Europe
ရုရှားက လျှို့ဝှက်အဆင့်သတ်မှတ်မှုမှ ဖယ်ရှားထားသော စာရွက်စာတမ်းထုတ်ပြန်၍ အမှတ် ၇၃၁ တပ်ဖွဲ့၏ လူဖြင့်စမ်းသပ်ချက်လုပ်ဆောင်သည့် ရာဇဝတ်မှုအား ထုတ်ဖော်ပြသ

မော်စကို၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသို့ကျူးကျော်သည့် ဂျပန်စစ်တပ် အမှတ် ၇၃၁ တပ်ဖွဲ့ (၇၃၁ တပ်ဖွဲ့ဟု အတိုကောက်အားဖြင့် ခေါ်ဆိုမည်) သည် ဇီဝစစ်ပွဲ စတင်ရန်အတွက် လူဖြင့်စမ်းသပ်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့သည့်အပြင် ပျံ့နှံ့ကူးစက်နှုန်း တွက်ချက်ရန်၊ ရောဂါဖြစ်စေနိုင်သည့် ပိုးမွှား “အရည်အသွေး” အား အတည်ပြုရန်အတွက် ပိုးမွှားများသယ်ဆောင်ထားသော အမြောက်ကျည်များဖြင့် တရုတ်ပြည်သူရာနှင့်ချီအား တိုက်ခိုက်ခဲ့သည်ဟု ရုရှားနိုင်ငံ ဖက်ဒရယ် လုံခြုံရေး ဝန်ဆောင်မှုဌာန ပြည်သူ့ဆက်ဆံရေးစင်တာက ဩဂုတ် ၁၉ ရက်တွင် အဆိုပါဌာန၏ တရားဝင်ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ခဲ့သည့် လျှို့ဝှက်အဆင့်သတ်မှတ်မှုမှ ဖယ်ရှားထားသော စာရွက်စာတမ်းတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံ ဖက်ဒရယ် လုံခြုံရေး ဝန်ဆောင်မှုဌာန ဝက်ဘ်ဆိုက်၏ “သမိုင်း” ကဏ္ဍနှင့် “မှတ်တမ်းအချက်အလက်များ” ကော်လံတွင် Omsk ပြည်နယ် ဌာနခွဲမှ ပံ့ပိုးပေးသည့် လျှို့ဝှက်အဆင့်သတ်မှတ်မှုမှ ဖယ်ရှားထားသော စာရွက်စာတမ်း ဒစ်ဂျစ်တယ်ဗားရှင်းမိတ္တူနှင့် အကြောင်းအရာ အကျဉ်းချုပ်အား ထုတ်ပြန်ထားသည်။
အဆိုပါ လျှိုဝှက်အဆင့် သတ်မှတ်မှုမှ ဖယ်ရှားထားသော စာရွက်စာတမ်းများအရ ဆိုဗီယက်ပြည်ထောင်စု တပ်နီတော်သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၌ ဂျပန် Kwantung တပ်နှင့် တိုက်ပွဲဝင်သည့် ဖြစ်စဉ်အတွင်း ဂျပန်စစ်သားပေါင်း ၆၀၀,၀၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ဆိုဗီယက်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအဖွဲ့အစည်းသည် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီး ထိန်းသိမ်းခံရသော ဂျပန်ဘက်လူပုဂ္ဂိုလ်များအနက် ဇီဝလက်နက်သုတေနပြုလုပ်မှုနှင့် ထုတ်လုပ်မှုအတွင်း ပါဝင်ခဲ့သည့် စစ်ဘက်နှင့် အရပ်ဘက်ဝန်ထမ်းများအား စစ်ဆေးမှု လုပ်ဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာန Khabarovsk ဒေသ ပြည်ထဲရေးဌာန အကြီးအကဲ Ivan Dolgikh သည် ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စု အမျိုးသားလုံခြုံရေးဝန်ကြီးဌာန၏ အရှေ့ဖျားဒေသ အခြေစိုက် ကော်မရှင်နာ Sergo Goglidze ထံသို့ အထူးစာလွှာတစ်စောင်ပေးပို့ခဲ့ရာ ခေါင်းစဉ်မှာ “ဂျပန်နိုင်ငံက ဆိုဗီယက်ပြည်ထောင်စုအပေါ် ဇီဝစစ်ပွဲဆင်နွှဲရန် ပြင်ဆင်မှု” ဖြစ်သည်။
တရုတ်နိုင်ငံသို့ ကျူးကျော်သည့် ဂျပန်စစ်တပ်သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ ဆိုဗီယက် ပြည်ထောင်စုအား တိုက်ခိုက်ရန် ကြိုတင်စီစဉ်ခဲ့ရာ စစ်သည်အများအပြားအား သတ်ဖြတ်နိုင်သည့် ဇီဝစစ်ပွဲဆင်နွှဲသည့်နည်းလမ်း အသုံးပြုရန် ပြင်ဆင်ခဲ့ပြီး တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့၌ ၇၃၁ တပ်ဖွဲ့အား ထူထောင်ခဲ့သည်ကို Khabarovsk ဒေသ ပြည်ထဲရေးဌာနသည် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ဂျပန်စစ်တပ်၏ ဇီဝပညာရှင်အား စုံစမ်းစစ်ဆေးမှုအရ အတည်ပြုခဲ့ကြောင်း အဆိုပါအထူးစာလွှာ၌ ရေးသားထားသည်။
အဆိုပါတပ်ဖွဲ့သည် ပလိပ်ရောဂါ၊ ထောင့်သန်းရောဂါ၊ အသားပုပ်ခြင်း (Gas gangrene) ၊ Typhus ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ကာလဝမ်းရောဂါ၊ ကူးစက်နိုင်သော သွေးယိုဖျားရောဂါ စသည့် ရောဂါအမျိုးအစား အမျိုးမျိုးအပေါ် သုသေတနပြုလုပ်မှုနှင့် စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ပြီး ရည်ရွယ်ချက်မှာ လူခန္ဓာကိုယ် ပမာဏအများအပြားအား ကူးစက်နိုင်သည့် ထိရောက်မှုအရှိဆုံး ရောဂါဖြစ်စေသည့်ပိုးမွှားများနှင့် ၎င်းတို့အား အသုံးပြုနိုင်မည့်နည်းလမ်းအား ရှာဖွေရန်ဖြစ်သည်။ ပိုးမွှားအမျိုးမျိုးကြောင့် ဖြစ်လာနိုင်သည့် ရောဂါလက္ခဏာနှင့် ကူးစက်နိုင်သည့်နည်းလမ်းအား စစ်ဆေးစမ်းသပ်ရန်အတွက် ၇၃၁ တပ်ဖွဲ့သည် လူဖြင့်စမ်းသပ်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့ရာ ယင်းအတွက် တရုတ်ပြည်သူ၊ ရုရှားပြည်သူနှင့် သေဒဏ်ချမှတ်ခံထားရသည့် ဂျပန်ပြည်သူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဆိုဗီယက်ပြည်ထောင်စု အရှေ့ဖျားဒေသ Chita ဒေသ ပြည်ထဲရေးဌာနသည် ဇီဝလက်နက် သုတေသနပြုလုပ်မှုနှင့် ထုတ်လုပ်မှုတွင် ပါဝင်ခဲ့သည့် ဂျပန်ပိုးမွှားသုတေသီ ခါတို ဆူနေတိုရီ (အသံထွက်အားဖြင့် ဘာသာပြန်သည်) အား စစ်ဆေးမေးမြန်းမှုအရ ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အပေါ် “ဖျက်ဆီးမှု” လုပ်ဆောင်သည့် ဇီဝနည်းလမ်းများအား လျှို့ဝှက်စွာ သုတေသနပြုရန်အတွက် ဂျပန်ကာမိုတပ်ဖွဲ့ (၇၃၁ တပ်ဖွဲ့၏ ယခင်အမည်) သည် တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့ အနီးတစ်ဝိုက်ရှိ မြို့နယ်တစ်ခုတွင် တရုတ်ပြည်သူများကို အသုံးပြု၍ ပိုးမွှားစမ်းသပ်မှု လုပ်ဆောင်ခဲ့ရာ အစမ်းသပ်ခံရသူသည် ပုံမှန်အားဖြင့် ပြောက်ကျားတပ်ဖွဲ့ဝင် သို့မဟုတ် ၎င်းတို့အား သနားကြင်နာစိတ်ရှိသူများပင်ဖြစ်ကြောင်း လျှို့ဝှက်အဆင့်သတ်မှတ်မှုမှ ဖယ်ရှားထားသော စာရွက်စာတမ်းက ဖော်ပြထားသည်။
ဂျပန်စစ်တပ်သည် တရုတ်ပြည်သူပေါင်းရာနှင့်ချီအား လယ်ကွင်းအတွင်း ခေါ်ဆောင်သွားကာ ၎င်းတို့ကို ပလိပ်ရောဂါ၊ ထောင့်သန်းရောဂါ သို့မဟုတ် ကာလဝမ်းရောဂါပိုးမွှားများ ထည့်သွင်းထားသည့် အမြောက်ကျည်များဖြစ် ပစ်ခတ်ခဲ့ကြောင်း၊ အချိန်ကာလတစ်ခုအကြာတွင် ဂျပန်စစ်တပ်က ရုပ်အလောင်းနှင့် ရောဂါကူးစက်သူများကို စုဆောင်းကာ ကူးစက်သည့်အချိုးအဆကို တွက်ချက်ခြင်းဖြင့် ရောဂါဖြစ်စေသည့် ပိုးမွှား၏ “အရည်အသွေး” အား အတည်ပြုသည်ဟု ခါတို ဆူနေတိုရီက ဖတ်ရှုခဲ့ဖူးသည့် စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။
နာဇီဂျာမနီနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စုအား စတင်တိုက်ခိုက်၍ ဂျပန်က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှ ဆိုဗီယက်ပြည်ထောင်စုအား တိုက်ခိုက်ရန် ပြင်ဆင်ချိန်တွင် ဂျပန်က ဆိုဗီယက်ပြည်ထောင်စုအပေါ် ဇီဝစစ်ပွဲဆင်နွှဲရန်အတွက် အဓိကသုတေသနလုပ်ငန်းများကို လုပ်ဆောင်ပြီးစီးပြီး ဖြစ်ကြောင်း Ivan Dolgikh က ၎င်းပေးပို့သည့် အထူးစာလွှာတွင် ထောက်ပြပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
俄罗斯发布解密文件揭示731部队人体实验罪行
新华社莫斯科8月19日电 俄罗斯联邦安全局公共关系中心19日在该局官网发布的解密文件显示,侵华日军第七三一部队(简称731部队)为发动细菌战,不停实施人体实验,甚至用携带病菌的炮弹攻击数百名中国人,以计算感染率、确定致病菌“质量”。
俄联邦安全局官网“历史”单元和“档案资料”栏目发布了鄂木斯克州分局提供的解密文件数字版副本及内容摘要。
这些解密文件显示,苏联红军在中国东北与日本关东军作战过程中,超过60万日本军人投降。1945年至1948年,苏联国家安全机关对被俘和被扣押日方人员中参与过研制细菌武器的军职和文职人员进行审查。1947年,时任苏联内务部哈巴罗夫斯克边疆区内务局长伊万·多尔吉赫向时任苏联国家安全部驻远东地区特派员谢尔盖·戈格利泽发去一封专函,标题为《关于日本准备对苏联实施细菌战》。
专函写道,哈巴罗夫斯克边疆区内务局通过调查被俘日军中的细菌专家确认,侵华日军预谋从中国东北地区进攻苏联,曾准备动用可大量消灭兵员的细菌战手段,并在哈尔滨设立731部队。该部队对各种类型的鼠疫、炭疽、气性坏疽、鼻疽、伤寒、痢疾、霍乱、传染性出血热进行研究和实验,目的是找到能大规模感染人体的最有效病原体及其使用方法。为检验各种细菌的作用和感染方式,731部队不停实施人体实验,为此关押中国人、俄罗斯人和被判处死刑的日本人。
解密文件显示,1948年2月,苏联远东地区赤塔州内务局通过审问参与细菌武器研制的日本细菌研究者加藤常则(音译)得知,为秘密研究对苏联、中国和美国实施“破坏”的细菌手段,日本加茂部队(731部队曾用名)在哈尔滨附近一个乡镇用中国人做细菌实验,被实验者通常是游击队员或其同情者。加藤常则读过的一份文件显示,日军曾把数百名中国人带到田野里,随后向他们发射填充鼠疫、炭疽或霍乱菌的炮弹。一段时间后,日军会收集尸体和染病者并计算感染比例,以此确定致病菌的“质量”。
多尔吉赫在专函中指出,在纳粹德国开始进攻苏联、日本准备从中国东北进攻苏联时,日本用于对苏联实施细菌战的主要研究工作已经完成。(完)