Asia
ကမ္ဘောဒီးယား-ထိုင်းက အပစ်ရပ်သဘောတူညီချက်အား အကောင်အထည်ဖော်မည်ဟု ထပ်မံအလေးထား ပြောကြား

ဖနွမ်းပင်/ဘန်ကောက်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနှင့် ထိုင်း စစ်ဒေသတပ်မှူးများသည် ဩဂုတ် ၂၂ ရက်တွင် နှစ်နိုင်ငံက လတ်တလောတွင် ရရှိထားသည့် အပစ်ရပ်သဘောတူညီချက်အား အကောင်အထည်ဖော်မည့် ခိုင်မြဲသောကတိကဝတ်ကို ထပ်မံအလေးထား ပြောကြားခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် ထိုင်းနိုင်ငံဘက်ကလည်း နှစ်ဖက်အနေဖြင့် ထိုမတိုင်မီ နှစ်နိုင်ငံ နယ်စပ်အထွေထွေကော်မတီ အစည်းအဝေးတွင် ရရှိထားသည့် သဘောတူညီချက် ၁၃ ရပ်အား အကောင်အထည်ဖော်ရန် တစ်ပြေးညီ သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား အမှတ် (၅) စစ်ဒေသနှင့် ထိုင်းနိုင်ငံ အမှတ် (၁) စစ်ဒေသ တပ်မှူးများသည် ထိုနေ့တွင် ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ်၌ နှစ်နိုင်ငံ ဒေသနယ်စပ်ကော်မတီ (RBC) အထူးအစည်းအဝေး ကျင်းပခဲ့ကြောင်း၊ နှစ်ဖက်က “အပစ်ရပ်မှုနှင့် သဘောတူညီချက် ၁၃ ရပ်အား အကောင်အထည်ဖော်ရန် ခိုင်မာစွာ ကြိုးပမ်း၍ နှစ်ဖက်ဆက်ဆံရေးအား တစ်ဆင့်တိုးမြှင့်တင်ကာ နယ်စပ်ဒေသ ပုံမှန်အခြေအနေအား ပြန်လည်ဖော်ဆောင်သွားမည်” ဟု ထပ်မံအလေးထားပြောကြားခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ဖက်အနေဖြင့် တစ်လအတွင်း သို့မဟုတ် အဆင်ပြေသည့်အချိန်တွင် နောက်တစ်ကြိမ် ကမ္ဘောဒီးယား-ထိုင်း ဒေသနယ်စပ်ကော်မတီ အစည်းအဝေးအား ထပ်မံကျင်းပရန် သဘောတူညီခဲ့ပြီး ကမ္ဘောဒီးယားမှ အိမ်ရှင်နိုင်ငံအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်က ဆိုထားသည်။
ထိုင်းနိုင်ငံ၏ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေ အထူးစီမံခန့်ခွဲမှုစင်တာသည် လူမှုမီဒီယာမှတစ်ဆင့် ထိုနေ့အထူးအစည်းအဝေးမှတ်တမ်းအား ထုတ်ပြန်ခဲ့ရာ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ နယ်စပ်အထွေထွေကော်မတီ အစည်းအဝေးတွင် ရရှိခဲ့သည့် သဘောတူညီချက် ၁၃ ရပ်အား အကောင်အထည်ဖော်ရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။
နှစ်ဖက်သည် လူသားချင်းစာနာမှု မြေမြှုပ်မိုင်းရှင်းလင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ခြင်း၊ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အဆိုပါ လုပ်ငန်းနှစ်ရပ်အား နောက်တစ်ကြိမ် နယ်စပ်အထွေထွေကော်မတီ အစည်းအဝေးအတွင်း ဆွေးနွေးရန် ထည့်သွင်းခြင်းတို့ အပါအဝင် အခြားအရေးကြီး အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ဒေသနယ်စပ်ကော်မတီက ဒေသန္တရအလွှာတွင် အရေးကိစ္စများဖြေရှင်းရန် ပံ့ပိုးမှုယန္တရားအနေဖြင့် ညှိနှိုင်းရေးအဖွဲ့ငယ်နှင့် မြို့နယ်နယ်စပ်ကော်မတီများ ဖွဲ့စည်းရန်လည်း သဘောတူညီခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းအရ သိရသည်။
ဩဂုတ် ၇ ရက်တွင် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို၌ ကျင်းပသည့် နှစ်နိုင်ငံ နယ်စပ်အထွေထွေကော်မတီ အထူးအစည်းအဝေးတွင် အပစ်ရပ်မှု အသေးစိတ်အကြောင်းအရာနှင့် စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်နိုင်ငံအနေဖြင့် စစ်တပ်များ လက်ရှိဖြန့်ကြက်နေရာချထားမှုကို ထိန်းသိမ်းထားပြီး နယ်စပ်ဒေသသို့ စစ်ကူထပ်မံပို့ဆောင်ခြင်း မပြုရန် ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)
——————————-
(Chinese Version)
柬泰重申将执行停火协议
新华社金边/曼谷8月22日电(记者吴长伟 陈倩慈)柬埔寨国防部22日说,柬埔寨和泰国军区指挥官当天重申对执行两国最近达成的停火协议的坚定承诺。同一天,泰方也表示,双方一致同意落实此前在两国边界总委员会会议上达成的13点共识。
柬埔寨国防部发布新闻稿说,柬埔寨第五军区和泰国第一军区指挥官当天在泰国沙缴府举行两国地区边界委员会特别会议。双方重申,“将坚定致力于执行停火和13点共识,进一步加强双边关系,恢复边境地区的正常状态”。
新闻稿说,双方还同意在一个月内或方便的时候举行下一次柬泰地区边界委员会会议,柬埔寨将担任东道主。
泰国泰柬边境局势特别管理中心通过社交媒体发布了当天特别会议的纪要,称双方一致同意落实在两国边界总委员会会议上达成的13项共识。
根据纪要,双方还讨论了其他重要议题,包括一致同意开展人道主义扫雷合作、打击跨国犯罪合作并将二者纳入下一次边界总委员会会议讨论。双方还一致同意设立协调小组和乡镇边界委员会,以作为地区边界委员会在地方层面解决问题的支持机制。
柬埔寨与泰国7日在马来西亚吉隆坡举行的两国边界总委员会特别会议上就停火细则达成共识并签署协议。两国同意维持军队部署现状,承诺不再向边境增兵。(完)
图说:这是7月29日在泰柬边境地区拍摄的泰柬两国军区指挥官会谈现场。新华社发(泰国陆军供图)