Asia
အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး

နယူးဒေလီ၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
အိန္ဒိယဝန်ကြီးချုပ် မိုဒီက အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီဝန်ကြီးချုပ်ရုံး၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မိုဒီက သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ်လီချန်အပေါ် ရင်းနှီးသောနှုတ်ခွန်းဆက်စကားအား ဝမ်ရိမှ တစ်ဆင့်ပြောကြားပေးရန် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသို့သွားရောက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်း ထိပ်သီးအစည်းအဝေးတက်ရောက်ပြီး ရှီကျင့်ဖိန်နှင့်အတူ တွေ့ဆုံဆွေးနွေးရန် လွန်စွာ မျှော်လင့်လျက်ရှိကြောင်း၊ ထိပ်သီးအစည်းအဝေး အပြည့်အဝ အောင်မြင်မှုရရှိရေး သေချာစေရန် SCO အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများကို အိန္ဒိယအနေဖြင့် အစွမ်းကုန် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံလုံးသည် ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံကြီးများဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု ကူးလူးဆက်ဆံရေး သမိုင်းကြောင်းသည်လည်း ရှည်လျားလှကြောင်း၊ ယခုနှစ် အောက်တိုဘာလက နှစ်နိုင်ငံခေါင်းဆောင်များ ကာဇန်၌ ပြုလုပ်ခဲ့သောတွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တိုးတက်လာရေးအတွက် အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ကြောင်း၊ အိန္ဒိယ-တရုတ်တို့သည် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်တင်ရန် တူညီသောတာဝန်ကို ရင်ဆိုင်နေရရာ ကူးလူးဖလှယ်ရေး အားကောင်းစေရန်၊ နားလည်မှုတိုးပွားစေရန်၊ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန် လုပ်ဆောင်သင့်ပြီး ကမ္ဘာကြီးအား အိန္ဒိယ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ ကြီးမားသောအလားအလာနှင့် တောက်ပသော အနာဂတ်ကို ခံစားသိရှိစေရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် နယ်နိမိတ်ပြဿနာများကို ကောင်းမွန်တည်ငြိမ်စွာ ထိန်းချုပ်ခြင်း၊ စီမံကိုင်တွယ်ခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး သဘောထားကွဲလွဲမှုများကို အငြင်းပွားမှုများအဖြစ်သို့ မရောက်ရှိစေရန် တားဆီးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် အိန္ဒိယ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ရေရှည်ရှုထောင့်မှ ကြည့်ရှုရမည်ဖြစ်ပြီး “အာရှရာစုနှစ်” ရောက်ရှိလာမှုသည် အိန္ဒိယ-တရုတ် ပူးပေါင်းဆောင်ရွက်မှုနှင့် ကင်းကွာ၍ မရကြောင်း၊ နှစ်နိုင်ငံ လက်တွဲ၍ ရှေ့ဆက်လျှောက်လှမ်းခြင်းသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်သွားမည်ဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို အကျိုးပြုသွားမည်ဖြစ်ကြောင်း မိုဒီက ပြောကြားခဲ့သည်။
ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် လီချန်၏ ရင်းနှီးသော နှုတ်ခွန်းဆက်စကားကို ဝန်ကြီးချုပ် မိုဒီအား တစ်ဆင့်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ် မိုဒီ တရုတ်နိုင်ငံသို့ လာရောက်၍ SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေးတက်ရောက်ခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ယမန်နှစ် အောက်တိုဘာလကတွင် နှစ်နိုင်ငံခေါင်းဆောင်များ ကာဇန်တွင် အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-အိန္ဒိယ ဆက်ဆံရေးကို ပြန်လည်စတင်ဆောင်ရွက်ရန် ဦးဆောင်ခဲ့ကြောင်း၊ နှစ်ဖက်လုံးက နှစ်နိုင်ငံခေါင်းဆောင်များရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို ဂရုတစိုက် လက်တွေ့ဖော်ဆောင်ကာ နှစ်နိုင်ငံဆက်ဆံရေးအား ကောင်းမွန်တိုးတက်သည့် လုပ်ငန်းစဉ်အသစ်သို့ တွန်းအားပေးခဲ့ရာ ယင်းအခင်းအကျင်း ရရှိရန်မှာ မလွယ်ကူလှပဲ တန်ဖိုးထားထိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ်ဖိတ်ကြားမှုအရ အိန္ဒိယသို့လာရောက်၍ ယခုအကြိမ် နယ်နိမိတ်ရေးရာ အထူးကိုယ်စားလှယ်တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခြင်းသည် နှစ်နိုင်ငံအဆင့်မြင့်အလွှာ အပြန်အလှန်ဆက်ဆံရေးအတွက် ကြိုတင်ပြင်ဆင်မှုလည်းဖြစ်ကြောင်း၊ ဘက်စုံ၊ နက်ရှိုင်းစွာ ဆွေးနွေးညှိနှိုင်းပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍတွင် ကဏ္ဍအသီးသီး၏ ဆွေးနွေးမှုယန္တရားများ ပြန်လည်စတင်ရေး၊ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရေး၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ အခိုင်အမာ ထိန်းသိမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းရေး၊ တစ်ဖက်သတ်ဗိုလ်ကျအနိုင်ကျင့်မှုကို ကန့်ကွက်ရေးတို့နှင့် စပ်လျဉ်း၍ မိမိတို့သည် သဘောတူညီမှုရရှိခဲ့ကြောင်း၊ နယ်နိမိတ်ရေးရာ ကဏ္ဍတွင် မိမိတို့သည် ပုံမှန်စီမံထိန်းချုပ်မှုများ ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေး၊ ထိလွယ်ရှလွယ်သောနေရာများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရေး၊ အခြေအနေပြည့်စုံမှုရှိသော နေရာများတွင် နယ်နိမိတ်သတ်မှတ်ရေး စေ့စပ်ဆွေးနွေးပွဲများ စတင်ရေးတို့နှင့်စပ်လျဉ်း၍ သဘောတူညီမှုအသစ်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်-အိန္ဒိယ ဆက်ဆံရေးသည် အတက်အကျများနှင့် ကြုံတွေ့ခဲ့ရပြီး ယင်းမှရရှိသော အတွေ့အကြုံနှင့် သင်ခန်းစာများမှာ မှတ်သားထိုက်ကြောင်း၊ မည်သည့်အခြေအနေမျိုးနှင့်ကြုံတွေ့ရသည်ဖြစ်စေ နှစ်နိုင်ငံလုံးအနေဖြင့် တစ်ဖက်နှင့် တစ်ဖက်မှာ ပြိုင်ဘက်မဟုတ်သော မိတ်ဖက်များဖြစ်သည်ဟူသည့် မှန်ကန်သော ရပ်တည်ချက်ကို အခိုင်အမာ လက်ကိုင်ထားသင့်ပြီး သဘောထားကွဲလွဲမှုများကို တည်ငြိမ်သင့်လျော်စွာ စီမံထိန်းချုပ်မှုကို ဆက်လက်လက်ကိုင်ထားကာ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများက နှစ်နိုင်ငံဆက်ဆံရေး၏ အခင်းအကျင်းကြီးအပေါ် သက်ရောက်မှုမရှိစေရန် တားဆီးရမည်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတကာအခြေအနေတွင် တရုတ်-အိန္ဒိယ ဆက်ဆံရေး၏ မဟာဗျူဟာမြောက် အနက်အဓိပ္ပာယ်မှာ ပို၍ထင်ရှားလာပြီး တရုတ်-အိန္ဒိယပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက် တန်ဖိုးသည်လည်း ပို၍သိသာလာကြောင်း ၎င်းက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးပါသော သဘောတူညီချက်များကို ဂရုတစိုက် လက်တွေ့ဖော်ဆောင်သွားမည်ဖြစ်ပြီး ကဏ္ဍအသီးသီးတွင် ကူးလူးဖလှယ်ရေးအားကောင်းစေရန်၊ တရုတ်-အိန္ဒိယ ဆက်ဆံရေး တည်ငြိမ်စွာ ရေရှည်တိုးတက်စေရေးအား တွန်းအားပေးရန်၊ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန်၊ လူသားမျိုးနွယ် တိုးတက်ရေးလုပ်ငန်းအတွက် တရုတ်-အိန္ဒိယ ယဉ်ကျေးမှုကြီးနှစ်ရပ်၏ ရှိသင့်သော အကျိုးထမ်းဆောင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ဝမ်ရိသည် အိန္ဒိယနိုင်ငံလုံခြုံရေးအကြံပေး Ajit Doval နှင့်အတူ တရုတ်-အိန္ဒိယ နယ်နိမိတ်ရေးရာ အထူးကိုယ်စားလှယ်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………..
(Chinese Version)
印度总理莫迪会见王毅
新华社新德里8月19日电(记者伍岳 陈冬书)当地时间2025年8月19日,印度总理莫迪在新德里总理府会见中共中央政治局委员、中央外办主任王毅。
莫迪请王毅转达对习近平主席和李强总理的亲切问候,表示十分期待赴华出席上海合作组织天津峰会并同习近平主席会晤。印方将全力支持中方作为上合组织轮值主席国的工作,确保峰会取得圆满成功。
莫迪表示,印中都是文明古国,友好交往历史悠久。去年10月,两国领导人喀山会晤是双边关系改善发展的转折点。印中是伙伴而不是对手,都面临加快发展的共同任务,应该加强交流,增进了解,拓展合作,让世界感受到印中合作的巨大潜力和光明前景。双方还要稳妥管控和处理边界问题,不能让分歧变成争端。
莫迪说,今年是印中建交75周年。双方要从长远角度看待两国关系,“亚洲世纪”的到来离不开印中合作。双方携手并进将为世界发展作出贡献,造福全人类。
王毅转达了习近平主席和李强总理对莫迪的亲切问候,欢迎莫迪总理来华出席上合组织天津峰会。王毅表示,去年10月,两国领导人在喀山成功会晤,引领中印关系重启再出发。双方认真落实两国领导人达成的重要共识,推动双边关系进入改善发展的新进程,这一局面来之不易,值得珍惜。此次应邀来印出席边界问题特别代表会晤,也是为两国高层互动预作准备。经过全面、深入沟通,在双边关系方面,我们就重启各领域对话机制,深化互利互惠合作,坚持多边主义,共同应对全球性挑战,反对单边霸凌达成一致。在边界问题方面,我们就开展常态化管控、维护边境地区和平安宁、妥处敏感点位、在具备条件地段启动划界谈判形成新的共识。
王毅表示,中印关系经历起伏,其中的经验教训值得铭记。无论面临什么样情况,双方都应坚持彼此是伙伴而不是对手的正确定位,坚持稳妥管控分歧,不让边界争议影响两国关系大局。当前国际形势下,中印关系的战略意义更加凸显,中印合作的战略价值更加突出。我们将认真落实两国领导人重要共识,加强各领域交流合作,推动中印关系行稳致远,更好造福两国人民,为人类进步事业作出中印两大文明的应有贡献。
访问期间,王毅同印度国家安全顾问多瓦尔举行中印边界问题特别代表会晤,并同印度外长苏杰生举行会谈。(完)
图说:8月19日,印度总理莫迪在新德里总理府会见中共中央政治局委员、中央外办主任王毅。 新华社发(贾韦德·达尔摄)