Africa & Middle East
အမေရိကန်ဘက်က “ယူရေနီယံသန့်စင်မှု လုံးဝရပ်ဆိုင်းရေး” အား အခိုင်အမာ လက်ကိုင်ထားပါက အမေရိကန်-အီရန် သဘောတူညီမှု ရရှိနိုင်မည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဆို

တီဟီရန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
အီရန်နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်ရရှိရန် အမေရိကန်အစိုးရအနေဖြင့် ယုံကြည်မှုတည်ဆောက်သော လက်တွေ့အစီအမံများ လုပ်ဆောင်သင့်ကြောင်း၊ အမေရိကန်ဘက်က အီရန်အား “ယူရေနီယံသန့်စင်မှု လုံးဝရပ်ဆိုင်းရန်” (zero uranium enrichment) အခိုင်အမာ ဆက်လက်တောင်းဆိုပါက အမေရိကန်-အီရစ် သဘောတူညီမှု ရရှိနိုင်မည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီက မကြာသေးမီရက်က ပြောကြားခဲ့သည်ဟု IRNA သတင်းဌာန၏ သတင်းအရ သိရသည်။
အာရက်ဂ်ချီက ဗြိတိန် “Financial Times” သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
အီရန်-အမေရိကန် ပဋိပက္ခက အမေရိကန် သမ္မတ ထရမ့်အပေါ် အီရန်၏ ယုံကြည်မှုအကျပ်အတည်းကို နက်ရှိုင်းစေခဲ့ကြောင်း၊ “အမေရိကန်အနေနဲ့ စေ့စပ်ညှိနှိုင်းမှုကာလအတွင်း အီရန်ရဲ့ အဆောက်အအုံတွေကို ဘာကြောင့် တိုက်ခိုက်ရတာလဲဆိုတာ မဖြစ်မနေ ရှင်းပြရမှာဖြစ်ပြီး နောက်ဒီလို ကိစ္စရပ်မျိုး ထပ်မဖြစ်ဖို့ မဖြစ်မနေ အာမခံရမှာဖြစ်တယ်” ဟု အာရက်ဂ်ချီက ပြောကြားခဲ့သည်။
အာရက်ဂ်ချီက ၎င်းသည် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Steven Witkoff နှင့် မကြာသေးမီက အမြင်သဘောထားချင်း ဖလှယ်ခဲ့ပြီး အီရန်နျူကလီးယားအစီအစဉ်၏ နှစ်ပေါင်းကြာရှည်စွာ ကျဉ်းထဲကျပ်ထဲရောက်ရှိခဲ့ခြင်းကို ဖြေရှင်းရန် “နှစ်ဖက်လုံးအတွက် အကျိုးပြုသော” နည်းလမ်းကို ရှာဖွေသင့်ကြောင်း တစ်ဖက်အား ပြောပြခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
အီရန်-အမေရိကန်၏ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းသည် ကျဉ်းမြောင်းလှသော်လည်း ဖြစ်နိုင်မရှိဆိုသည်လည်း မဟုတ်ကြောင်း၊ “အမေရိကန်အနေနဲ့ စီးပွားရေးလျော်ကြေးပေးခြင်းနဲ့ စေ့စပ်ညှိနှိုင်းမှု ပြန်လည်လုပ်ဆောင်နေစဉ် ကာလအတွင်း အီရန်ကို မတိုက်ခိုက်ဖို့ အာမခံချက်ပေးခြင်း အပါအဝင် ယုံကြည်မှုတည်ဆောက်တဲ့ လက်တွေ့အစီအမံတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်” ဟူ၍ ၎င်းက အလေးထား ပြောကြားခဲ့သည်။
ယခုနှစ် ဧပြီလမှစ၍ အီရန်နျူကလီးယားအရေးနှင့် အီရန်အပေါ် ပိတ်ဆို့အရေးမှုများ အမေရိကန်ရုတ်သိမ်းပေးရေးတို့နှင့် စပ်လျဉ်း၍ အီရန်-အမေရိကန်တို့သည် ကြားခံစေ့စပ်ညှိနှိုင်းမှု ၅ ကြိမ်ကျင်းပခဲ့သည်။ ၆ ကြိမ်မြောက် စေ့စပ်ညှိနှိုင်းမှုသည် မူလက ဇွန် ၁၅ ရက်တွင် ကျင်းပရန် သတ်မှတ်ထားပြီး အစ္စရေးက အီရန်ကို တိုက်ခိုက်ခြင်းကြောင့် ပယ်ဖျက်ခဲ့ရသည်။ အီရန်-အစ္စရေး စစ်ရေးပဋိပက္ခအတွင်း အမေရိကန်သည် အီရန်၏ နျူကလီးယားအဆောက်အအုံ ၃ နေရာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
伊朗外长:若美方坚持“零铀浓缩”则美伊无法达成协议
新华社德黑兰7月31日电 据伊朗伊斯兰共和国通讯社7月31日报道,伊朗外长阿拉格齐日前表示,美国政府应采取切实建立信任的措施,以恢复与伊朗的谈判。若美方坚持要求伊朗实现“零铀浓缩”,双方就不可能达成协议。
报道说,阿拉格齐是在接受英国《金融时报》采访时作出上述表态的。
阿拉格齐说,伊美冲突加深了伊方对美国总统特朗普的信任危机,“美国必须解释为何在谈判期间对伊朗实施袭击,并必须保证此类事件不再发生”。
阿拉格齐表示,他不久前与美国中东问题特使史蒂文·威特科夫交换意见,并告知美方,要解决围绕伊朗核计划长达数年的僵局,应寻求“双赢”方案。
他强调,伊美通向谈判的道路虽狭窄但并非不可能,“美方需要采取切实建立信任的措施,包括经济赔偿以及保证在重新谈判期间不攻击伊朗”。
今年4月以来,围绕伊核问题和美解除对伊制裁,美伊举行了五轮间接谈判。第六轮谈判原定于6月15日举行,因以色列突袭伊朗而取消。伊以军事冲突期间,美国空袭伊朗三处核设施。(完)
图说:6月22日,伊朗外交部长阿拉格齐在土耳其伊斯坦布尔举行的新闻发布会上发言。新华社记者 刘磊 摄