International Organizations
တရုတ်နိုင်ငံက UNRWA ထံ လှူဒါန်းကူညီပေး

အမ်မန်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ပါလက်စတိုင်းဆိုင်ရာ တရုတ်နိုင်ငံရုံးက ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) နှင့် ဩဂုတ် ၁၃ ရက်တွင် ဂျော်ဒန်နိုင်ငံ မြို့တော် အမ်မန်တွင် လှူဒါန်းခြင်းသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတွင် UNRWA သည် ကြမ်းတမ်းခက်ထန်သည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရရာ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် နက်ရှိုင်းစွာ စိုးရိမ်ပူပန်ကြောင်း၊ တရုတ်နိုင်ငံသည် UNRWA ၏ လုပ်ငန်းတာဝန်များ ကျေပွန်အောင်ထမ်းဆောင်ခြင်းကို အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံအားပေးခဲ့ပြီး လက်တွေ့လုပ်ဆောင်ချက်များဖြင့် UNRWA လုပ်ငန်းများကို ထောက်ခံအားပေးကာ ဂါဇာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးနှင့် ပါလက်စတိုင်းပြည်သူများ၏ ဒုက္ခများကို ဖြေလျှော့ရန်အတွက် အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် UNRWA ၏ လုပ်ငန်းတာဝန်များ ကျေပွန်အောင်ထမ်းဆောင်ခြင်းကို ဆက်လက်အားပေးထောက်ခံရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ ဂါဇာစစ်မီးများ ဆောလျင်စွာ ငြှိမ်းသတ်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြေလျှော့ရေး တွန်းအားပေရန်၊ ပါလက်စတိုင်းအရေးသည် “နှစ်နိုင်ငံဖြေရှင်းမှု နည်းလမ်း” အခြေခံပေါ်တွင် ဘက်စုံ၊ တရားမျှတ၍ ရေရှည်တည်တံ့သော ဖြေရှင်းမှုရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါလက်စတိုင်းဆိုင်ရာ တရုတ်နိုင်ငံရုံး ညွှန်ကြားရေးမှူး ကျိမ်ကျိရှင်းက လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
UNRWA ပြောရေးဆိုခွင့်ရှိသူ Juliette Touma က UNRWA အပေါ် တရုတ်နိုင်ငံ၏ လှူဒါန်းကူညီမှုအား ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ပါလက်စတိုင်းပြည်သူများ၏ အစဉ်အမြဲ မိတ်ဆွေကောင်း ဖြစ်သလို UNRWA ၏ မိတ်ဆွေကောင်းလည်းဖြစ်ရာ လက်ရှိ အခြေအနေတွင် ဤလှူဒါန်းကူညီမှုမှာ အလွန်အရေးပါကြောင်း ပြောကြားခဲ့သည်။
UNRWA သည် ၁၉၄၉ ခုနှစ်တွင် ထူထောင်ခဲ့ပြီး အဓိကတာဝန်မှာ ဂျော်ဒန် အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြောင်ဒေသနှင့် ဂျော်ဒန်၊ ဆီးရီးယားနှင့် လက်ဘနွန်တွင် နေထိုင်သည့် စာရင်းဝင် ပါလက်စတိုင်းဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ဝန်ဆောင်မှုများ ပံ့ပိုးရန်ဖြစ်ကြောင်း၊ ယခုနှစ် ဇန်န၀ါရီလကုန်တွင် အစ္စရေးက UNRWA လည်ပတ်မှုအား တားမြစ်သည့် ဥပဒေစတင်အသက်ဝင်ချိန်မှစ၍ အဆိုပါအဖွဲ့၏ ပါလက်စတိုင်းဒုက္ခသည်များအတွက် အများပြည်သူဝန်ဆောင်မှုများမှာ ပြိုပျက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)
……………………………
(Chinese Version)
中国向联合国近东救济工程处捐款
新华社安曼8月13日电(记者何奕萍)中国驻巴勒斯坦办事处13日与联合国近东巴勒斯坦难民救济和工程处(近东救济工程处)在约旦首都安曼签署捐款协议。
中国驻巴勒斯坦办事处主任曾继新在签署仪式上表示,当前,近东救济工程处面临严峻困难和挑战,中方对此深表关切。中方一贯坚定支持近东救济工程处履职,以实际行动支持工程处工作,为缓解加沙人道灾难和巴勒斯坦人民苦难做出贡献。中方呼吁国际社会继续支持工程处履职,将同国际社会一道努力,推动早日平息加沙战火、缓解人道灾难,实现巴勒斯坦问题在“两国方案”基础上全面、公正、持久解决。
近东救济工程处发言人朱丽叶·图马感谢中国对工程处的捐助。她说,中国一直是巴勒斯坦人民的好朋友,是近东救济工程处的好朋友,在当前形势下,这些捐助非常重要。
近东救济工程处成立于1949年,主要负责向生活在约旦河西岸、加沙地带以及约旦、叙利亚和黎巴嫩的巴勒斯坦注册难民提供人道主义救助、教育和医疗等服务。自今年1月底以色列禁止近东救济工程处运营的法案生效以来,该机构对巴勒斯坦难民的公共服务面临崩溃。(完)
图说:中国驻巴勒斯坦办事处8月13日与联合国近东巴勒斯坦难民救济和工程处(近东救济工程处)在约旦首都安曼签署捐款协议。这是协议签署仪式现场。新华社发(穆罕默德·阿布·古什摄)