Africa & Middle East
ကာဇက်စတန်နိုင်ငံ “ပန်းရောင် ရေကန်” ဧရိယာ ပြန်လည်ဖွင့်လှစ်

အာ့ခ်မိုလာပြည်နယ် (ကာဇက်စတန်)၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
ကာဇက်စတန်နိုင်ငံ အာ့ခ်မိုလာပြည်နယ်ရှိ ကိုဘေတုဇ်ရေကန်သည် ရေကန်အတွင်းရှိ ရေညှိအမျိုးအစားတစ်မျိုးက ပူပြင်းခြောက်သွေ့သော နွေရာသီ၌ ဘီတာကယ်ရိုတင်းဓာတ် (β-Carotene) ထုတ်လုပ်ရာ ရေကန်၏ အရောင်သည် ပန်းရောင်ဖျော့ဖျော့မှ နှင်းဆီနီ အရင့်အရောင်သို့ ပြောင်းလဲမှုကြောင့် “ပန်းရောင်ရေကန်” ဟု အမည်တွင်ခဲ့ပြီး ထိုနိုင်ငံ၏ ကျော်ကြားသော အွန်လိုင်းနာမည်ကြီး ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည်။
ခရီးသွားလုပ်ငန်း လက်ခံနိုင်စွမ်း အကန့်အသတ်ရှိခြင်းနှင့် ပတ်ဝန်းကျင်ရေးရာကြောင့် ကိုဘေတုဇ်ရေကန်ကို ၂၀၂၀ ခုနှစ်မှ စတင်၍ ပိတ်သိမ်းစီမံခန့်ခွဲကာ ဂေဟစနစ် ပြန်လည်ပြုပြင်ရေး လုပ်ဆောင်ခဲ့သည်။ ယခုနွေရာသီတွင် ရေကန်ဧရိယာကို အများပြည်သူများထံ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ (Xinhua)

ကာဇက်စတန်နိုင်ငံ အာ့ခ်မိုလာပြည်နယ်ရှိ ကိုဘေတုဇ်ရေကန်ကို ဩဂုတ် ၂၃ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(Chinese Version)
哈萨克斯坦“粉湖”湖区再度开放
新华社照片,阿克莫拉州(哈萨克斯坦),2025年8月24日
位于哈萨克斯坦阿克莫拉州的科贝图兹湖,因湖水中的一种微藻在高温干燥的夏季会产生β-胡萝卜素而使湖水呈现出从淡粉色到深玫红色的色彩变化,而得名“粉湖”,是该国著名的网红打卡景点。因旅游承载能力有限和环境问题,科贝图兹湖从2020年起实行封闭管理,并进行生态修复。今年夏季湖区重新对公众开放。
图说1:8月23日,在哈萨克斯坦阿克莫拉州,游客在科贝图兹湖中拍摄艺术照。新华社发(奥斯帕诺夫摄)
图说2:这是8月23日在哈萨克斯坦阿克莫拉州拍摄的科贝图兹湖(无人机照片)。新华社发(奥斯帕诺夫摄)