North America
ထရမ့်အစိုးရက အမေရိကန်ဗီဇာ ကိုင်ဆောင်ထားသူ ၅၅ သန်းအား စစ်ဆေးဟု အမေရိကန် မီဒီယာများ ဖော်ပြ

ဝါရှင်တန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
ထရမ့်အစိုးရအနေဖြင့် အမေရိကန်ဗီဇာ ကိုင်ဆောင်ထားသူ ၅၅ သန်းအား စစ်ဆေးလျက်ရှိကြောင်း၊ စည်းကမ်းချိုးဖောက်သည့် လုပ်ရပ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ၎င်းတို့သည် ဗီဇာပယ်ဖျက်ခံရခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရခြင်းတို့ ဖြစ်နိုင်ခြေရှိကြောင်း အမေရိကန်မီဒီယာများက ဩဂုတ် ၂၁ ရက်တွင် သတင်းဖော်ပြကြသည်။
အေပီသတင်းဌာနသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏မေးမြန်းမှုအပေါ် စာဖြင့် ဖြေကြားချက်အား ကိုးကား၍ အမေရိကန်ဗီဇာ ကိုင်ဆောင်ထားသူအားလုံးသည် “အဆက်မပြတ် စစ်ဆေးမှု” ခံရမည်ဖြစ်ကြောင်း၊ ၎င်းသည် ဗီဇာကိုင်ဆောင်ရန် အရည်အချင်း မပြည့်မီတော့ဟု ဖော်ပြသည့် အခြေအနေများ ပေါ်ထွက်လာကြောင်း တွေ့ရှိသည်နှင့် ဗီဇာသည် ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း၊ ဗီဇာကိုင်ဆောင်သူက အမေရိကန်တွင် ရောက်ရှိနေပါက ပြည်နှင်ဒဏ် ပေးခံရခြင်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြခဲ့သည်။
ဗီဇာကိုင်ဆောင်ရန် အရည်အချင်းမပြည့်မီသည့် အခြေအနေများအနေဖြင့် နေထိုင်ခွင့်ကာလကျော်လွန်၍ နေထိုင်မှု၊ ပြစ်မှုကျူးလွန်သည့်လုပ်ရပ်၊ အများပြည်သူ လုံခြုံမှုအပေါ် ခြိမ်းခြောက်မှုဖြစ်မှု၊ မည်သည့် အကြမ်းဖက်လှုပ်ရှားမှု အသွင်ကိုမဆို လုပ်ဆောင်မှု သို့မဟုတ် အကြမ်းဖက်အဖွဲ့အတွက် ပံ့ပိုးပေးမှုတို့ ပါဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ထရမ့်က ယခုနှစ် နှစ်ဆန်းပိုင်းတွင် အိမ်ဖြူတော်သို့ ထပ်မံဝင်ရောက်သည့်အချိန်မှစ၍ ရွှေ့ပြောင်းနေထိုင်မှုမူဝါဒအား အဆက်မပြတ် တင်းကျပ်လာခဲ့သည်။ ၎င်းသည် တစ်ဖက်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ပြည်နှင်မှုအင်အားကို မြှင့်တင်၍ အခြားတစ်ဖက်တွင် ကျောင်းသားဗီဇာ စသည့် တရားဝင်ဗီဇာ ကိုင်ဆောင်ထားသူများအပေါ် စစ်ဆေးမှုအား တိုးမြှင့်ခဲ့သည်။ အမေရိကန်သည် ယခုနှစ်အတွင်း ကျောင်းသား ၆,၀၀၀ ကျော်၏ ဗီဇာကို ပယ်ဖျက်ပြီးဖြစ်ကြောင်း အမေရိကန် CNN ၊ Fox News စသည့် အမေရိကန်မီဒီယာများစွာက ဩဂုတ် ၁၈ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အမည်မဖော်လိုသည့် အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာနက ဩဂုတ် ၁၉ ရက်တွင် အသစ်ပြင်ဆင်ထားသော ၎င်းတို့၏မူဝါဒလမ်းညွှန်စာအုပ် အကြောင်းအရာ ကြေညာချက်ထုတ်ပြန်၍ လူဝင်မှုကြီးကြပ်ရေး အရာရှိသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် လုပ်ဆောင်ရန် လိုအပ်သည့် ရွှေ့ပြောင်းနေထိုင်သူ အကျိုးခံစားခွင့် လျှောက်ထားမှုအား စီမံရာတွင် လျှောက်ထားသူက အမေရိကန်ဆန့်ကျင်ရေး၊ အကြမ်းဖက်အဖွဲ့၊ ဂျူးလူမျိုးမုန်းတီးရေးဝါဒ အတွေးအခေါ်နှင့် လှုပ်ရှားမှုတို့တွင် ဆက်နွှယ်ပါဝင်ခြင်း ရှိ၊ မရှိ စသည့် အကြောင်းအချက်များအား ထည့်သွင်းစဉ်းစားရမည်ဟု အတိအလင်း စည်းကမ်း သတ်မှတ်ထားကြောင်း ကြေညာခဲ့သည်။
အသစ်ပြင်ဆင်ပြီးသည့်မူဝါဒသည် အမေရိကန်သို့ လာရောက် အလုပ်လုပ်ကိုင်သော၊ ပညာသင်ယူသော လူအုပ်စုနှင့် ရာသက်ပန်နေထိုင်ခွင့်လျှောက်ထားမည့် လူအုပ်စုအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း အမေရိကန်မီဒီယာက ခွဲခြမ်းစိတ်ဖြာကြသည်။ (Xinhua)
————————-
(Chinese Version)
美媒:特朗普政府审查5500万美签持有人
新华社华盛顿8月21日电 据美国媒体21日报道,特朗普政府正在审查5500万持有美国签证的人,若被查出有违规行为将可能导致签证被撤销或被驱逐出境。
美联社援引美国国务院对其提问的书面答复说,所有持有美国签证的人都将接受“持续审查”,一旦发现任何可能表明其不再符合签证资格的迹象,签证将被撤销,如果持有人身在美国,则可能面临被驱逐出境。美国务院说,不符合签证资格的迹象包括逾期居留、犯罪行为、对公共安全构成威胁、从事任何形式的恐怖活动或为恐怖组织提供支持。
特朗普今年年初再次入主白宫以来,不断收紧移民政策,一方面强化对非法移民的驱逐力度,一方面加大了对学生签证等合法签证持有人的审查力度。据美国有线电视新闻网、福克斯新闻网等多家美国媒体18日援引美国务院匿名官员的话报道,美方今年已撤销逾6000名学生签证。
美国公民及移民服务局19日发表声明宣布更新其政策手册内容,明确规定移民官员在处理需要行使自由裁量权的移民福利申请时,应考虑申请人是否牵涉反美、恐怖组织、反犹太主义思想及活动等因素。据美国媒体分析,更新后的政策可能影响赴美工作、学习的人群以及申请永久居民身份的人群。(完)
图说:这是7月11日在美国首都华盛顿拍摄的美国国务院外景。新华社记者 胡友松 摄