Connect with us

Asia

ဂျပန်လက်နက်ချအညံ့ခံခြင်း နှစ် ၈၀ ပြည့်တွင် ရှိဂရု အီရှီဘာက စစ်ပွဲအား “ပြန်လည်ဆန်းစစ်မည်” ဟု ထပ်မံပြောကြားသော်လည်း ထိခိုက်နစ်နာစေမှုအတွက် တာဝန်ကိုမူ ထည့်သွင်းဆွေးနွေးခြင်းမပြု

ဂျပန်နိုင်ငံ တိုကျိုမြို့ Nippon Budokan ရုံတွင် ကျင်းပသည့် “နိုင်ငံတစ်ဝန်း စစ်မက်ကြောင့် သေဆုံးခဲ့ရသူများ အောက်မေ့ဂါရဝပြုခြင်း အခမ်းအနား” ၌ အမှာစကားပြောကြားနေသော ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ဩဂုတ် ၁၅ ရက်သည် ဂျပန်နိုင်ငံက ခြွင်းချက်မရှိ လက်နက်ချအညံ့ခံကြောင်း ကြေညာသည့် နှစ် ၈၀ ပြည့်နေ့ဖြစ်သည်။ ဂျပန်အစိုးရက ထိုနေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ Nippon Budokan ရုံ၌ “နိုင်ငံတစ်ဝန်း စစ်မက်ကြောင့် သေဆုံးခဲ့ရသူများ အောက်မေ့ဂါရဝပြုခြင်း အခမ်းအနား” ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက အမှာစကားပြောကြားရာ၌ “ပြန်လည်ဆန်းစစ်မည်” ဟူသော စကားလုံးကို ထည့်သွင်းပြောဆိုခဲ့သော်လည်း ပြန်လည်ဆန်းစစ်မည့်အကြောင်းအရာမှာ ဂျပန်က အာရှတိုက်နိုင်ငံများအပေါ် ကျူးကျော်ခဲ့သည့် တာဝန်မဟုတ်ပေ။
ထိုနေ့အတွင် အခမ်းအနားသို့ လူပေါင်း ၄,၅၀၀ ခန့် တက်ရောက်ခဲ့ပြီး ရှိဂဲရု အီရှီဘာ၊ ဂျပန်နိုင်ငံ အထက်အောက်လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌများနှင့် စစ်ပွဲတွင် ကျန်ရစ်သူမိသားစုဝင် ကိုယ်စားလှယ်များ စသည်တို့ ပါဝင်သည်။
“အဲဒီစစ်ပွဲကြီး ပြီးဆုံးသွားခဲ့တာ အခုထိဆို နှစ်ပေါင်း ၈၀ ကြာခဲ့ပါပြီ။ ဒီနေ့မှာ စစ်ပွဲအကြောင်း နားမလည်တဲ့မျိုးဆက်က အများစုဖြစ်လာပါပြီ။ စစ်ပွဲရဲ့ ကြေကွဲဖွယ်ရာဖြစ်ရပ် ထပ်ဖြစ်လာလို့မရပါဘူး။ နောက်ထပ်တစ်ကြိမ် လမ်းမှားလျှောက်လို့မရပါဘူး။ အဲဒီစစ်ပွဲအတွက် ပြန်လည်ဆန်းစစ်မှုနဲ့ သင်ခန်းစာတွေကို ကျွန်တော်တို့ ဒီအချိန်မှာ နောက်ထပ်တစ်ဖန် စိတ်ထဲမှာ အောက်မေ့မှတ်သားထားရပါမယ်” ဟု ရှိဂဲရု အီရှီဘာက အမှာစကားပြောကြားရာ၌ ပြောကြားခဲ့သည်။
ယင်းသည် ၂၀၁၂ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ် ယော်ရှီဟီကို နိုဒါပြီးနောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က ပထမဆုံးအကြိမ်အဖြစ် အဆိုပါအခမ်းအနား၌ အမှာစကားပြောကြားမှုအတွင်း “ပြန်လည်ဆန်းစစ်မှု” ဟူသည့် စကားလုံးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အမှာစကားထဲတွင် ပါဝင်သော ပြန်လည်ဆန်းစစ်မည့် အကြောင်းအရာမှာ “အာရှနိုင်ငံအသီးသီးအား ထိခိုက်နစ်နာစေမှု” မဟုတ်ဘဲ စစ်ပွဲသို့ ဂျပန် လျှောက်လှမ်းရသည့်ဖြစ်စဉ်ကို ဖြစ်ကြောင်း ဂျပန်မီဒီယာများက ထောက်ပြကြသည်။
၁၉၉၄ ခုနှစ်တွင် ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် တိုမီအီချီ မူယာရာမာ့က “နိုင်ငံတစ်ဝန်း စစ်မက်ကြောင့် သေဆုံးခဲ့ရသူများ အောက်မေ့ဂါရဝပြုခြင်း အခမ်းအနား” ၌ အမှာစကားပြောကြားရာတွင် ဂျပန်နိုင်ငံ၏ ထိခိုက်နစ်နာစေမှုတာဝန်ကို အတိအလင်း ထည့်သွင်းပြောကြားခဲ့ပြီး “နက်ရှိုင်းစွာ ပြန်လည်ဆန်းစစ်” မည့် သဘောထားကို ဖော်ပြခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ် ရောက်မှသာ အဆိုပါသဘောထားအား ဝန်ကြီးချုပ်အဆက်ဆက် ကျင့်သုံးခဲ့သည်။
သို့သော် ၂၀၁၃ ခုနှစ်မှစ၍ ထိုစဉ်က ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ သက်ဆိုင်ရာအမှာစကားများတွင် ထိခိုက်နစ်နာစေမှုတာဝန်နှင့် “ပြန်လည်ဆန်းစစ်မှု” များကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိဘဲ “သမိုင်းအား တည့်မတ်စွာရှုမြင်မည်” ဟုသာ ယေဘုယျပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်များဖြစ်သည့် ယိုရှီဟီဒဲ ဆူဂါ၊ ဖူမီအို ခိရှီဒ တို့ကလည်း အဆိုပါရပ်တည်ချက်ကို ဆက်လက်ကျင့်သုံးခဲ့သည်။
ထိုသို့ဖြစ်သည့်တိုင် ဂျပန်နိုင်ငံ လက်ယာယိမ်းအဖွဲ့ “Nippon Kaigi” က ကြေညာချက်ထုတ်ပြန်၍ ရှိဂဲရု အီရှီဘာ၏ အမှာစကားကို ကန့်ကွက်ခဲ့ပြီး “ပြန်လည်ဆန်းစစ်မှု” သည် နိုင်ငံရေးလုပ်ဆောင်ချက် ဖြစ်သည်ဟု ဆိုခဲ့သည်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအတွင်းပိုင်း၌လည်း အင်အားတချို့တစ်ဝက်က ရှိဂဲရု အီရှီဘာ၏ ယခုအချိန်အခါတွင် သမိုင်းအပေါ် ရှုမြင်မှုနှင့်စပ်လျဉ်းသည့် ပြောကြားမှုကို ကန့်ကွက်ကြပြီး၊ “ရှင်ဇိုအာဘေး ပြောကြားချက်” သည် စစ်ပွဲအလွန် သက်ဆိုင်ရာ ပြောဆိုချက်များကို “အဆုံးသတ်” စေခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါလုပ်ရပ်သည် “အမှားဝန်ခံ၍ တောင်းပန်မှု သံတမန်ဆက်ဆံရေး ပြန်လည်စတင်” စေမည်ကို စိုးရိမ်ပူပန်ကြကြောင်း ဂျပန်မီဒီယာများ၏ ထိုမတိုင်မီ သတင်းဖော်ပြချက်အရ သိရသည်။
ထိုနေ့အစောပိုင်းတွင် ရှိဂဲရု အီရှီဘာက “လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ” အနေဖြင့် ဒုတိယကမ္ဘာစစ်၏ A အဆင့် စစ်ပွဲရာဇဝတ်သားများအား ဂုဏ်ပြုထားရာ ယာဆူကူနီဂူဗိမာန်ထံ ဂါရဝပြုစရိတ် လှူဒါန်းခဲ့သည်။ ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး ကိုအီဇူမီ ရှင်ဂျီရိုက ယာဆူကူနီဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့ရာ ယင်းသည် ရှိဂဲရု အီရှီဘာ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ဝင်က ယာဆူကူနီဂူဗိမာန်တွင် ဂါရဝပြုခြင်းဖြစ်သည်။ ထို့အပြင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အဆင့်မြင့်အရာရှိနှင့် ပါတီဖြတ်ကျော် လွှတ်‌တော်အမတ်မဟာမိတ် အဖွဲ့ဝင်များကလည်း ဩဂုတ် ၁၅ ရက်တွင် ယာဆူကူနီဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၁၅ ရက်တွင် ယာဆူကူနီဂူဗိမာန်သည် ဂျပန်စစ်ဝါဒီများ ကျူးကျော်စစ်ဆင်နွှဲခဲ့မှု၏ စိတ်ဓာတ်ရေးရာကိရိယာနှင့် ပြယုဂ်ဖြစ်ပြီး အနေဖြင့် ဒုတိယကမ္ဘာစစ်၏ A အဆင့် စစ်ပွဲရာဇဝတ်သား ၁၄ ဦးအား ဂုဏ်ပြုထားကြောင်း၊ ဂျပန်က ကျူးကျော်မှုသမိုင်းအား တည့်မတ်စွာရှုမြင်၍ ပြန်လည်ဆန်းစစ်ရန်၊ ယာဆူကူနီဂူဗိမာန် စသည့် အရေးကိစ္စများတွင် သတိထား ပြောဆိုဆောင်ရွက်ရန်၊ စစ်ဝါဒကို လုံးဝဖြတ်တောက်ရန်၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအား ခိုင်မြဲစွာလျှောက်လှမ်းရန်၊ လက်တွေ့လှုပ်ရှားမှုဖြင့် အာရှတိုက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို ရယူရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ထောက်ပြပြောကြားခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့ လမ်းမထက်တွင် ဂျပန်ပြည်သူများက ဂျပန်အစိုးရအား ကျူးကျော်မှုတာဝန်ကို တည့်မတ်စွာရှုမြင်၍ တာဝန်ခံယူရန် တောင်းဆို၍ စီတန်းလှည့်လည် ဆန္ဒပြနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့ လမ်းမထက်တွင် ဂျပန်ပြည်သူများက ဂျပန်အစိုးရအား ကျူးကျော်မှုတာဝန်ကို တည့်မတ်စွာရှုမြင်၍ တာဝန်ခံယူရန် တောင်းဆို၍ စီတန်းလှည့်လည် ဆန္ဒပြနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
日本投降80周年 石破茂重提“反省”战争却避谈加害责任
新华社东京8月15日电(记者李子越 陈泽安)8月15日是日本宣布无条件投降80周年的日子。日本政府当天在东京的日本武道馆举行“全国战殁者追悼仪式”。日本首相石破茂在致辞中提及了“反省”一词,但反省对象并非日本对亚洲国家的侵略责任。
当天共有约4500人出席仪式,包括石破茂、日本国会众参两院议长以及战争遗属代表等。石破茂在致辞中说:“自那场大战结束至今已过去80年。如今,不了解战争的世代已占大多数。绝不能重演战争的惨祸。绝不能再次走错道路。那场战争的反省与教训,我们必须此刻再一次铭刻于心。”
这是自2012年时任首相野田佳彦以来,日本首相首次在该仪式致辞中恢复使用“反省”一词。但日媒指出,致辞中“反省”的对象并非“对亚洲各国的加害”,而是日本走向战争的过程。
1994年,时任日本首相村山富市在“全国战殁者追悼仪式”致辞中明确提及日本的加害责任并表达“深刻反省”的态度。此后直至2012年,这一主旨被历任首相所沿用。然而2013年起,时任首相安倍晋三在相关致辞中不再提及加害责任与“反省”,只是笼统表述“直面历史”,此后的首相菅义伟、岸田文雄均沿袭这一立场。
尽管如此,日本右翼团体“日本会议”仍发表声明反对石破茂的致辞,称“反省”是政治操作。据日媒此前报道,自民党内部分势力也反对石破茂在这一节点发表关于历史认识的谈话,认为“安倍谈话”已使战后相关谈话“完结”,担心此举会“重启谢罪外交”。
当天早些时候,石破茂以“自民党总裁”身份向供奉有二战甲级战犯的靖国神社奉纳祭祀费。农林水产大臣小泉进次郎前往靖国神社参拜,这是石破内阁成立以来首次有成员参拜靖国神社。此外,多名自民党高层及跨党派议员联盟成员也在15日参拜靖国神社。
中国驻日本大使馆发言人15日指出,靖国神社是日本军国主义发动侵略战争的精神工具和象征,供奉有14名二战甲级战犯。中方敦促日方正视并反省侵略历史,在靖国神社等问题上谨言慎行,与军国主义彻底切割,坚持和平发展道路,以实际行动取信于亚洲邻国和国际社会。(完)
1:8月15日,日本首相石破茂在东京的日本武道馆举行的“全国战殁者追悼仪式”上致辞。新华社记者 贾浩成 摄
2、3:8月15日,民众在日本东京街头参加游行示威,要求日本政府正视并承担侵略责任。新华社记者 贾浩成 摄