Connect with us

Africa & Middle East

ဂါဇာစစ်ဆင်ရေး အဆင့်သစ်သို့ ရောက်ရှိဟု အစ္စရေးစစ်တပ် ပြောကြား

ဂါဇာမြို့တွင် ဝေဟင်မှတစ်ဆင့် အထောက်အပံ့ပစ္စည်းများ ပစ်ချပေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ၌ စစ်ဆင်ရေးသည် အဆင့်သစ်သို့ ရောက်ရှိပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ် စစ်ဦးစီးချုပ် Eyal Zamir က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

Eyal Zamir က ယင်းနေ့တွင် အစ္စရေး ကာကွယ်ရေးတပ် တိုက်ပွဲဝင်အသင့်အနေအထား အခြေအနေသုံးသပ်ရေး အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ရာ အစည်းအဝေး၏ရည်ရွယ်ချက်မှာ အစ္စရေးစစ်တပ်၏ နှစ်ပတ်လည်လုပ်ငန်းအစီအစဉ် ရေးဆွဲသတ်မှတ်ရန် ဖြစ်ကြောင်း သိရသည်။
အစ္စရေး လုံခြုံရေး ကက်ဘိနပ်၏ ဆုံးဖြတ်ချက်များအရ “ကျွန်တော်တို့က ဂါဇာစစ်ဆင်ရေး အဆင့်သစ်ရဲ့ အစပျိုးမှုကို ရောက်ရှိနေပြီဖြစ်တယ်” ဟု ၎င်းက အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က သတ်မှတ်ထားသော ရည်မှန်းချက်နှင့်ကိုက်ညီသည့် အကောင်းဆုံးနည်းလမ်းကို ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ အသက်အိုးအိမ်ကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည် ဖြစ်ပြီး ၎င်းတို့အား လုံခြုံဘေးကင်းစွာ နေရပ်သို့ ပြန်ခေါ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခင် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်နှင့် ရာဖာဒေသများကဲ့သို့ပင် “အစ္စရေးစစ်တပ်က ဂါဇာမြို့အပေါ် စစ်ဆင်ရေးထိန်းချုပ်မှုကို ဖော်ဆောင်သွားနိုင်ကြောင်း” Eyal Zamir က ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်က “ယင်းနေရာတွင် မြေပြင်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ဖူးရာ မိမိတို့အနေဖြင့် နောက်တစ်ကြိမ် ထပ်မံလုပ်ဆောင်နိုင်ကြောင်း” ၎င်းက ဆိုသည်။

လက်ရှိအခြေအနေသည် ယခင်က မကြုံခဲ့ဖူးကြောင်း၊ အစ္စရေးစစ်တပ်က “စစ်ရေးချဲ့ထွင်ရန်အတွက် အသင့်ပြင်ထား” ရမည် ဖြစ်ကြောင်း Eyal Zamir က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် လက်ရှိတွင် ဂါဇာကမ်းမြောင်ဒေသရှိ ၇၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ဒေသများကို ထိန်းချုပ်ထားကြောင်း၊ နောက်ဆုံးလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ ဂါဇာဒေသတွင် ကျန်ရှိသော ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ စခန်းနှစ်ခုကို အမြစ်ဖြတ်ရန် ဖြစ်ကြောင်း၊ ယင်းမှာ ဂါဇာမြို့နှင့် Al Mawasi တစ်လျှောက်ရှိ အလယ်ပိုင်း ဒုက္ခသည်စခန်းတွင် တည်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

————————–
(Chinese Version)
以军称在加沙作战进入“新阶段”
新华社耶路撒冷8月11日电 以色列国防军总参谋长埃亚勒·扎米尔11日说,以军在加沙地带的作战进入“新阶段”。
扎米尔当天主持以色列国防军战备状态局势评估会,会议旨在拟定以军年度工作计划。他在会上说,按照以色列安全内阁的决定,“我们正处于加沙作战新阶段的开始”。以军将制定符合既定目标的最佳方案,将尽一切努力保护被扣押人员生命并把他们安全带回家。
扎米尔还说,正如过去在加沙地带南部汗尤尼斯和拉法地区那样,“以军能够实现对加沙城的作战控制”,他说,以军“曾在那里开展过地面行动,我们能再次做到”。扎米尔表示,当前局面前所未有,以军必须“为战事扩大做好准备”。
以色列总理内塔尼亚胡10日说,以军目前控制加沙地带70%至75%地区,最新行动旨在“铲除”巴勒斯坦伊斯兰抵抗运动(哈马斯)在加沙的剩余两个据点——分别位于加沙城和马瓦西一带的中部难民营。(完)
1.  8月8日,飞机在加沙城上空空投物资。新华社发(里泽克·阿卜杜勒贾瓦德摄)