North America
“လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း” ခေါင်းစဉ် ပညာရပ်ဆိုင်ရာ အထူးစာစောင် ကျူးဘား ဖြန့်ဝေ

ဟာဗားနား၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)
ကျူးဘား နိုင်ငံတကာနိုင်ငံရေးလေ့လာရေးစင်တာ၏ ပညာရပ်ဆိုင်ရာသုံးလပတ်ဂျာနယ် “Nuestra América” သည် “လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း” ခေါင်းစဉ်အထူးစာစောင်ထုတ်ဝေခြင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနား၌ ဩဂုတ်လ ၁ ရက်က ကျင်းပခဲ့သည်။
ယခုအကြိမ် ထုတ်ဝေသည့် အထူးစာစောင်တွင် တရုတ်-ကျူးဘား ပညာရှင် ၂၀ ဦးကျော်နှင့် သံတမန်များ၏ သုတေသနဆောင်းပါးများ စုစည်းထားပြီး ယင်းအကြောင်းအရာများတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးအတွေးအခေါ်များနှင့် နိုင်ငံတကာရေးရာ၌ ၎င်း၏ လက်တွေ့အကောင်အထည်ဖော်မှုများ၊ တရုတ်-ကျူးဘား နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများ ပါဝင်သည်။
ကျူးဘား-တရုတ်တို့သည် မကြာမီတွင် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၆၅ နှစ်ပြည့် နှစ်ပတ်လည်ရောက်ရှိတော့မည်ဖြစ်ပြီး အထူးစာစောင်ထုတ်ဝေမှု မိတ်ဆက်ပွဲသည် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Josefina Vidal က စာနယ်ဇင်းမိတ်ဆက်ပွဲ၌ အမှာစကားတွင် ပြောကြားခဲ့သည်။ ဤအထူးစာစောင်ထုတ်ဝေမှုမှတစ်ဆင့် တရုတ်-ကျူးဘား အေးအတူပူအမျှအသိုက်အဝန်းမှသည် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအထိ မြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားကောင်းစေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်တုံ့ပြန်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
ယခုအကြိမ် အထူးစာစောင်ထုတ်ဝေမှုသည် သီအိုရိနှင့် လက်တွေ့ဖော်ဆောင်မှုကို ပေါင်းစည်းခြင်း၊ “Nuestra América” ၏ ပထမဆုံးအကြိမ် စာစောင်တစ်ခုလုံးသည် နိုင်ငံတစ်ခုတည်းကို အာရုံစိုက်ထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံတကာ သြဇာလွှမ်းမိုးမှုအပေါ် ကျူးဘား ပညာရှင်အသိုင်းအဝိုင်း၏ အထူးအာရုံစိုက်မှုကို ထင်ဟပ်နေကြောင်း ကျူးဘား နိုင်ငံတကာနိုင်ငံရေးလေ့လာရေးစင်တာ သုတေသီ Ruvislei González Saez က ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းအတွေးအခေါ်သည် သီအိုရီဆိုင်ရာ လမ်းညွှန်မှု အနက်အဓိပ္ပာယ်ရှိသည်သာမက တရုတ်နှင့် ကျူးဘား စသည့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တဖြည်းဖြည်း လက်တွေ့ဖော်ဆောင်မှုအမြစ်တွယ်လာခြင်း ဖြစ်သည်။ ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် ပထမဦးဆုံး တရုတ်နှင့် နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်သောနိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံသည် တရုတ်-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေးအတွက် လက်တင်အမေရိကအင်အား ဖြည့်တင်းပေးမည်ဟု ယုံကြည်ကြောင်း ကျူးဘားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွာရှီးက အဆိုပါမိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။
ကျူးဘား နိုင်ငံတကာ နိုင်ငံရေးသုတေသနပြုလေ့လာမှုစင်တာသည် ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်မှဖြစ်ပြီး နိုင်ငံတကာနိုင်ငံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးကို တာဝန်ယူ သုတေသနပြုလေ့လာခြင်းဖြစ်သည်။ (Xinhua)

ကျူးဘား နိုင်ငံတကာနိုင်ငံရေးလေ့လာရေးစင်တာ သုတေသီ Ruvislei González Saez က ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနား၌ ကျင်းပသော အထူးစာစောင်ထုတ်ဝေခြင်း စာနယ်ဇင်းမိတ်ဆက်ပွဲတွင် အမှာစကားပြောကြားနေသည်ကို ဩဂုတ် ၁ ရက် တွေ့ရစဉ် (ဆင်ဟွာ)
……………………
(Chinese Version)
古巴发布“人类命运共同体”主题学术专刊
新华社哈瓦那8月1日电(记者蒋彪)古巴国际政治研究中心学术季刊《我们的美洲》8月1日在首都哈瓦那举行“人类命运共同体”主题专刊发布会。本期专刊汇集了20多位中古学者和外交官的研究文章,内容包括中国外交理念及其在国际事务中的实践、中古双边关系历史与现状等。
古巴外交部副部长何塞菲娜·比达尔在发布会上致辞说,古中即将迎来建交65周年,专刊的发布具有重大意义。她表示,希望借主题专刊的发布推动古中命运共同体乃至人类命运共同体建设,呼吁学术界继续加强交流与合作,共同应对全球性挑战。
古巴国际政治研究中心研究员鲁维斯莱·冈萨雷斯在接受新华社采访时表示,此次主题专刊结合理论与实践,是《我们的美洲》首次整期聚焦于一个国家,体现出古巴学界高度关注中国国际影响力。
中国驻古巴大使华昕在发布会上说,人类命运共同体理念不仅有理论指导意义,更通过中国与古巴等国的合作逐步落地生根。作为西半球首个与中国共建双边命运共同体的国家,相信古巴将推动中拉合作,为构建人类命运共同体注入拉美力量。
古巴国际政治研究中心隶属古巴外交部,负责开展国际政治与国际关系研究。(完)
图说:8月1日,古巴外交部副部长何塞菲娜·比达尔在哈瓦那举行的主题专刊发布会上致辞。新华社发(华金·埃尔南德斯摄)
8月1日,古巴国际政治研究中心研究员鲁维斯莱·冈萨雷斯在哈瓦那举行的主题专刊发布会上致辞。新华社发(华金·埃尔南德斯摄)