Connect with us

Europe

အမေရိကန်-ရုရှား အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ဥရောပ အကြီးအကဲများနှင့် ထရမ့် ဆွေးနွေးညှိနှိုင်းမည်

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့၌ ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေးကာလအတွင်း မီဒီယာများနှင့် အတူတွေ့ဆုံနေသော ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီး၊ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေးနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် (ဝဲမှယာ) တို့အား ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်/ဘရပ်ဆဲလ်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်-ရုရှား အကြီးအကဲများ၏ ယခုသီတင်းပတ် တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန် စသည့် ဥရောပနိုင်ငံများ၊ နေတိုး (NATO) နှင့် ဥရောပသမဂ္ဂ၏ အကြီးအကဲတို့နှင့် ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးသည် ဩဂုတ် ၁၃ ရက်တွင် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် ဗီဒီယိုအစည်းအဝေး ကျင်းပရန် စီစဉ်ထားကြောင်း ဂျာမနီနိုင်ငံအစိုးရ၏ ဩဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်သည် ထရမ့်၊ ဇယ်လန်းစကီး၊ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေး၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်၊ ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်၊ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမား စသည့် ဥရောပနိုင်ငံ အကြီးအကဲများအား အဆိုပါအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြား၍ ယူကရိန်းအခြေအနေအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Stefan Cornelius က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန် အကြီးအကဲများက အဆိုအရေးကြီးအစည်းအဝေးကို ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း Euronews က သတင်းဖော်ပြခဲ့သည်။ အီတလီ၊ ပိုလန်၊ ဖင်လန်နိုင်ငံ အကြီးအကဲနှင့် ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာတို့သည်လည်း အဆိုပါအစည်းအဝေး တက်ရောက်မည်ဟု မျှော်မှန်းရသည်။
အစည်းအဝေးတွင် ရုရှားအပေါ် တစ်ဆင့်တိုး ဖိအားပေးမှု၊ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် သက်ဆိုင်ရာ ပိုင်နက်မြေနှင့် လုံခြုံရေး အကြောင်းအရာများအား အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း Stefan Cornelius က ဆိုသည်။
အစည်းအဝေးတက်ရောက်မည့် ဥရောပနိုင်ငံ၊ ဥရောပသမဂ္ဂ အကြီးအကဲနှင့် ဇယ်လန်းစကီးတို့သည် ဩဂုတ် ၁၃ ရက်တွင် ဗီဒီယိုအစည်းအဝေးတစ်ကြိမ် ရှေးဦးစွာကျင်းပ၍ ရပ်တည်ချက်အား ညှိနှိုင်းသွားမည်ဖြစ်ကြောင်း Stefan Cornelius က ပြောကြားခဲ့သည်။
ယူကရိန်းအကျပ်အတည်းနှင့် သက်ဆိုင်သည့် သံတမန်နည်းဖြင့် ဖြေရှင်းရေးနည်းလမ်းမှန်သမျှသည် ဥရောပနှင့် ယူကရိန်း၏ အရေးကြီး လုံခြုံရေး အကျိုးစီးပွားကို မဖြစ်မနေ ကာကွယ်ရမည် ဖြစ်ကြောင်း အထက်ပါ ဥရောပနိုင်ငံ အကြီးအကဲများနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့က ဩဂုတ် ၉ ရက်တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တစ်ခု၌ တိုက်တွန်းခဲ့သည်။
ဥရောသမဂ္ဂအနေဖြင့် ရုရှားအပေါ် ၁၉ ကြိမ် ဒဏ်ခတ်အရေးယူမှု အစီအမံများစွာ ချမှတ်သွားမည်ဖြစ်ပြီး ယူကရိန်းအတွက် ပိုမိုများပြားသည့် စစ်ရေးအရ ထောက်ပံ့မှုများ ပံ့ပိုးပေးကာ ယူကရိန်း၏ ဘတ်ဂျက်လိုအပ်ချက်နှင့် ဥရောပသမဂ္ဂတွင် ပါဝင်သည့်လုပ်ငန်းစဉ်အပေါ် ပံ့ပိုးမှု မြှင့်တင်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Kaja Kallas က ဩဂုတ် ၁၁ ရက်တွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အွန်လိုင်းအစည်းအဝေးပြီးနောက် ပြောကြားခဲ့သည်။
ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ဩဂုတ် ၁၁ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းသည် ထိုနေ့တွင် ရုရှားနိုင်ငံ ပထမ ဒုတိယဝန်ကြီးချုပ် Denis Manturov နှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဩဂုတ် ၁၅ ရက်တွင် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ အမေရိကန်-ရုရှား အကြီးအကဲ တွေ့ဆုံဆွေးနွေးမှု ကျင်းပမည့်အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ရုရှား-ယူကရိန်းပဋိပက္ခအား ဖြေရှင်းမှုသည် မဖြစ်မနေ ဆွေးနွေးညှိနှိုင်းရေးစားပွဲတွင် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ သို့သော် ဥရောပသမဂ္ဂအတွင်းမှ “စစ်ပွဲအားပေးသည့် နိုင်ငံရေးသမား” များက “ငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းသည့်လမ်း” အား ဖျက်ဆီးရန် ကြိုးပမ်း၍ အဆိုပါထိပ်သီးအစည်းအဝေးတွင် ရလဒ်ရရှိမှုအား တားဆီးရန် လုပ်ဆောင်နေကြောင်း၊ ဟန်ဂေရီအနေဖြင့် အဆိုပါကြိုးပမ်းမှုကို အစွမ်းကုန် တားဆီးသွားမည်ဖြစ်ကြောင်း Peter Szijjarto က ပြောကြားခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သော အမေရိကန် သမ္မတ ထရမ့် (ယာ) နှင့် ရုရှား သမ္မတ ပူတင်တို့အား ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Xinhua/AP)

———————-
(Chinese Version)
欧洲领导人拟在美俄首脑会晤前与特朗普会商
新华社柏林/布鲁塞尔8月11日电(记者邰思聪 陈斌杰)德国政府11日发布的消息显示,美俄首脑本周会晤前,德法英等欧洲国家、北约和欧盟的领导人以及乌克兰总统泽连斯基13日拟同美国总统特朗普举行视频会议。
德国政府发言人斯特凡·科内柳斯在一份声明中说,德国总理默茨拟邀请特朗普、泽连斯基、北约秘书长吕特、欧盟委员会主席冯德莱恩及法国总统马克龙、英国首相斯塔默等欧洲国家领导人参加这场会议,讨论乌克兰局势。
据欧洲新闻电视台报道,德法英领导人将主持这场紧急会议。预计意大利、波兰、芬兰领导人和欧洲理事会主席科斯塔也将参会。科内柳斯说,会议将重点讨论进一步对俄施压、俄乌和平谈判及相关领土和安全议题。
科内柳斯说,与会欧洲国家、欧盟领导人和泽连斯基13日还将先行举行一场视频会议,协调立场。上述欧洲国家领导人和冯德莱恩9日在一份联合声明中呼吁,任何有关乌克兰危机的外交解决方案都必须保护欧洲和乌克兰的重大安全利益。
欧盟外交与安全政策高级代表卡拉斯11日在欧盟外交部长紧急线上会议后称,欧盟将制定第19轮对俄制裁一揽子措施,为乌克兰提供更多军事支持,并加大对乌克兰预算需求和加入欧盟进程的支持。
匈牙利外交部长西雅尔多11日在社交媒体上发文说,他当天与俄罗斯第一副总理曼图罗夫通电话,对美俄首脑会晤15日将在美国阿拉斯加州举行表示欢迎。西雅尔多说,化解俄乌冲突必须在谈判桌上解决。但欧盟内部的“主战政客”试图破坏“通往和平之路”并阻挠这场峰会取得成果,匈牙利将尽全力阻止这一企图。(完)
1、6月24日,在荷兰海牙,欧洲理事会主席科斯塔、乌克兰总统泽连斯基、北约秘书长吕特和欧盟委员会主席冯德莱恩(从左至右)在北约峰会期间共见记者。新华社记者 赵丁喆 摄
2、这是2019年6月28日在日本大阪拍摄的参加G20峰会的美国总统特朗普(右)和俄罗斯总统普京。新华社/美联