Connect with us

North America

သွင်းကုန်ရွှေများအပေါ် စည်းကြပ်ခွန်ကောက်ခံမည်မဟုတ်ကြောင်း ထရမ့်ဆို

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန် အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
ရွှေများအပေါ် စည်းကြပ်ခွန်ကောက်ခံမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ဇူလိုင် ၁၁ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။
ဤသတင်းကြောင့် COMEX ၏ ရွှေအနာဂတ် (Gold Future) ဈေးနှုန်းသည် အဆိုပါနေ့အတွင်း ၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။
အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (CBP) က တင်သွင်းလာသော ၁ ကီလိုဂရမ်နှင့် ၁၀၀ အောင်စရှိသော ရွှေချောင်းများအပေါ် စည်းကြပ်ခွန်ကောက်ခံမည်ဟု စျေးကွက်ယူဆကြသောကြောင့် ရွှေအနာဂတ် အရောင်းအဝယ်အပေါ် ဖြစ်နိုင်ခြေရှိသော အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်း၍ စိုးရိမ်မှုများက ရှေ့ရက်များတွင် ရွှေအနာဂတ်စျေးနှုန်းများအား သိသိသာသာ မြင့်တက်စေခဲ့ပြီး သမိုင်း စံချိန်သစ်တင်ခဲ့သည်။
ထရမ့် လက်မှတ်ရေးထိုးခဲ့သည့် အမိန့်ကြေညာစာအရ အမေရိကန်နိုင်ငံသည် ဇူလိုင် ၇ ရက်မှစ၍ ဆွစ်ဇာလန်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၃၉ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ဆွစ်ဇာလန်၏ များပြားလှသော ရွှေသိုလှောင်မှုက နိုင်ငံတကာ ရွှေအနာဂတ်ဈေးကွက် အရောင်းအဝယ်ကဏ္ဍ သေချာစေရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
特朗普称不会对进口黄金征收关税
新华社纽约8月11日电(记者刘亚南)美国总统特朗普11日下午在社交媒体上发文称,黄金将不会被征收关税。
受这一消息影响,纽约商品交易所黄金期货价格当天出现超过2%的跌幅。
由于市场推测美国海关与边境保护局将对进口的1公斤和100盎司金条征收关税,对黄金期货交割可能受到影响的担忧刺激黄金期货价格在日前显著上涨并创下历史新高。
根据特朗普签署的行政令,美国从7日开始对从瑞士进口的产品征收39%的关税,而瑞士拥有的大量黄金储备在保障国际黄金期货市场交割方面发挥重要作用。(完)
图说:这是7月30日在美国首都华盛顿白宫拍摄的美国总统特朗普。新华社记者 胡友松 摄