Africa & Middle East
ပါကစ္စတန်နိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူ ၃၁၃ ဦး သေဆုံးခဲ့ပြီးဖြစ်

အစ္စလာမ်မာဘတ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် လူ ၃၁၃ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၅၀ ဦးထက်မနည်း ပျောက်ဆုံးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အရာရှိက ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါပြည်နယ် Buner ဒေသရှိ အဆောက်အအုံ အပျက်အစီးများအောက်တွင် အနည်းဆုံး လူ ၁၅၀ ဦး ပိတ်မိလျက်ရှိပြီး အနီးအနားရှိ Shangla ဒေသတွင်လည်း ပျောက်ဆုံးသူများရှိကြောင်း Khyber Pakhtunkhwa ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (PDMA) ညွှန်ကြားရေးမှူးချုပ် Asfandyar Khattak က ပြည်နယ်မြို့တော် Peshawar ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် မြို့တော် အစ္စလာမ်မာဘတ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပါကစ္စတန် အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) ညွှန်ကြားရေးမှူးချုပ် Inam Haider Malik က လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း မုတ်သုံမိုး ၃ ကြိမ် ရွာသွန်းမည်ဟု ခန့်မှန်းထားပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အစ္စလာမာဘတ်၊ ရာဝါလ်ပင်ဒီနှင့် လာဟိုး စသည့် မြို့ကြီးများတွင် မြို့တွင်းရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားခဲ့သည်။
နွေရာသီ၏ အစွန်းရောက် အပူချိန်မြင့်မားမှုကြောင့် ပါကစ္စတန်နိုင်ငံအတွင်း မုတ်သုံရာသီဥတုသည် စက်တင်ဘာလအစောပိုင်းအထိ ကြာမြင့်မည်ဟု ခန့်မှန်းရကြောင်း၊ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က သဘာဝဘေးသင့်ဒေသများတွင် ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်ရန်၊ ဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံများကို ဦးစားပေးပြန်လည်တည်ဆောက်ရန်နှင့် ဘေးဒဏ်သင့်မှု ပြင်းထန်သောဒေသများသို့ ကူညီကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ ဖြန့်ဖြူးပေးရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း Malik က ပြောကြားခဲ့သည်။ (Xinhua)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Buner ဒေသတွင် သဘာဝဘေးဒဏ်သင့်ပြီးနောက် ဒေသခံများ စုဝေးနေကြသည်ကို ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Buner ဒေသတွင် ရွှံ့နွံနှင့် အပျက်အစီးများကြားမှ မော်တော်ကားများ တူးဖော်ရန် ကြိုးစားကြနေသူများအား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(Chinese Version)
巴基斯坦洪灾已致313人死亡
新华社伊斯兰堡8月17日电(记者杨恺)巴基斯坦官员17日说,巴西北部开伯尔-普什图省连续暴雨引发洪水等灾害,已造成313人死亡、至少150人失踪。
开伯尔-普什图省灾害管理局局长阿斯凡迪亚尔·哈塔克在首府白沙瓦举行的新闻发布会上说,该省布内尔地区仍有至少150人被困在废墟下,相邻的香拉地区也有人员失踪。
同日,巴国家灾害管理局局长伊纳姆·海德尔·马利克在首都伊斯兰堡举行的新闻发布会上说,预计未来几周将出现3次季风降雨,降雨强度大,伊斯兰堡、拉瓦尔品第和拉合尔等城市可能出现内涝。
马利克说,受夏季极端高温影响,预计巴国内季风天气将持续至9月初。国家灾害管理局将指导受灾地区评估损失,优先恢复通信等基础设施,并向受灾严重地区发放救援物资。(完)
图说1-2:8月16日,在巴基斯坦西北部开伯尔-普什图省布内尔地区,受灾后的居民聚集在一起(手机照片)。新华社发
图说3:8月16日,在巴基斯坦西北部开伯尔-普什图省布内尔地区,人们努力从泥浆和废墟中挖出车辆(手机照片)。新华社发