Asia
၆ ကြိမ်မြောက် တရုတ်-အာဖဂန်နစ္စတန်- ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ ကျင်းပ

ကဘူးလ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
၆ ကြိမ်မြောက် တရုတ်-အာဖဂန်နစ္စတန်- ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက်က ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နှင့် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar တို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမှုယန္တရားသည် ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ထွန်ရှီးမြို့တွင် ပြန်လည်စတင်ချိန်မှစ၍ မိမိတို့သည် အပြန်အလှန် လေးစားခြင်း၊ တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးခြင်း၊ အပြန်အလှန်အကျိုးပြု၍ ဘုံအကျိုးထွန်းမှုဖော်ဆောင်ခြင်း အခြေခံမူတို့ကို အရင်းခံ၍ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် တွန်းအားပေးကာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းခဲ့သလို အန္တရာယ်စိန်ခေါ်မှုအမျိုးမျိုးကိုလည်း ရင်ဆိုင်ဖြေရှင်းခဲ့ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ ကမ္ဘာကြီးသည် ကမောက်ကမဖြစ်မှုနှင့် အပြောင်းအလဲရေးကာလအသစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်းဖွဲ့စည်းတည်ဆောက်ရေး၏ အရေးကြီးသော အတွေးအခေါ်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် (GCI) အဆိုပြုခဲ့ရာ ဤအရေးပါသော နိုင်ငံတကာ ပြည်သူ့ထုတ်ကုန်သည် သုံးနိုင်ငံက သာယာလှပသော မိသားစုဥယျာဉ် အတူတကွတည်ဆောက်ရန်၊ လုံခြုံရေးအုတ်မြစ်အတူအကွတည်ဆောက်ရန်အတွက် အရေးပါသော လမ်းညွှန်မှုများ ဆောင်ကြဉ်းပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ အိမ်နီးချင်း အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေရန်၊ အပြန်အလှန်၏ အဓိကကျသော အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် နားလည်မှုနှင့် အပြန်အလှန် ထောက်ခံမှုပေးရန်၊ ဤဒေသတွင်းအား ဝင်ရောက်စွက်ဖက်သော မည်သည့်ပြင်ပအင်အားစုများကိုမဆို အခိုင်အမာ ဆန့်ကျင်ရန်၊ မည်သည့်အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ဤတိုင်းပြည်နယ်နိမိတ်အတွင်း အပြန်အလှန် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ထိခိုက်စေသည့် အပြုအမူများ ဆောင်ရွက်ခြင်းကို ခိုင်ခိုင်မာမာ ဆန့်ကျင်ရန် ဆောင်ရွက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
သုံးပွင့်ဆိုင်အနေဖြင့် ကဏ္ဍစုံ၊ အလွှာစုံ ကူးလူးဆက်ဆံရေးကို တစ်ဆင့်တိုး နီးကပ်စေပြီး မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို အဆက်မပြတ် ခိုင်မာစေသင့်ကြောင်း၊ တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နှစ်ဖက်ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ အကျိုးစီးပွား ပေါင်းစည်းမှု နက်ရှိုင်းစေခြင်း၊ သဘောထားကွဲလွဲမှုများကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းမှုကို ထိန်းသိမ်းထားခြင်း၊ တရုတ်-အာဖဂန်နစ္စတန်-ပါကစ္စတန် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုအား တည်ငြိမ်စွာ ရေရှည်တိုးတက်စေခြင်းကို ထောက်ခံကြောင်း ၄င်းက ပြောကြားခဲ့သည်။
တရုတ်နှင့် ပါကစ္စတန်တို့၏ အာဖဂန်နစ္စတန် တည်ငြိမ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတွင် အကူအညီပေးခြင်း၊ ပြည်ပနိုင်ငံများနှင့် ကူးလူးဆက်ဆံရေး ချဲ့ထွင်ပေးခြင်းတို့သည် နိုင်ငံတကာအသိုက်အဝန်းနှင့် ဒေသတွင်းအိမ်နီးချင်းများကြားတွင် ရှေ့တန်း၌ တည်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံစုံစင်မြင့်တွင် အာဖဂန်နစ္စတန်အတွက် တရားမျှတမှုကို ဆက်လက်ထိန်းသိမ်းထားပြီး ပြင်ပအသိုက်အဝန်းနှင့် အာဖဂန်နစ္စတန်ကြား အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ပေးကာ အာဖဂန်နစ္စတန် သံတမန်ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် တွန်းအားပေးခြင်းကို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဝမ်ရိက ထောက်ပြခဲ့သည်။
သုံးနိုင်ငံအနေဖြင့် ပြည်သူများကြား စိတ်နှလုံးသားချင်း ဆက်နွှယ်မှု တိုးတက်စေရန် ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်စေပြီး ကုန်သွယ်ရင်းနှီးမြှုပ်နှံကူးလူးမှုကို တိုးချဲ့ကာ အပြန်အလှန်ချိတ်ဆက်မှု ကွန်ရက်တည်ဆောက်ခြင်းကို အားကောင်းစေရမည်ဖြစ်ကြောင်း၊ လုံခြုံရေး ဆွေးနွေးမှုယန္တရားအား ပြည့်စုံအောင် ကောင်းမွန်စွာ ဆောင်ရွက်ပြီး တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရမည်ဖြစ်သလို နိုင်ငံဖြတ်ကျော် အကြမ်းဖက်လှုပ်ရှားမှုတိုက်ဖျက်ရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုမှရရှိသော သဘောတူညီချက်ကို အခြေခံ၍ အကြမ်းဖက်ဝါဒများ ပေါက်ဖွားရာ နေရာများကို သုတ်သင်ရှင်းလင်းရန် ၎င်း၏ လက္ခဏာနှင့် အကြောင်းရင်းဇာစ်မြစ် နှစ်မျိုးလုံးကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လုံခြုံရေးသည် ခွဲခြား၍မရသောအခြေခံမူကို လက်ကိုင်ထားပြီး အပြန်အလှန်၏ ကျိုးကြောင်းဆီလျော်မှုရှိသော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အလေးထားလျက် ပူးပေါင်းဆောင်ရွက်မှုဖြင့် လုံခြုံသော၊ အတူတကွ လုံခြုံသော လမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နှင့် Mohammad Ishaq Dar တို့က သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမှုယန္တရားမှ ရရှိသော အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးအနက်ထား ချီးမွမ်းခဲ့ပြီး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံ၏ အကျိုးသယ်ပိုးမှုအား တန်ဖိုးထားချီးမွမ်းခဲ့သည်။
Amir Khan Muttaqi က တရုတ်၊ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ယခုအကြိမ် ဆွေးနွေးပွဲ တက်ရောက်မှုကို ကြိုဆိုကြောင်း၊ တရုတ်နှင့် ပါကစ္စတန်၏ နိုင်ငံတကာ စင်မြင့်တွင် အာဖဂန်နစ္စတန်အား အခိုင်အမာ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိ နိုင်ငံတကာ ဒေသတွင်းအခြေအနေသည် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပွားခဲ့ရာ အာဖဂန်နစ္စတန်အနေဖြင့် ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုကို အခွင့်အလမ်းအဖြစ်သတ်မှတ်ကာ ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးကို နက်ရှိုင်းစေပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်၍ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှ ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။
Mohammad Ishaq Dar က ပါကစ္စတန်၊ တရုတ်၊ အာဖဂန်နစ္စတန်တို့၏ သမိုင်း၊ ယဉ်ကျေးမှု၊ စီးပွားရေး ချိတ်ဆက်မှုသည် နီးကပ်လျက် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအလားအလာမှာ ကြီးမားကြောင်း၊ ဘုံဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်နိုင်ရန် မိတ်ဖက်ဆက်ဆံရေးကို အတူတကွ မြှင့်တင်ပြီး ကုန်သွယ်ရေး၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ရေး၊ အပြန်အလှန် ချိတ်ဆက်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်သင့်ကြောင်း၊ အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံအဖြစ် ပါကစ္စတန်နိုင်ငံသည် အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေး၊ အာဖဂန်နစ္စတန်ပြည်သူများ၏ လူနေမှုဘဝတိုးတက်ကောင်းမွန်ရေးအတွက် ပိုမိုကြီးမားသော ပံ့ပိုးကူညီမှုများ ဆောင်ရွက်သွားလိုကြောင်း၊ ပါကစ္စတန်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်၏ ပြည်ပ၌ ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှုများအား ပယ်ဖျက်ပေးရန် တိုက်တွန်းကြောင်း၊ တန်းတူညီမျှမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် တာဝန်ဝတ္တရား မျှဝေထမ်းဆောင်မှု အခြေခံမူများကို အရင်းခံ၍ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်တိုက်ခိုက်မှု စသည့် အကြမ်းဖက်လှုပ်ရှားမှု မည်သည့်ကိုမဆို ပူးပေါင်းတိုက်ဖျက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးမှုယန္တရားအခန်းကဏ္ဍကို အပြည့်အဝ အသုံးပြုပြီး ကဏ္ဍစုံ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်၍ သာယာဝပြောရေးကို မြှင့်တင်ဆောင်ရွက်ရန် သုံးပွင့်ဆိုင်လုံးသည် တစ်ခဲနက် သဘောတူခဲ့ကြသည်။ (Xinhua)
…………………….
(Chinese Version)
中阿巴外长举行第六次对话
新华社喀布尔8月20日电(记者聂新宇 李昂)当地时间2025年8月20日,第六次中国-阿富汗-巴基斯坦三方外长对话在阿富汗喀布尔举行。中共中央政治局委员、外交部长王毅,阿富汗外长穆塔基,巴基斯坦副总理兼外长达尔出席。
王毅表示,三方外长对话机制2022年在安徽屯溪重启以来,我们本着相互尊重、平等协商、互利共赢原则,持续推进政治、发展、安全领域合作,守护了地区和平安宁,应对了各类风险挑战。当前世界进入新的动荡变革期。习近平主席提出构建人类命运共同体重要理念和全球发展倡议、全球安全倡议、全球文明倡议,这些重要国际公共产品为三国共建美好家园、共筑安全基石提供了重要指引。
王毅表示,中方愿同阿方、巴方深化睦邻互信,在涉及彼此核心利益问题上相互理解、相互支持,坚决反对任何外部势力插手干涉本地区,坚决反对任何组织或个人在本国境内从事损害彼此国家主权、安全和领土完整的行为。三方应进一步密切各层级交往,不断巩固战略互信。中方支持阿巴改善双边关系,深化利益交融,坚持通过对话协商妥处分歧,推动中阿巴三方合作行稳致远。
王毅指出,中巴在帮助阿富汗稳局重建、扩大对外交往上均走在国际社会和地区近邻前列。中方将继续在多边场合为阿主持公道,推动外界同阿方开展建设性接触交往,支持阿方推进外交关系正常化。
王毅表示,三方要扩大发展合作,扩大贸易投资往来,加强互联互通网络建设,增进民心相通。要健全安全对话机制,深化执法安全合作,加强打击跨国恐怖活动,在协商一致基础上标本兼治铲除恐怖主义滋生土壤。要秉持安全不可分割原则,重视彼此合理安全关切,走出一条合作安全、共同安全之路。
穆塔基和达尔高度评价三方外长对话机制取得的积极进展,赞赏中方为推动三方合作所作贡献。穆塔基欢迎中、巴外长出席此次对话,感谢中、巴在国际舞台上坚定支持阿富汗。当前国际地区形势发生重大变化,阿方希望以本次会晤为契机,深化友好关系,加强协调配合,推动三方合作实现更大发展。
达尔表示,巴中阿历史、文化、经济纽带紧密,三方合作潜力巨大,应共同推进伙伴关系,加强贸易、共建“一带一路”、互联互通、反恐等领域合作,实现共同发展。作为阿富汗的邻国,巴方愿为实现阿富汗和平进程、改善阿民生等作出更大贡献。巴方呼吁解除被冻结的阿富汗海外资产。基于平等、互信、责任共担原则,共同打击跨境恐袭等一切形式的恐怖活动。
三方一致同意充分发挥三方外长对话机制作用,加强各领域交流合作,促进地区和平稳定与发展繁荣。(完)
图说:当地时间2025年8月20日,第六次中国-阿富汗-巴基斯坦三方外长对话在阿富汗喀布尔举行。中共中央政治局委员、外交部长王毅,阿富汗外长穆塔基,巴基斯坦副总理兼外长达尔出席。 新华社记者 李昂 摄