Asia
ထိုင်းဘက်က ကမ္ဘောဒီးယား နယ်စပ်ရွာတွင် သံဆူးကြိုးများ တပ်ဆင်ဟု ကမ္ဘောဒီးယား ဆို

ဖနွမ်းပင်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ထိုင်းစစ်တပ်က ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ရှိ ကမ္ဘောဒီးယားရွာတစ်ရွာ၌ သံဆူးကြိုးနှင့် တာယာများ တပ်ဆင်ထားရာ နှစ်နိုင်ငံရရှိထားသည့် အပစ်ရပ်မှုစာချုပ်နှင့် သဘောတူညီချက်များကို ချိုးဖောက်နေကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဩဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းအရန်တပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲများသည် ဩဂုတ် ၁၂ ရက်မှ ၁၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်ရှိ နယ်စပ်ရွာတစ်ရွာတွင် သံဆူးကြိုးနှင့် တာယာများ တပ်ဆင်ခဲ့ကြောင်း၊ “ကမ္ဘောဒီးယားအနေဖြင့် ထိုင်းဘက်က အပစ်ရပ်မှု သဘောတူညီချက်နဲ့ နှစ်နိုင်ငံ နယ်စပ်အထွေထွေကော်မတီ အထူးအစည်းအဝေးမှာ ရရှိထားတဲ့ စိတ်ဓာတ်နဲ့ သဘောတူညီချက်တွေကို ချိုးဖောက်တဲ့ လှုပ်ရှားမှုမှန်သမျှကို ချက်ချင်းခြွင်းချက်မရှိ ရပ်တန့်ဖို့ တောင်းဆိုပါတယ်” ဟု Maly Socheata က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထိုင်းကြည်းတပ် အမှတ် (၂) စစ်ဒေသက နိုင်ငံတော် အချုပ်အခြာအာဏာအား ကာကွယ်ရန်အတွက် လူမှုအသိုက်အဝန်းထံသို့ သံဆူးကြိုးအများအပြား တောင်းခံကြောင်း ဩဂုတ် ၁၂ ရက် ညနေပိုင်းတွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ ဩဂုတ် ၁၃ ရက် ညနေပိုင်းတွင် ထိုင်းကြည်းတပ် အမှတ် (၂) စစ်ဒေသက သံဆူးကြိုးလက်ခံမှုကို ရပ်နားကြောင်း၊ အဆိုပါလှူဒါန်းမှုများသည် အမျိုးသားလုံခြုံရေး ကာကွယ်ထိန်းသိမ်းရန် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
အငြင်းပွားမှုရှိသည့် ဘုရားကျောင်းပိုင်ဆိုင်မှု အရေးကိစ္စ စသည်တို့ကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယားသည် ဇူလိုင် ၂၄ ရက်မှစ၍ နယ်စပ်ဒေသ၌ ပဋိပက္ခဖြစ်ပွားခဲ့ရာ နှစ်ဖက်လုံးက နိုင်ငံတကာဥပဒေအား ချိုးဖောက်သည်ဟု အပြန်အလှန် ပြစ်တင်ကြသည်။ နှစ်ဖက်ထုတ်ပြန်သည့် အချက်အလက်များအရ ပဋိပက္ခကြောင့် လူ ၁၀၀ ကျော် သေဆုံးဒဏ်ရာရမှုများဖြစ်ပွားခဲ့ပြီး လူ ၁၀၀,၀၀၀ ကျော် ဘေးကင်းရာဒေသသို့ ရွှေ့ပြောင်းခဲ့ရသည်။
ဩဂုတ် ၇ ရက်တွင် ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို၌ ကျင်းပသည့် နှစ်နိုင်ငံ နယ်စပ်အထွေထွေကော်မတီ အထူးအစည်းအဝေးတွင် အပစ်ရပ်မှု အသေးစိတ်အကြောင်းအရာနှင့် စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်နိုင်ငံအနေဖြင့် စစ်တပ်များ လက်ရှိဖြန့်ကြက်နေရာချထားမှုကို ထိန်းသိမ်းထားပြီး နယ်စပ်ဒေသသို့ စစ်ကူထပ်မံပို့ဆောင်ခြင်း မပြုရန် ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
柬埔寨称泰国在柬边境村庄布设铁丝网
新华社金边8月13日电(记者吴长伟)柬埔寨国防部发言人马莉淑洁达13日说,泰国武装部队在柬泰边境一个柬埔寨村庄布设了铁丝网和轮胎,违反了两国达成的停火协议及共识。
马莉淑洁达在新闻发布会上说,12日至13日,泰国准军事部队和边防警察在柬埔寨班迭棉吉省一个边境村庄布设了铁丝网和轮胎,“柬方要求泰方立即无条件停止一切违反停火协议及两国边界总委员会特别会议达成的精神和共识的行动”。
泰国陆军第二军区12日下午在社交媒体上说,向社会征集大量铁丝网用于保卫国家主权。13日下午,泰国陆军第二军区在社交媒体上表示停止接收铁丝网,并称这些捐赠对于维护国家安全有极其重要的作用。
因有争议的寺庙归属问题等,泰国与柬埔寨7月24日起在边境地区发生冲突,双方互相指责对方违反国际法。根据双方公布的数据,冲突已造成上百人伤亡,逾10万民众被疏散至安全区域。8月7日,泰柬两国在马来西亚吉隆坡举行的两国边界总委员会特别会议上就停火细则达成共识并签署协议。两国同意维持军队部署现状,承诺不再向边境增兵。(完)
图说:8月7日,在马来西亚吉隆坡,各方代表在柬埔寨与泰国边界总委会特别会议前握手合影。新华社记者 程一恒 摄