Europe
နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်ရေးအခြေအနေ ဆွေးနွေးရန် ဇယ်လန်းစကီးနှင့် မိုဒီ ဖုန်းခေါ်ဆိုခဲ့

ကိဗ်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ၎င်းသည် ဩဂုတ် ၁၁ ရက်တွင် အိန္ဒိယ၀န်ကြီးချုပ် မိုဒီနှင့် ဖုန်းဖြင့် ဆက်သွယ်၍ ယူကရိန်း-အိန္ဒိယ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်ရေးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း အဆိုပါနေ့တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
ဇယ်လန်းစကီးက အိန္ဒိယသည် ယူကရိန်း၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထောက်ခံပြီး “ယူကရိန်းနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များအားလုံးသည် ယူကရိန်းပါဝင်မှုရှိရမည်၊ အခြားနည်းလမ်းများက ရလဒ်ဖော်ဆောင်ပေးမည်မဟုတ်” ဟူသော ရပ်တည်ချက်ကို သဘောတူကြောင်း ပြောကြားခဲ့သည်။
မိုဒီက ဖုန်းခေါ်ဆိုမှုအတွင်း ရုရှား-ယူကရိန်း ပဋိပက္ခကို အမြန်ဆုံး ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် စပ်လျဉ်းသော အိန္ဒိယ၏ တစ်သမတ်တည်း ရပ်တည်ချက်ကို ဖော်ပြခဲ့ပြီး အိန္ဒိယအနေဖြင့် ယူကရိန်းနှင့် ဆက်ဆံရေးကို တစ်ဆင့်တိုး အားကောင်းစေမည်ဖြစ်ကြောင်း ထိုနေ့တွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ (Xinhua)
………………….
(Chinese Version)
泽连斯基与莫迪电话讨论双边合作和外交局势
新华社基辅8月11日电(记者李东旭)乌克兰总统泽连斯基11日在社交媒体发文说,他当天与印度总理莫迪通电话,讨论了乌印双边合作和外交局势。
泽连斯基说,印度支持乌克兰的和平努力并赞同“所有事关乌克兰的决定都必须有乌方参与,其他方式不会带来结果”的立场。
莫迪当天在社交媒体发文说,他在通话中表达了印方关于尽快和平解决俄乌冲突的一贯立场,印度将进一步加强与乌克兰的关系。(完)
图说:2025年5月15日,乌克兰总统泽连斯基在土耳其安卡拉的乌克兰大使馆举行新闻发布会。新华社发(穆斯塔法·卡亚摄)