Asia
ဝမ်ရိနှင့် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar တို့ တရုတ်- ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ကျင်းပ

အစ္စလာမ်မာဘတ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် ဩဂုတ် ၂၁ ရက်၌ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar တို့အတူ ၆ ကြိမ်မြောက် တရုတ်- ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို ပူးတွဲ ကြီးမှူးကျင်းပခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် ဝမ်ရိက နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှူအောက်တွင် တရုတ်- ပါကစ္စတန် အချိန်အခါမရွေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးသည် တည်ငြိမ်စွာ ရှေ့ဆက်လျှောက်လှမ်းခဲ့ပြီး မဟာဗျူဟာမြောက် အနက်အဓိပ္ပာယ်မှာ ပိုမိုအရေးပါလာခဲ့ကြောင်း၊ ပါကစ္စတန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဇူလိုင်လ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တရားမျှတမှုကို လက်ကိုင်ထားရာ ပါကစ္စတန်နိုင်ငံ၏ နိုင်ငံတကာ အနေအထားနှင့် သက်ရောက်မှုကို မြှင့်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်ဘက်နှင့်အတူ သမ္မတ ရှီကျင့်ဖိန်နှင့် ပါကစ္စတန် နိုင်ငံခေါင်းဆောင်တို့ ရရှိထားသော အရေးပါသည့် သဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ပြီး ဒုတိယနှစ်ဝက်တွင် အဆင့်မြင့်အလွှာ အပြန်အလှန်ဆက်ဆံမှုများ စီစဉ်ပြင်ဆင်ရန်နှင့် တရုတ်-ပါကစ္စတန် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုအား အိမ်နီးချင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု၏ ရှေ့တန်းမှ ဆက်လက် လျှောက်လှမ်းနိုင်ရန် အတူတကွ ကြိုးစားသွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ပါကစ္စတန်က ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မြှင့်တင်ပြီး နိုင်ငံ့အင်အား တောင့်တင်းလာစေကာ ပြည်တွင်းပြည်ပစိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းသည့် စွမ်းဆောင်ရည်ကို အခြေခံမှ အားဖြည့်ခိုင်မာစေခြင်းကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံအားပေးကြောင်း၊ နှစ်ဖက်အနေဖြင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အတူတကွထိန်းသိမ်းကာကွယ်သင့်ပြီး တစ်ဖက်သတ်အနိုင်ကျင့်ဗိုလ်ကျမှုများကို ဆန့်ကျင်သင့်ကြောင်း ဝမ်ရိက ထောက်ပြခဲ့သည်။
Mohammad Ishaq Dar က ပါကစ္စတန်- တရုတ် နိုင်ငံခြားရေးဝန်ကြီးများ ဗဟာဗျူဟာမြောက် ဆွေးနွေးမှု အခါအခွင့်သင့်လျော်ရာ နှစ်နိုင်ငံ သံမဏိပမာ ခိုင်မြဲသော ချစ်ကြည်ရေး၏ တိကျသော ပြသမှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု မူဝါဒသည် ပါကစ္စတန်၏ သံတမန်ရေးရာ အခြေခံအုတ်မြစ်ဖြစ်သလို တစ်နိုင်ငံလုံး၏ ဘုံသဘောတူညီချက်လည်းဖြစ်ကြောင်း၊ ပါကစ္စတန်အနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် လုပ်ငန်းဆောင်တာများဆောင်ရွက်ခြင်းကို ဆက်လက်၍ အပြည့်အဝထောက်ခံသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ ထျန်းကျင်း ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးကို အတူတကွ တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်အနေဖြင့် ကဏ္ဍအသီးသီးတွင် ပါကစ္စတန်-တရုတ် လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းစေပြီး ပါကစ္စတန်-တရုတ် အချိန်အခါမရွေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အနှစ်သာရကို အဆက်မပြတ် ကြွယ်ဝစေရန် မျှော်လင့်ကြောင်း၊ ပါကစ္စတန်အနေဖြင့် ပါကစ္စတန်-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေးနှင့် “ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၃ ရပ်” အား အခိုင်အမာ ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ပါကစ္စတန်အနေဖြင့် အကြမ်းဖက်ဝါဒ ပုံစံအားလုံးအား အစွမ်းကုန် တိုက်ဖျက်ကာ ပါကစ္စတန်ရှိ တရုတ်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးအတွက် အစီအမံအားလုံးကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ishaq Dar က ပြောကြားခဲ့သည်။
နှစ်ဖက်သည် ဘုံစိုးရိမ်ပူပန်သော နိုင်ငံတကာ ဒေသတွင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်သဘောချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar တို့အတူ ၆ ကြိမ်မြောက် တရုတ်- ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို ဩဂုတ် ၂၁ ရက်က ပူးတွဲ ကြီးမှူးကျင်းပစဉ် (ဆင်ဟွာ)
…………………….
(Chinese Version)
王毅同巴基斯坦副总理兼外长达尔举行中巴外长战略对话
新华社伊斯兰堡8月21日电(记者蒋超 杨恺)8月21日,中共中央政治局委员、外交部长王毅在伊斯兰堡同巴基斯坦副总理兼外长达尔共同主持第六次中巴外长战略对话。
王毅说,在两国领导人战略引领下,中巴全天候战略合作伙伴关系稳步前行,战略意义更加重要。祝贺巴方成功担任联合国安理会7月轮值主席国,为发展中国家主持公道,提升了巴方的国际地位和影响。
王毅表示,中方愿同巴方共同努力,落实好习近平主席同巴方领导人达成的重要共识,筹备好下半年高层互动,让中巴命运共同体建设继续走在周边命运共同体建设的前列。
王毅指出,中方支持巴方把发展搞起来,让国力强起来,从根本上增强应对内外挑战的能力。双方应携手维护多边贸易体制,反对单边霸凌行径。
达尔表示,巴中外长进行战略对话恰逢其时,是两国铁杆友谊的具体体现。对华友好是巴对外政策的基石,也是全国上下的共同认识。巴方将继续全力支持中方作为上海合作组织轮值主席国工作,共同推动天津峰会成功举办。
达尔说,巴方期待进一步深化巴中各领域务实合作,不断丰富巴中全天候战略合作伙伴关系内涵。巴方将坚定支持构建巴中命运共同体,支持共建“一带一路”和三大全球倡议。巴方将全力打击一切形式的恐怖主义,采取所有措施保障中方在巴机构和人员安全。
双方还就共同关心的国际地区问题深入交换意见。(完)
图说:8月21日,中共中央政治局委员、外交部长王毅在伊斯兰堡同巴基斯坦副总理兼外长达尔共同主持第六次中巴外长战略对话。 新华社发(艾哈迈德·卡迈勒 摄)