Europe
ဇယ်လန်းစကီးနှင့် ထရမ့် ဖုန်းဖြင့်ဆက်သွယ်၊ အမေရိကန်သို့ သွားရောက်တွေ့ဆုံဆွေးနွေးမည်ဟု ဆို

ကိဗ်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၁၆ ရက်တွင် ၎င်းအနေဖြင့် အမေရိကန် သမ္မတ ထရမ့်နှင့် “အချိန်ကြာရှည်ပြီး အကြောင်းအရာ ပြည့်ဝတဲ့” ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် ဖိတ်ကြားချက်အရ ဩဂုတ် ၁၈ ရက်တွင် အမေရိကန် မြို့တော်ဝါရှင်တန်၌ ထရမ့်နှင့် တွေ့ဆုံပြီး ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် “အသေးစိတ်အကြောင်းအရာ အားလုံး” ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းသည် ရှေးဦးစွာ ထရမ့်နှင့် တစ်ဦးချင်း ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီးနောက် ဥရောပအကြီးအကဲများ ပါဝင်ရန် ဖိတ်ခေါ်ခဲ့ရာ ဖုန်းဖြင့်ဆက်သွယ်မှုသည် တစ်နာရီခွဲကျော်ကြာခဲ့ကြောင်း၊ ၎င်းအနက် ထရမ့်နှင့် နှစ်ဖက် ဖုန်းဖြင့်ဆက်သွယ်မှုမှာ တစ်နာရီခန့်ကြာခဲ့ကြောင်း၊ ထရမ့်က ၎င်းနှင့် ရုရှား သမ္မတ ပူတင်တို့ တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာများကို အသိပေးပြောကြားခဲ့ကြောင်း၊ ယခုအကြိမ် ဖုန်းဖြင့်ဆက်သွယ်မှုတွင် “အမေရိကန်က ယူကရိန်းလုံခြုံရေးအား အာမခံပေးမှုတွင် ပါဝင်ရန်နှင့်စပ်လျဉ်း၍ အပြုသဘောဆောင်သော အချက်ပြမှု” ကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းအနေဖြင့် ယူကရိန်း၊ အမေရိကန်နှင့် ရုရှား သုံးပွင့်ဆိုင်အစည်းအဝေး ကျင်းပမည့် အဆိုပြုချက်အား ထောက်ခံအားပေးကြောင်း၊ “အဓိကဆွေးနွေးမယ့် အကြောင်းအရာကို အကြီးအကဲအလွှာမှာ ဆွေးနွေးလို့ရတယ်။ သုံးပွင့်ဆိုင်အစည်းအဝေးပုံစံက ဒီလိုအကြောင်းအရာတွေ ဆွေးနွေးဖို့ အလွန်သင့်တော်တယ်” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်မှု၏ အဆင့်တိုင်းတွင် ဥရောပအား ပါဝင်ခွင့်ပေးပြီး ဥရောပနှင့် အမေရိကန်တို့က အတူတကွ ယူကရိန်းအတွက် အားထားရ၍ လုံခြုံသော အာမခံပေးမှုသည် အလွန်ပင် အရေးကြီးကြောင်း၊ ယူကရိန်းအနေဖြင့် မိတ်ဖက်အားလုံးနှင့်အတူ ရပ်တည်ချက် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်းလည်း ဇယ်လန်းစကီးက ဆိုခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အမေရိကန် သမ္မတ ထရမ့် (အလယ်) အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
泽连斯基同特朗普通话 称将赴美会晤
新华社基辅8月16日电 乌克兰总统泽连斯基16日说,他同美国总统特朗普进行了“长时间且内容充实”的通话。他将应邀于18日在美国首都华盛顿与特朗普会晤,讨论结束俄乌冲突的“所有细节”。
泽连斯基在社交媒体上发帖说,他与特朗普先进行了一对一的通话,然后邀请欧洲领导人加入,通话时长超过一个半小时,其中与特朗普的双边对话持续约一个小时。特朗普通报了他与俄罗斯总统普京会晤讨论的主要内容。此次通话还讨论了“美方就参与保障乌克兰安全所发出的积极信号”。
泽连斯基说,乌克兰支持举行乌克兰、美国和俄罗斯三方会议的提议。“关键议题可以在领导人层面进行讨论,而三方会议的形式非常适合讨论这些议题。”
泽连斯基还说,让欧洲在结束俄乌冲突的每个阶段都参与其中,确保欧洲与美国一道为乌克兰提供可靠安全保障非常重要。乌方将继续与所有伙伴协调立场。(完)
1、5月15日,乌克兰总统泽连斯基在土耳其安卡拉的乌克兰大使馆举行新闻发布会。新华社发(穆斯塔法·卡亚摄)
2、8月11日,美国总统特朗普(中)在华盛顿白宫出席新闻发布会。新华社记者 胡友松 摄