Connect with us

Europe

“သမိုင်းကိုအောက်မေ့၍ အနာဂတ်အား ဖန်တီးဖွင့်လှစ်ခြင်း” ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲအား ဘီလာရုစ်နိုင်ငံ မင့်စ်ခ်မြို့၌ ဖွင့်လှစ်ကျင်းပ

ဘီလာရုစ်နိုင်ငံ မြို့တော်မင့်စ်ခ်၌ ကျင်းပသည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မင့်စ်ခ်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
“သမိုင်းကိုအောက်မေ့၍ အနာဂတ်အား ဖန်တီးဖွင့်လှစ်ခြင်း” တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲအား ဩဂုတ် ၁၅ ရက်တွင် ဘီလာရုစ်နိုင်ငံ မဟာမျိုးချစ်စစ်အောင်နိုင်ခြင်း သမိုင်းပြတိုက် အောင်နိုင်ခြင်းခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ဘီလာရုစ်နိုင်ငံ အစိုးရနှင့် လူမှုအသိုက်အဝန်း နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ ၂၅၀ ကျော်ခန့် တက်ရောက်၍ လေ့လာကြည့်ရှုခဲ့သည်။

ယခုအကြိမ်ဓာတ်ပုံပြပွဲတွင် အဖိုးတန်သည့် သမိုင်းနှင့် ယနေ့ခေတ် ဓာတ်ပုံပေါင်း ၇၀ နီးပါးကို အသေးစိတ် ရွေးချယ်ထားရာ တရုတ်လူမျိုးများက ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်မှုအတွက် ကြီးမားသော အကျိုးထမ်းဆောင်မှုကို ပြသထားပြီး တရုတ်ကွန်မြူနစ်ပါတီက ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲအတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်မှုကို ပေါ်လွင်စေကာ တရုတ်-ဆီုဗီယက်ပြည်ထောင်စု နှစ်နိုင်ငံပြည်သူများ ပခုံးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့သည့် နှလုံးသားကိုထိမိစေသော သံယောဇဉ်ကို တင်ဆက်ထားပြီး တရုတ်-ဘီလာရုစ် နှစ်နိုင်ငံ ဘက်စုံထောင့်စုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု၏ ကြွယ်ဝသော ရလဒ်များကိုထင်ဟပ်စေပေသည်။
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက ဗီဒီယိုမိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအတွင်း တရုတ်နိုင်ငံ၊ ဆိုဗီယက်ပြည်ထောင်စု အပါအဝင် တစ်ကမ္ဘာလုံးမှ အမှန်တရား၏အင်အားများက စည်းလုံးစွာ ဘုံရန်သူအား တွန်းလှန်၍ ရဲဝံ့စွာတိုက်ပွဲဝင်ခဲ့ရာ အသက်သွေးချွေးတို့ဖြင့် နက်ရှိုင်းသောသံယောဇဉ်ဖွဲ့ခဲ့ကြပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားမျိုးနွယ် တိုးတက်မှုလုပ်ငန်းအား ကာကွယ်ထိန်းသိမ်းရန်အတွက် သမိုင်းတွင်ကျန်ရစ်သည့် သမိုင်းအကျိုးကိုထမ်းဆောင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။
နှစ်ပေါင်း ၈၀ ကြာပြီးနောက် ယနေ့အခါတွင် တရုတ်-ဘီလာရုစ်နှစ်နိုင်ငံသည် သမိုင်းအရချစ်ကြည်ရေးကို လက်ဆင့်ကမ်းကာ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား အတူတကွကာကွယ်၍ နှစ်နိုင်ငံ အချိန်အခါမရွေး ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာမျက်နှာအသစ်အား ရွေးချယ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု ရေရှည်တည်ငြိမ်စွာ တိုးတက်ရန် တွန်းအားပေးလျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဘီလာရုစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းဝန့်ချွမ်းက ဓာတ်ပုံပြပွဲသည် ဂျပန်ကျူးကျော်သူများက တရုတ်နိုင်ငံ၌ သမိုင်းတွင်ကျန်သော ပြစ်မှုကျူးလွန်ခဲ့မှုကို လှစ်ဟပြသထားပြီး တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သည့် တရုတ်ပြည်သူများက ရဲဝံ့စွာဖက်ဆစ်ဂျပန်အား ခုခံတော်လှန်ခဲ့သည့် အလျှော့မပေးသော သမိုင်းကြောင်းအား မှတ်တမ်းတင်ထားကာ တရုတ်-ဆိုဗီယက်ပြည်ထောင်စု ပြည်သူများက ပခုံးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့သည့် နက်ရှိုင်းသော သံယောဇဉ်အား ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။
မိမိတို့သည် သမိုင်းမှလေ့လာသင်ယူ၍ ဒုတိယကမ္ဘာစစ်၏ နက်ရှိုင်းသောသင်ခန်းစာနှင့် ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ ကြီးမြတ်သောအောင်နိုင်မှုအတွင်းမှ ဉာဏ်ပညာနှင့် အင်အားကို လေ့လာရယူရမည်ဖြစ်ကြောင်း၊ ဗိုလ်ကျစိုးမိုးမှုဝါဒနှင့် အာဏာနိုင်ငံရေး ပုံစံအားလုံးကို ပြတ်သားစွာ ဆန့်ကျင်၍ လူသားမျိုးနွယ်၏ ပိုမိုသာယာလှပသော အနာဂတ်ကို အတူတကွဖန်တီးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘီလာရုစ်နိုင်ငံ ပထမ ဒုတိယဝန်ကြီးချုပ် Nikolai Snopkov လည်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ ဘီလာရုစ်နှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်မှုအတွက် ကြီးမားစွာ ပေးဆပ်ခဲ့ရကြောင်း၊ သမိုင်းအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အရေအတွက် အဆက်မပြတ်လျော့နည်းလာသည့် လက်ရှိတွင် ဓာတ်ပုံပြပွဲ ကျင်းပခြင်းသည် အထူးပင် အရေးကြီးကြောင်း၊ သမိုင်းကိုအောက်မေ့၍ သမိုင်းဖြစ်ရပ်မှန်ကို တင်ဆက်ပြောကြားရမည်ဖြစ်ကြောင်း၊ သမိုင်းအား အသွင်ပြောင်းခြင်း၊ ပြစ်မှုကျူးလွန်မှုအား တန်ဆာဆင်ခြင်း၊ အာဇာနည်များအား နာမည်ဖျက်ခြင်းအား ကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ် ဓာတ်ပုံပြပွဲကို ဘီလာရုစ်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ဆင်ဟွာသတင်းဌာန မင့်စ်ခ်ရုံးခွဲ၊ ဆင်ဟွာသတင်းဌာန ကျန်းဆူးရုံးခွဲ၊ China Photo Service တို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဘီလာရုစ်နိုင်ငံ မဟာမျိုးချစ်စစ်အောင်နိုင်ခြင်း သမိုင်းပြတိုက်က ကူညီကျင်းပကာ ဂျပန်ကျူးကျော်သူများ၏ နန်ကျင်းလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မွေးချင်းများ အောက်မေ့ဖွယ်အဆောက်အဦမှ ပံ့ပိုးပေးခြင်းဖြစ်သည်။ ဓာတ်ပုံပြပွဲကို စက်တင်ဘာ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဘီလာရုစ်နိုင်ငံ မြို့တော်မင့်စ်ခ်၌ ကျင်းပသည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲအား လေ့လာကြည့်ရှုနေသည့် ဧည့်သည်တော်တစ်ဦးအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
“铭记历史 开创未来”——纪念抗战胜利80周年图片展在明斯克开幕
新华社明斯克8月15日电(记者陈汀 张超群)“铭记历史 开创未来”——纪念中国人民抗日战争暨世界反法西斯战争胜利80周年图片展15日在白俄罗斯国立伟大卫国战争历史博物馆胜利厅开幕。白俄罗斯政府和社会各界代表250余人参加了开幕式并观展。
本次图片展精选了近70张珍贵的历史和现代照片,展示中华民族为世界反法西斯战争胜利作出的巨大贡献,彰显中国共产党在抗战中的中流砥柱作用,讲述中苏两国人民并肩作战的动人情谊,反映中白两国全方位务实合作的丰硕成果。
新华通讯社社长傅华在视频致辞中表示,在世界反法西斯战争中,包括中国、苏联在内的全世界正义力量同仇敌忾、英勇战斗,用鲜血和生命凝结下深厚情谊,为维护世界和平和人类进步事业作出彪炳史册的历史贡献。80年后的今天,中白两国传承历史友谊,共同捍卫国际公平正义,谱写两国全天候全面战略伙伴关系新篇章,推动两国关系和互利合作行稳致远。
中国驻白俄罗斯大使张汶川说,图片展揭露了日本侵略者在中国犯下的滔天罪行,记录了中国共产党领导中国人民英勇抗日的不屈历史,反映了中苏人民并肩作战的深厚情谊。我们要以史为鉴,从二战的深刻教训和反法西斯战争的伟大胜利中汲取智慧和力量,坚决反对一切形式的霸权主义和强权政治,共同创造人类更加美好的未来。
白俄罗斯第一副总理斯诺普科夫出席开幕式并致辞。他表示,白俄罗斯和中国为世界反法西斯战争胜利付出巨大代价。在历史亲历者数量不断减少的当下,举办图片展尤为重要,以铭记历史、讲述历史真相,反对歪曲历史、粉饰罪犯、玷污英烈。
此次展览由中国驻白俄罗斯大使馆、新华社明斯克分社、新华社江苏分社、中国图片社主办,白俄罗斯国立伟大卫国战争历史博物馆协办,侵华日军南京大屠杀遇难同胞纪念馆支持。展览将持续到9月5日。(完)
1、这是8月15日在白俄罗斯首都明斯克拍摄的纪念中国人民抗日战争暨世界反法西斯战争胜利80周年图片展开幕式现场。新华社记者 曹阳 摄
2、8月15日,在白俄罗斯首都明斯克,一名嘉宾参观纪念中国人民抗日战争暨世界反法西斯战争胜利80周年图片展。新华社记者 曹阳 摄