Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ယွန်းဆက်ယို၏ ဇနီးဖြစ်သူက ထပ်တိုးစုံစမ်းမေးမြန်းမှုအတွင်း ရှင်းလင်းတင်ပြရန်ငြင်းပယ်ခွင့် ကျင့်သုံး

တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးတွင် တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ယွန်းဆက်ယို၏ ဇနီးဖြစ်သူ ဂင်မ်ဂွန်ဟီး (အလယ်) အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - NEWSIS/Handout via Xinhua)

ဆိုးလ်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ယွန်းဆက်ယို၏ ဇနီးဖြစ်သူ ဂင်မ်ဂွန်ဟီး (Kim Keon-hee) သည် ဩဂုတ် ၁၈ ရက်တွင် ဖမ်းဆီးခံရပြီးနောက် ဒုတိယအကြိမ် ဆင့်ခေါ်စုံစမ်းမေးမြန်းမှုအတွင်း ယေဘုယျအားဖြင့် ရှင်းလင်းတင်ပြရန်ငြင်းပယ်ခွင့် ဆက်လက်ကျင့်သုံးခဲ့ကြောင်း သိရသည်။
“ဂင်မ်ဂွန်ဟီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” သည် ထိုနေ့တွင် ဂင်မ်ဂွန်ဟီးအား ထပ်မံဆင့်ခေါ်၍ ၎င်းက အစိုးရအရာရှိ ရွေးကောက်တင်မြောက်မှုတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် အစုရှယ်ယာဈေးနှုန်းအား ထိန်းချုပ်ခြင်း စသည်တို့ လုပ်ဆောင်ကြောင်း သံသယရှိမှုအတွက် ထပ်တိုးစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု တောင်ကိုရီးယားမီဒီယာများက သတင်းဖော်ပြသည်။
နံနက်ပိုင်း စုံစမ်းစစ်ဆေးမှုသည် နံနက် ၁၀ နာရီမှ ၁၁ နာရီ ၄၂ မိနစ်ဝန်းကျင်အထိ လုပ်ဆောင်ခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးဘက်က ဂင်မ်ဂွန်ဟီးအနေဖြင့် စစ်ဆေးမေးမြန်းမှု အများစုတွင် ရှင်းလင်းတင်ပြရန်ငြင်းပယ်ခွင့်အား အသုံးပြုခဲ့ပြီး အချို့သော တင်ပြချက်များတွင်သာ “မသိဘူး” ၊ “မမှတ်မိဘူး” ဟု ပြောဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ ညနေပိုင်းစုံစမ်းစစ်ဆေးမှုတွင် ဂင်မ်ဂွန်ဟီးအနေဖြင့် Deutsch Motors ကုမ္ပဏီ ဥက္ကဋ္ဌဟောင်းက ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အစုရှယ်ယာဈေးနှုန်းအား ထိန်းချုပ်ရန် ညွန်ကြားမှုအတွင်း ၎င်းအတွက် အရင်းအနှီးပံ့ပိုးပေးမှု စသည်တို့နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့သည်။
“ဂင်မ်ဂွန်ဟီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” သည် ဩဂုတ် ၇ ရက်တွင် “အရင်းအနှီးဈေးကွက်ဥပဒေ” ၊ “နိုင်ငံရေးရန်ပုံငွေဥပဒေ” ၊ “အထူးသတ်မှတ်ထားသော ပြစ်မှုကျူးလွန်မှုအတွက် ပြစ်ဒဏ် တိုးမြှင့်ခြင်း ဥပဒေ” တို့အား ချိုးဖောက်ကြောင်း သံသယရှိမှုဖြင့် ဂင်မ်ဂွန်ဟီးအား ဖမ်းဆီးမိန့်ခွင့်ပြုရန် တရားရုံးထံ လျှောက်ထားခဲ့သည်။ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဩဂုတ် ၁၂ ရက် သန်းခေါင်ချိန်တွင် ဂင်မ်ဂွန်ဟီးအား ဖမ်းဆီးရန်အမိန့်ထုတ်ပြန်ခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဩဂုတ် ၁၄ ရက်တွင် ဂင်မ်ဂွန်ဟီးအား ဖမ်းဆီးခံရပြီးနောက် ပထမဆုံးအကြိမ် ဆင့်ခေါ်စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ရာ ဂင်မ်ဂွန်ဟီးက မေးမြန်းမှုအများစုအပေါ် ရှင်းလင်းတင်ပြရန်ငြင်းပယ်ခွင့် ကျင့်သုံးခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှုသည် အချိန်စော၍ အဆုံးသတ်ခဲ့ရသည်။ (Xinhua)

———————
(Chinese Version)
韩国前总统尹锡悦妻子对追加调查行使拒绝陈述权
新华社首尔8月18日电(记者陆睿 黄昕欣)韩国前总统尹锡悦妻子金建希18日在被捕后进行的第二次传唤调查中,大体上继续行使拒绝陈述权。
据韩国媒体报道,“金建希特检组”当天再次传唤金建希,针对她干预公职选举和操纵股价等嫌疑进行追加调查。
上午的调查从10时持续至11时42分左右。特检组方面表示,金建希对大部分讯问行使了拒绝陈述权,只是偶尔陈述说“不知道”“不记得”。下午的调查围绕她在德意志汽车公司前会长2009年至2012年指示操盘手操纵股价的过程中为其提供资金支持等展开。
“金建希特检组”7日以涉嫌违反《资本市场法》《政治资金法》《特定犯罪加重处罚法》为由提请法院批捕金建希。韩国首尔中央地方法院12日深夜签发对金建希的逮捕令。14日,特检组对金建希进行被捕后的首次传唤调查,金建希对大部分讯问行使拒绝陈述权,调查因此提前结束。(完)
图说:这是8月12日在韩国首尔中央地方法院拍摄的韩国前总统尹锡悦妻子金建希(中)。新华社/纽西斯通讯社