Connect with us

Europe

ရုရှားနှင့် စေ့စပ်ဆွေးနွေးရန် အခြေခံမူနှင့်စပ်လျဉ်း၍ ဥရောပ-အမေရိကန် သဘောတူညီချက် ၅ ရပ် ရရှိဟု ဇယ်လန်းစကီး ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတ ထရမ့် (အလယ်) အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ရုရှားနှင့် စေ့စပ်ဆွေးနွေးရန် အခြေခံမူနှင့်စပ်လျဉ်း၍ ဥရောပနှင့် အမေရိကန်နိုင်ငံ အကြီးအကဲများအကြား သဘောတူညီချက် ၅ ရပ် ရရှိခဲ့သည်ဟု ဂျာမနီနိုင်ငံ မြို့တော် ဘာလင်သို့ ခရီးစဉ်ရောက်ရှိနေသော ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz နှင့် ဩဂုတ် ၁၃ ရက်တွင် ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီ၏ ယင်းနေ့ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

သဘောတူညီချက် ၅ ရပ်တွင် ရုရှား-ယူကရိန်း ပဋိပက္ခ၏ ငြိမ်းချမ်းစွာ ဖြေရှင်းရေး၌ ယူကရိန်းဘက်က တိုက်ရိုက်ပါဝင်ရန်၊ ယူကရိန်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်အလုံးစုံကို ယူကရိန်းနှင့်သာ ဆွေးနွေးရန်၊ ယူကရိန်း-အမေရိကန်-ရုရှား သုံးပွင့်ဆိုင် ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်သင့်ရန်၊ မဖြစ်မနေ အပစ်ရပ်ပြီး ယူကရိန်း လုံခြုံရေးအာမခံမှုကို အတိအလင်းဖြစ်စေရန်၊ အပစ်ရပ်ရေးကို ရုရှားဘက်က သဘောတူညီမှုမရှိပါက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်ရန်စသည်တို့ ပါဝင်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ဇယ်လန်းစကီးက ယင်းနေ့တွင် ၎င်းသည် Friedrich Merz နှင့်အတူ အမေရိကန် သမ္မတ ထရမ့်၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ၊ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Mark Rutte ၊ ဖင်လန် သမ္မတ Alexander Stubb ၊ ပြင်သစ် သမ္မတ မက်ခရွန် ၊ အီတလီ ဝန်ကြီးချုပ် Giorgia Meloni ၊ ပိုလန် သမ္မတ Karol Nawrocki စသည်တို့နှင့် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ထရမ့်နှင့် ရုရှား သမ္မတ ပူတင်တို့သည် ဩဂုတ် ၁၅ ရက်တွင် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် သတ်မှတ်ထားသည်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဥရောပနိုင်ငံ ၆ နိုင်ငံ အကြီးအကဲများနှင့် Ursula von der Leyen သည် ဩဂုတ် ၉ ရက် ညပိုင်းက ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ ယူကရိန်းအကျပ်အတည်းနှင့်စပ်လျဉ်းသည့် မည်သည့်သံတမန်ရေးဖြေရှင်းမှုနည်းလမ်းမဆို ဥရောပနှင့် ယူကရိန်း၏ အရေးကြီးသည့်လုံခြုံရေးအကျိုးစီးပွားကို မုချမသွေ ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ သမ္မတအိမ်တော် Elysee နန်းတော်တွင် ပြင်သစ် သမ္မတ မက်ခရွန်က ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
泽连斯基称欧美就与俄谈判原则达成五项共识
新华社基辅8月13日电(记者李东旭)据乌克兰国家通讯社13日报道,正在德国首都柏林访问的乌克兰总统泽连斯基当天在与德国总理默茨举行的联合新闻发布会上称,欧洲和美国领导人就与俄方谈判原则达成五项共识。
泽连斯基称,五项共识包括乌方必须直接参与俄乌冲突的和平解决,与乌克兰有关的一切只能与乌方讨论,应筹备召开乌美俄三方会谈,必须停火并明确对乌克兰的安全保障,若俄方不同意停火则应加强对俄制裁。
泽连斯基称,当天他和默茨一起与美国总统特朗普、欧盟委员会主席冯德莱恩、北约秘书长吕特以及芬兰总统斯图布、法国总统马克龙、意大利总理梅洛尼和波兰总统纳夫罗茨基等举行了视频会晤。
特朗普与俄罗斯总统普京定于15日在美国阿拉斯加州举行会晤。英法德等6个欧洲国家领导人和冯德莱恩9日晚发表联合声明,呼吁任何有关乌克兰危机的外交解决方案都必须保护欧洲和乌克兰的重大安全利益。(完)
1. 8月11日,美国总统特朗普(中)在华盛顿白宫出席新闻发布会。新华社记者胡友松摄
2. 3月26日,法国总统马克龙(前左)在巴黎总统府爱丽舍宫迎接到访的乌克兰总统泽连斯基。新华社记者高静摄