Africa & Middle East
ပါကစ္စတန် သမ္မတ Asif Ali Zardari နှင့် ဝမ်ရိ တွေ့ဆုံးဆွေးနွေး

အစ္စလာမ်မာဘတ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
ပါကစ္စတန် သမ္မတ Asif Ali Zardari သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် ဒေသစံတော်ချိန် ဩဂုတ် ၂၁ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် Asif Ali Zardari က သမ္မတ ရှီကျင့်ဖိန်ထံ ရင်းနှီးသော နှုတ်ခွန်းဆက်စကားကို ဝမ်ရိမှတစ်ဆင့် ပြောကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်အား မြင့်မြတ်သည့်လေးစားမှုကို ဖော်ပြကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်-တရုတ် ချစ်ကြည်ရေးသည် မိုးဒဏ်လေဒဏ်၏ စမ်းသပ်မှုကို ခံနိုင်ရည်ရှိပြီး အချိန်အခါမရွေး မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်ကြောင်း၊ လက်ရှိကမ္ဘာ့အခြေအနေသည် အန္တရာယ်နှင့် စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသော်လည်း တရုတ်နိုင်ငံသည် အနိုင်ကျင့်ဗိုလ်ကျမှုလုပ်ရပ်များကို ရင်ဆိုင်ခုခံဝံ့သလို မိမိအကျိုးစီးပွားနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားများကို ခိုင်ခိုင်မာမာ ထိန်းသိမ်းကာကွယ်ပေးခဲ့ကြောင်း၊ အခြေအနေမည်သို့ပင် ပြောင်းလဲစေကာမူ ပါကစ္စတန်သည် တရုတ်နိုင်ငံအား အပြည့်အဝ ယုံကြည်ကာ တရုတ်နှင့်အတူ ရပ်တည်မှုက အနည်းငယ်မျှ ယိမ်းယိုင်မည်မဟုတ်ကြောင်း၊ ပါကစ္စတန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ကိုယ့်ကျိုးမဖက် ကူညီမှုများအား ပါကစ္စတန်က ကျေးဇူးတင်ရှိကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံနှင့် ဂွါဒါဆိပ်ကမ်းစသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများတွင် တိုးတက်မှုအသစ်များရရှိပြီး နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားလိုကြောင်း၊ ပါကစ္စတန်-တရုတ် အနေဖြင့် အရေးပါသော နိုင်ငံတကာ ဒေသတွင်းကိစ္စရပ်များတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် မြှင့်တင်ကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် သာယာဝပြောဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ထိန်းသိမ်းကာကွယ်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးသော နှုတ်ခွန်းဆက်စကားကို တစ်ဆင့် ပြောကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်၏ အမြော်အမြင်ကြီးမားသော ဦးဆောင်မှုအောက်တွင် တရုတ်ကွန်မြူနစ်ပါတီသည် လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော တရုတ်ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်လျက် အားသွန်ခွန်စိုက် စိတ်တူကိုယ်တူ ရှေ့ဆက်လျှောက်လှမ်းခဲ့ရာ တရုတ်အမျိုးသားတို့၏ မဟာပြန်လည် အားသစ်လောင်းရေး ကြီးမြတ်သော ပန်းတိုင်ကို ဧကန်မုချ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့ငြိမ်းချမ်းရေးအင်အား တိုးတက်မှု၊ တည်ငြိမ်သော အကြောင်းရင်းများ အားကောင်းလာမှုနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်အားကြီးထွားလာမှုပင်ဖြစ်ကြောင်း၊ မည်သည့်အင်အားစု၊ မည်သည့်အခက်အခဲကမျှ တရုတ်ပြည်သူများ၏ ရှေ့ဆက်မည့် ခြေလှမ်းကို တားဆီးနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-ပါကစ္စတန် ချစ်ကြည်ရင်းနှီးမှုသည် မိုးဒဏ်လေဒဏ်၏ စမ်းသပ်မှုကို ခံနိုင်ရည်ရှိပြီး မဖောက်ဖျက်နိုင်အောင် ခိုင်မာမြဲမြံ၍ ကျောက်ဆောင်ပမာ ခိုင်မြဲကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-ပါကစ္စတန် ဆက်ဆံရေးကို အိမ်နီးချင်း သံတမန်ရေးရာ၏ ဦးစားပေးဦးတည်ချက်တွင် အစဉ်သဖြင့် ထားရှိကြောင်း၊ တရုတ်၏ အဓိကအကျိုးစီးပွားနှင့် အရေးကြီးစိုးရိမ်မှုများတွင် ပါကစ္စတန်ဘက်က ရေရှည်ထောက်ခံအားပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ပါကစ္စတန်၏ နိုင်ငံအချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် အမျိုးသားဂုဏ်သိက္ခာ ထိန်းသိမ်းကာကွယ်ခြင်းကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ ရှုပ်ထွေးပြောင်းလဲနေသော နိုင်ငံတကာအခြေအနေများနှင့် ရင်ဆိုင်ရာတွင် တရုတ်အနေဖြင့် ပါကစ္စတန်ဘက်နှင့်အတူ နိုင်ငံခေါင်းဆောင်များ၏ အရေးပါသော သဘောတူညီချက်များအား လမ်းညွှန်မှုအဖြစ်ထားရှိကာ အစဉ်အလာချစ်ကြည်ရေးကို နက်ရှိုင်းစေကာ မဟာဗျူဟာညှိနှိုင်းဆွေးနွေးရေးမြှင့်တင်ပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ “အဆင့်မြှင့်တင်ထားသော ၂.၀ ဗားရှင်း” ကို တည်ဆောက်ရန်၊ ခေတ်သစ်တွင် ပိုမိုနီးကပ်သော တရုတ်-ပါကစ္စတန် အေးအတူပူအမျှအသိုက်အဝန်းကို ဖွဲ့စည်းတည်ဆောက်ရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော ကောင်းကျိုးများ ဖန်တီးပေးရန် ကြိုးစားဆောင်ရွက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ခရီးစဉ်ကာလအတွင်း ဝမ်ရိက ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif ၊ ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munir တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar နှင့် ၆ ကြိမ်မြောက် တရုတ်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
巴基斯坦总统扎尔达里会见王毅
新华社伊斯兰堡8月21日电(记者蒋超 杨恺)当地时间2025年8月21日,巴基斯坦总统扎尔达里在伊斯兰堡会见中共中央政治局委员、外交部长王毅。
扎尔达里请王毅转达对习近平主席的亲切问候,谨向习近平主席表示崇高敬意。巴中友谊历经风雨,是全天候的好朋友、好伙伴。当今世界形势充满风险挑战,但中国敢于直面并抵制霸凌行径,坚定维护自身利益和发展中国家共同利益。无论形势如何变化,巴方都完全信任中国,毫不动摇地同中方站在一起。巴方感谢中国为巴经济社会发展提供的无私帮助,愿推动中巴经济走廊和瓜达尔港等合作项目取得新进展,更好造福两国人民。希望巴中继续推进在重大国际地区问题上的协调合作,共同维护地区和平稳定与繁荣发展。
王毅转达习近平主席的亲切问候,表示在习近平主席英明领导下,中国共产党团结带领14亿多中国人民踔厉奋发,勠力前行,必将实现中华民族伟大复兴的宏伟目标。中国的发展是世界和平力量的增长,是稳定因素的增强,是发展中国家力量的壮大。没有任何势力、任何困难能够阻挡中国人民前进的步伐。
王毅表示,中巴友谊历经风雨、牢不可破、坚如磐石。中方始终把中巴关系置于周边外交优先方向。感谢巴方长期支持中方核心利益和重大关切。中方将继续支持巴方维护国家主权、领土完整和民族尊严。面对变乱交织的国际形势,中方愿同巴方一道努力,以两国领导人重要共识为指引,深化传统友谊,加强战略沟通,打造中巴经济走廊“2.0升级版”,构建新时代更加紧密的中巴命运共同体,为两国人民创造更多福祉。
访问期间,王毅还会见巴基斯坦总理夏巴兹、巴陆军参谋长穆尼尔,并同巴副总理兼外长达尔举行第六次中巴外长战略对话。(完)
图说:8月21日,巴基斯坦总统扎尔达里在伊斯兰堡会见中共中央政治局委员、外交部长王毅。 新华社发