဌာနအား လက်လွှဲယူသည့် လုပ်ရပ်သည် “စိုးရိမ်စရာဖြစ်စေ” ဟု ဝါရှင်တန် မြို့တော်ဝန် ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အမေရိကန် သမ္မတ ထရမ့် (အလယ်) အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၏ မြို့တော်ဝန် Muriel Bowser က ဩဂုတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲ၌ သမ္မတ ထရမ့်က ထိုနေ့တွင် ဖက်ဒရယ်အစိုးရမှ မြို့တော်ရဲဌာနအား လက်လွှဲယူကြောင်း အမိန့်ချသည့် လုပ်ရပ်သည် “စိုးရိမ်စရာဖြစ်စေ” ပြီး “ယခင်ကမရှိခဲ့ဖူး” ကြောင်း ပြောကြားခဲ့သည်။
ထရမ့်၏ ဝါရှင်တန်အပေါ် အမြင်သည် ၎င်းက ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းနှင့် ကပ်ရောဂါ ပြီးဆုံးခါစ ဒေသတွင်း အတွေ့အကြုံ၏ သက်ရောက်မှုခံရသည်ဟု Muriel Bowser က ယူဆပြီး ထိုစဉ်က အဆိုပါမြို့မှ တစ်နိုင်ငံလုံးအထိ အကြမ်းဖက် ပြစ်မှုကျူးလွန်မှုများ များစွာမြင့်တက်သွားခဲ့သည်။ သို့သော် ဝါရှင်တန်၏ အကြမ်းဖက် ပြစ်မှုကျူးလွန်မှုနှုန်းသည် လက်ရှိတွင် နှစ်ပေါင်း ၃၀ အတွင်း အနည်းဆုံးသို့ ကျဆင်းသွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထရမ့်က ဝါရှင်တန် “ပြစ်မှုကျူးလွန်မှု အရေးပေါ်အခြေအနေ” သို့ ဝင်ရောက်သည်ဟူသော အကြောင်းပြချက်ဖြင့် မြို့တော်ရဲဌာနအား လက်လွှဲယူရန် အမိန့်ချသည့် ပြောဆိုချက်အပေါ် Muriel Bowser က “ကိုလံဘီယာခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ” သည် သမ္မတအား အရေးပေါ် အခြေအနေ ဆုံးဖြတ်ရန် လုပ်ပိုင်ခွင့် အပ်နှင်းထားကြောင်း၊ “ကျွန်တော်တို့က ဒီအပေါ် မေးခွန်းထုတ်လို့ရပါတယ်။ ဒါပေမဲ့ ဒီလုပ်ပိုင်ခွင့်က တော်တော်‌လေး ကျယ်ပြန့်ပါတယ်” ဟု တုံ့ပြန်ပြောကြားခဲ့သည်။ ဝါရှင်တန်မြို့အစိုးရသည် ဖက်ဒရယ်အစိုးရ သက်ဆိုင်ရာဌာနနှင့်အတူ ချိတ်ဆက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုခဲ့သည်။
ထရမ့်က ထိုနေ့အစောပိုင်းတွင် အိမ်ဖြူတော်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ၎င်းအနေဖြင့် “ကိုလံဘီယာခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ” ကို ကိုးကား၍ မြို့တော်ရဲဌာနအား ဖက်ဒရယ်အစိုးရ၏ တိုက်ရိုက်စီမံခန့်ခွဲမှုအောက်တွင် ထားရှိကြောင်း ကြေညာခဲ့သည်။ ထိုမတိုင်မီ အစောပိုင်းတွင် ထရမ့်က ဝါရှင်တန်အား “ပြစ်မှုကျူးလွန်မှု အရေးပေါ်အခြေအနေ” ဝင်ရောက်ကြောင်း ကြေညာရန် အမိန့်ချခဲ့ပြီး ခရိုင်၏ ပြစ်မှုကျူးလွန်မှုသည် “ထိန်းချုပ်၍မရတော့” ကြောင်းလည်း ဆိုခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် ဝါရှင်တန်တွင် တရားဥပဒေစည်းစနစ်နှင့် အများပြည်သူလုံခြုံရေး ပြန်လည်ဖော်ဆောင်မှုအား ကူညီပေးရန်အတွက် အမျိုးသားအစောင့်တပ်ဖွဲ့အား ဖြန့်ကြက်နေရာချထားနေကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယင်းသည် ရီပက်ဘလစ်ကန်ပါတီဝင် သမ္မတဖြစ်သည့် ထရမ့်က ယခုနှစ် ဇန်နဝါရီလတွင် စတင်တာဝန် ထမ်းဆောင်လာကတည်းက လော့စ်အိန်ဂျလိစ်ပြီးနောက် ဒီမိုကရက်တစ်ပါတီ အဓိကအုပ်ချုပ်သည့်မြို့တွင် ဒုတိယအကြိမ်အဖြစ် အမျိုးသားအစောင့်တပ် ဖြန့်ကြက်နေရာချထားခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ထောက်ပြထားသည်။ (Xinhua)

————————
(Chinese Version)
美华盛顿市长称联邦政府接管警局行为“令人不安”
新华社华盛顿8月11日电(记者熊茂伶)美国首都华盛顿市长缪里尔·鲍泽11日在新闻发布会上说,总统特朗普当天下令联邦政府接管首都警察局的行为“令人不安”且“前所未有”。
鲍泽认为,特朗普对华盛顿的看法受他在新冠疫情期间及疫情刚结束时在当地经历的影响,那时这座城市乃至全国的暴力犯罪率都出现激增。但华盛顿的暴力犯罪率现已降至30年来最低点。
针对特朗普以华盛顿进入“犯罪紧急状态”为由下令接管首都警察局的说法,鲍泽回应说,《哥伦比亚特区自治法》赋予总统决定紧急状态条件的权力,“我们可以对其提出质疑,但这项权力相当宽泛”。华盛顿市政府将同联邦政府相关部门进行接洽。
特朗普当天早些时候在白宫召开新闻发布会,宣布他已援引《哥伦比亚特区自治法》,将首都警察局置于联邦直接管控之下。稍早前,特朗普下令,宣布华盛顿进入“犯罪紧急状态”,称特区的犯罪已经“失控”。
特朗普还在新闻发布会上表示,他正在部署国民警卫队,以协助华盛顿恢复法律秩序和公共安全。美国媒体指出,这是特朗普这名共和党籍总统今年1月上任以来继洛杉矶后第二次在民主党主政的城市部署国民警卫队。(完)
图说:8月11日,美国总统特朗普(中)在华盛顿白宫出席新闻发布会。新华社记者 胡友松 摄