North America
Goldman Sachs အစီရင်ခံစာက စည်းကြပ်ခွန် မူဝါဒ၏ ထိုးနှက်မှုကို လှစ်ဟပြသ၊ “ကျွမ်းကျင်ပညာရှင်” လဲရန် ထရမ့် အကြံပြု

ဝါရှင်တန်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်စားသုံးသူများက အမေရိကန် စည်းကြပ်ခွန်မူဝါဒကြောင့် ပိုမိုကြီးမားသောအရင်းအနှီးကို ကုန်ကျခံရမည်ဖြစ်ကြောင်း အမေရိကန် Goldman Sachs က မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာက ယူဆထားသည်။ အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၁၂ ရက်တွင် အဆိုပါအမြင်နှင့်စပ်လျဉ်း၍ ပို့စ်ရေးသားခဲ့ရာ Goldman Sachs စီးပွားရေးပညာရှင်ကို “လူလဲသင့်” ကြောင်း၊ အဆိုပါကုမ္ပဏီ အမှုဆောင်အရာရှိချုပ်သည် လုပ်ငန်းပြောင်း၍ “ဒီဂျေ (DJ)” လုပ်သင့်ကြောင်း ဆိုခဲ့သည်။
Goldman Sachs က ဩဂုတ် ၁၀ ရက်တွင် ထုတ်ပြန်သော နောက်ဆုံးအစီရင်ခံစာ၌ ဇွန်လအထိ အမေရိကန် စားသုံးသူများက စည်းကြပ်ခွန်အရင်းအနှီး ၂၂ ရာခိုင်နှုန်းကို ကုန်ကျခံထားရကြောင်း၊ ပိုမိုများပြားသည့် လုပ်ငန်းကုမ္ပဏီများက စည်းကြပ်ခွန်အရင်းအနှီး ကုန်ကျခံရမှုကို ရွှေ့ပြောင်းလာသည်နှင့်အမျှ ယခုနှစ် အောက်တိုဘာလတွင် အမေရိကန်စားသုံးသူများ ကုန်ကျခံရမည့် အချိုးအဆသည် ၆၇ ရာခိုင်နှုန်းအထိ ရှိလာမည်ဟု မျှော်မှန်းရကြောင်း ဖော်ပြထားသည်။
ထရမ့်က ဩဂုတ် ၁၂ ရက်တွင် လူမှုမီဒီယာပလက်ဖောင်း “Truth Social” ၌ ပို့စ်တင်၍ Goldman Sachs အမှုဆောင်အရာရှိချုပ် David Solomon နှင့် ၎င်း၏ စီးပွားရေးသုတေသနအဖွဲ့အား ဝေဖန်ခဲ့ရာ ၎င်းက စည်းကြပ်ခွန်အပေါ် သက်ဆိုင်ရာ မျှော်မှန်းချက်သည် “မှားယွင်းနေ” ကြောင်း၊ “အများစုအခြေအနေအားဖြင့် ဒီစည်းကြပ်ခွန် (အရင်းအနှီး) ကို ကျခံရမှာက စားသုံးသူ လုံးဝမဟုတ်ဘူး။ အဓိကကတော့ ကုမ္ပဏီနဲ့ အစိုးရပဲ။ အဲဒီအထဲမှာမှ အများစုက နိုင်ငံခြား (ကုမ္ပဏီနဲ့ အစိုးရ) ပဲဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
ထရမ့်က ပို့စ်အတွင်း၌ အထက်ပါသုတေသနအစီရင်ခံစာအား ဦးဆောင်ပြုစုခဲ့သည့် Goldman Sachs ထိပ်တန်းစီးပွားရေးပညာရှင် Jan Hatzius ကို အမည်ထည့်သွင်းရေးသားခြင်းမပြုဘဲ ဝေဖန်ခဲ့ရာ Goldman Sachs အနေဖြင့် “စီးပွားရေးပညာရှင် အသစ်တစ်ယောက် ရှာရန်” တိုက်တွန်းခဲ့ပြီး ယခင်က DJ အဖြစ် အချိန်ပိုင်းအလုပ် လုပ်ခဲ့ဖူးသော David Solomon ကိုလည်း “သူက အရေးကြီး ဘဏ္ဍာရေးအဖွဲ့အစည်းကို လည်ပတ်တာထက် DJ တစ်ယောက်အဖြစ်ပဲ အာရုံစိုက်လုပ်သင့်တယ်” ဟု စနောက်ခဲ့သည်။
ထရမ့်က လတ်တလောကာလအတွင်း လုပ်ငန်းခွင်ဝင်မှု၊ ငွေကြေးဖောင်းပွမှုနှင့် စည်းကြပ်ခွန် သက်ဆိုင်ရာ အချက်အလက်များနှင့် လေ့လာအကဲဖြတ်မှုတို့နှင့်စပ်လျဉ်း၍ စီးပွားရေးပညာရပ်လောကနှင့် မကြာခဏ အတိုက်အခံဖြစ်ခဲ့သည်။ ယခုလ လဆန်းပိုင်းတွင် ထရမ့်က အလုပ်သမားစာရင်းအင်းဗျူရိုမှ နောက်ဆုံးထုတ်ပြန်သည့် လုပ်ငန်းခွင်ဝင်မှု အချက်အလက်သည် ဈေးကွက်မျှော်မှန်းချက်ထက် သိသိသာသာ လျော့နည်းနေသဖြင့် အလုပ်သမားစာရင်းအင်းဗျူရို ကော်မရှင်နာ Erika McEntarfer အား အလုပ်မှ ထုတ်ပယ်ခဲ့သည်။
ထရမ့်၏ ရည်ရွယ်ပြောဆိုခြင်းခံရသည့် Jan Hatzius သည် ၂၀၀၈ ခုနှစ်တွင် ဒုတိယအဆင့် အပေါင်ခံ၍ ချေးငွေရယူမှု ရေစီးကြောင်းသည် စီးပွားရေးဆုတ်ယုတ်မှု ပြင်းထန်စွာ ဖြစ်စေနိုင်သည်ဟု တိကျစွာ ကြိုတင်မျှော်မှန်းခဲ့မှုကြောင့် နာမည်ကျော်ကြားသည်ကို The Wall Street Journal က သတိထားမိသည်။ အမေရိကန်လက်ရှိ စည်းကြပ်ခွန်မူဝါဒသည် လုပ်ငန်းခွင်ဝင်မှုနှင့် စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းနှင့် စပ်လျဉ်း၍ ၎င်း၏အမြင်များသည် စီးပွားရေးပညာရှင် အများအပြား၏ အသိအမှတ်ပြုခြင်းခံရသည်။
ထို့ပြင် Fortune မဂ္ဂဇင်းက The Conference Board ၏ နောက်ဆုံးအစီရင်ခံစာကို ကိုးကား၍ တတိယသုံးလပတ် အမေရိကန်လုပ်ငန်းကုမ္ပဏီ တာဝန်ရှိပုဂ္ဂိုလ်များ၏ ယုံကြည်ချက်အပေါ် စစ်တမ်းကောက်ယူမှုအရ လုပ်ငန်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ၆၄ ရာခိုင်နှုန်းက စည်းကြပ်ခွန် သယ်ဆောင်လာသည့် ဈေးနှုန်းမြင့်တက်မှုကို စားသုံးသူများက လွှဲပြောင်းကုန်ကျခံရမည်ဟု ခိုင်မာစွာ ယုံကြည်သည်ဟု ဖော်ပြထားသည်။ (Xinhua)
———————-
(Chinese Version)
高盛报告揭关税政策冲击 特朗普建议“换专家”
新华社华盛顿8月13日电 美国高盛集团日前发布研究报告认为,美国消费者将承担美国关税政策成本中越来越大的份额。美国总统特朗普12日针对这一观点发文表示,高盛经济学家“应该换人”,集团首席执行官应该改行做“打碟师(DJ)”。
高盛10日发布的最新报告认为,截至6月美国消费者已承担22%的关税成本。随着越来越多企业转嫁关税成本,预计到今年10月,美国消费者承担的比例将达到67%。
特朗普12日在社交媒体平台“真实社交”上发文批评高盛首席执行官戴维·所罗门及其经济研究团队,称其对关税的相关预测“错了”。“大多数情况下,承担这些关税(成本)的根本不是消费者,主要是公司和政府,其中许多是外国(公司和政府)。”
特朗普在帖文中不点名批评牵头完成上述研究报告的高盛首席经济学家扬·哈丘斯,呼吁高盛“找一个新的经济学家”,并揶揄曾兼职DJ的所罗门,称“他应该专注于做一个DJ,而不是去经营一家重要金融机构”。
特朗普近期频繁与经济学界围绕就业、通胀和关税相关数据及研判发生冲突。本月初,特朗普因劳工统计局最新发布的就业数据显著弱于市场预期而解雇劳工统计局局长埃丽卡·麦肯塔弗。
《华尔街日报》注意到,被特朗普针对的哈丘斯曾因2008年准确预测次级抵押贷款违约潮可能导致严重经济衰退而闻名。他关于美国当前关税政策将削弱就业和经济增长前景、推高通胀的观点得到众多经济学家认同。
另据《财富》杂志援引世界大型企业联合会最新报告,针对第三季度美国企业负责人的信心调查显示,64%的企业首席执行官确信关税带来的价格上涨将会转嫁给消费者。(完)
图说:这是7月30日在美国首都华盛顿白宫拍摄的美国总统特朗普。新华社记者 胡友松 摄