Asia
“သေမင်းတမန်ရထားလမ်း” ၏ သက်သေ – ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်ရှိ ကွေးမြစ်တံတားကြီး

ကန်ချနပူရီ (ထိုင်း)၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ကန်ချနပူရီပြည်နယ်သည် ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် တည်ရှိပြီး မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်ကျူးကျော်သူများသည် မဟာမိတ်တပ် စစ်သုံ့ပန်း ၆၀,၀၀၀ ကျော်နှင့် အရှေ့တောင်အာရှ အလုပ်သမား ၃၀၀,၀၀၀ ကျော်ကို အဓမ္မစုဆောင်း၍ ထိုနေရာတွင် ၄၁၅ ကီလိုမီတာခန့် ရှည်လျားသည့် ထိုင်း-မြန်မာရထားလမ်းကို တည်ဆောက်ခဲ့သည်။ ဂျပန်စစ်တပ်၏ ခြိမ်းခြောက်ဖိအားပေးမှုနှင့် ပစ္စည်းရှားပါးမှု၊ အခြေအနေ ခက်ခဲကြမ်းတမ်းမှုတို့ကြောင့် တည်ဆောက်မှုအတွင်း လူတစ်သိန်းကျော် သေဆုံးခဲ့ရကာ ယင်းဖြစ်ရပ်ကြောင့် ထိုရထားလမ်းသည်လည်း “သေမင်းတမန်ရထားလမ်း” ဟု အမည်တွင်ခဲ့သည်။
ကွေးမြစ်တံတားကြီးသည် “သေမင်းတမန်ရထားလမ်း” ၏ နာမည်အကျော်ကြားဆုံးအပိုင်းဖြစ်သည်။ ထိုင်းနိုင်ငံက ဒုတိယကမ္ဘာစစ်အလွန် ၎င်းနေရာအား အထိမ်းအမှတ်ရှုခင်းသာအဖြစ် ဖွင့်လှစ်ခဲ့ရာ ယနေ့တိုင် နိုင်ငံအသီးသီးမှ ခရီးသွားဧည့်သည်များထံ ဂျပန်ကျူးကျော်သူများ၏ ပြစ်မှုများကို ဖော်ပြနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ကွေးမြစ်တံတားကြီးတွင် မီးရထားတစ်စင်း ဖြတ်သန်းသွားသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ကွေးမြစ်တံတားကြီးတွင် မီးရထား ဖြတ်သန်းသွားသည်ကို ရိုက်ကူးနေသည့် ခရီးသွားဧည့်သည်များအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ကွေးမြစ်တံတားကြီးအနီးတွင် ဂျပန်ကျူးကျော်သူများ အသုံးပြုခဲ့သော မီးရထားကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————
(Chinese Version)
“死亡铁路”的见证——泰国北碧府桂河大桥
新华社照片,北碧府(泰国),2025年8月14日
北碧府位于泰国西部,与缅甸接壤。第二次世界大战期间,日本侵略者强征6万多名盟军战俘和30多万名东南亚劳工在此修筑长约415公里的泰缅铁路。在日军的威逼下,加之物资匮乏和条件严酷,十万余人在修建过程中丧生,这条铁路因此得名“死亡铁路”。桂河大桥是“死亡铁路”最著名的一段,泰国在二战后将其开发为纪念性景点,至今仍在为各国游客展示日本侵略者的累累罪行。
1、这是8月13日在泰国北碧府拍摄的桂河大桥。 新华社发(拉亨摄)
2、8月13日,一列火车驶过泰国北碧府桂河大桥。新华社发(拉亨摄)
3、8月13日,游客在泰国北碧府桂河大桥上拍摄驶近的火车。新华社发(拉亨摄)
4、这是8月13日在泰国北碧府桂河大桥附近拍摄的日本侵略者使用过的火车。新华社发(拉亨摄)