North America
ရုရှား-ယူကရိန်း ပဋိပက္ခကို ဇယ်လန်းစကီး “ချက်ချင်း နီးပါး” အဆုံးသတ်နိုင်ဟု ထရမ့် ဆို

ဝါရှင်တန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
အကယ်၍ ဇယ်လန်းစကီး ဆန္ဒရှိမည်ဆိုလျှင် ရုရှား-ယူကရိန်း ပဋိပက္ခကို “ချက်ချင်း နီးပါး” အဆုံးသတ်နိုင်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ယူကရိန်း သမ္မတ ဇယ်လန်းစကီးထံသို့ ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က လူမှုကွန်ရက်မီဒီယာတွင် “ယူကရိန်း သမ္မတ ဇယ်လန်းစကီး ဆန္ဒရှိမယ်ဆိုရင် ရုရှားနဲ့ စစ်ပွဲကို ချက်ချင်းနီးပါး အဆုံးသတ်နိုင်တယ်။ သူ့ (ဇယ်လန်းစကီး) အနေနဲ့ ဆက်ပြီး တိုက်ပွဲဝင်မယ်ဆိုလည်း ရပါတယ်” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းအနေဖြင့် ခရိုင်းမီးယားကို “ပြန်လည်သိမ်းယူ၍ မရ” သလို နေတိုးအဖွဲ့တွင်လည်း ပါဝင်နိုင်မည်မဟုတ်ကြောင်း၊ “အချို့ကိစ္စတွေက ထာဝရပြောင်းလဲသွားမှာမဟုတ်ဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်သည် ဇယ်လန်းစကီး၊ ဥရောပခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ ဒေသစံတော်ချိန် ဩဂုတ် ၁၈ ရက်တွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်သည်။ (Xinhua)
——————-
(Chinese Version)
特朗普称泽连斯基能“几乎立即”结束俄乌冲突
新华社华盛顿8月17日电 美国总统特朗普17日向乌克兰总统泽连斯基喊话,称如果泽连斯基愿意,俄乌冲突能“几乎立即”结束。
特朗普在社交媒体上写道:“乌克兰总统泽连斯基如果愿意的话,能几乎立即结束与俄罗斯的战争。他(泽连斯基)也可以继续战斗。”
特朗普还声称,乌克兰“收不回”克里米亚,也无法加入北约。“有些事情永远不会改变!!!” 特朗普将于当地时间18日在美国首都华盛顿与泽连斯基及欧洲领导人举行会晤。(完)
1. 8月11日,美国总统特朗普(中)在华盛顿白宫出席新闻发布会。新华社记者 胡友松 摄