International Organizations
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၁၄ နိုင်ငံက ဂါဇာအရေးနှင့်စပ်လျဉ်း၍ တစ်ပြေးညီ ထုတ်ဖော်ပြောကြားမှုတွင် အမေရိကန်မပါဝင်

ကုလသမဂ္ဂ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
အမေရိကန်မှလွဲ၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံသည် ဩဂုတ် ၂၇ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ ဂါဇာဒေသ၌ အပစ်ရပ်မှု ချက်ချင်းဖော်ဆောင်ရန်၊ ဂါဇာဒေသ၌ စစ်ရေးလှုပ်ရှားမှု တိုးချဲ့သည့် အစ္စရေး၏ဆုံးဖြတ်ချက်အား ချက်ချင်းပယ်ဖျက်ရန်၊ ဂါဇာဒေသ လူသားချင်း စာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးအပေါ် ကန့်သတ်ချက်များ ချက်ချင်း ဖယ်ရှားရန် တိုက်တွန်းခဲ့သည်။
အဆိုပါ ၁၄ နိုင်ငံသည် လုံခြုံရေးကောင်စီက ဩဂုတ် ၂၇ ရက်တွင် ကျင်းပသော အရှေ့အလယ်ပိုင်းဒေသ ပါလက်စတိုင်းအရေး တံခါးဖွင့်အစည်းအဝေးပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပူးတွဲကြေညာချက်ကို ဂိုင်ယာနာနှင့် ဆလိုဗေးနီးယား ကိုယ်စားလှယ်တို့မှ အတူတကွ ကိုယ်စားပြု ဖတ်ကြားခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ သက်ဆိုင်ရာအဖွဲ့အစည်း အစီရင်ခံစာတွင် ဂါဇာဒေသ၌ ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားသည်ဟု အတည်ပြုမှုအပေါ် ၁၄ နိုင်ငံအနေဖြင့် များစွာတုန်လှုပ်၍ စိုးရိမ်ပူပန်မိကြောင်း ပူးတွဲကြေညာချက်တွင် ထောက်ပြထားသည်။ ဂါဇာဒေသ ငတ်မွတ်ခေါင်းပါးမှုသည် လူသားတို့ လုပ်ဆောင်ချက်ကြောင့် ဖြစ်ပွားခြင်းဖြစ်ရာ ငတ်မွတ်ခေါင်းပါးမှုကို စစ်ပွဲနည်းလမ်းအဖြစ် အသုံးပြုခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွင် အတိအလင်း တားမြစ်ထားကြောင်း ၁၄ နိုင်ငံက ထောက်ပြထားသည်။
၁၄ နိုင်ငံက ပူးတွဲကြေညာချက်တွင် ချက်ချင်း ခြွင်းချက်မရှိ ရာသက်ပန်အပစ်ရပ်ရန်၊ ဖမ်းဆီးထားသူများအား ချက်ချင်း ခြွင်းချက်မရှိ ဂုဏ်သိက္ခာရှိစွာ ပြန်လွှတ်ရန်၊ ဂါဇာဒေသတစ်ခုလုံးတွင် လက်တွေ့ကျကျ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးရန် တိုက်တွန်းထားသည်။
ကုန်းလမ်း လမ်းကြောင်းအားလုံး ဖွင့်လှစ်ပေးခြင်း၊ ကုလသမဂ္ဂနှင့် အခြား လူသားချင်း စာနာထောက်ထားမှုမိတ်ဖက်များက ကူညီကယ်ဆယ်ရေးလှုပ်ရှားမှုများကို လုံခြုံစွာနှင့် ပမာဏကြီးမားစွာ လုပ်ဆောင်ရန် ခွင့်ပြုခြင်းတို့ အပါအဝင် ဂါဇာဒေသအပေါ် လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေး အကန့်အသတ်များအား ခြွင်းချက်မရှိ ပယ်ဖျက်ရန်လည်း ၁၄ နိုင်ငံက တိုက်တွန်းထားသည်။
၁၄ နိုင်ငံအနေဖြင့် အစ္စရေးက ဂါဇာဒေသ၌ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ခြင်းဖြင့် ဂါဇာမြို့အား သိမ်းယူသည့် ဆုံးဖြတ်ချက်အား ကန့်ကွက်ပြီး အဆိုပါလုပ်ရပ်သည် လူအများကို တုန်လှုပ်စေပြီးသားဖြစ်သည့် လူသားချင်းစာနာထောက်ထားမှု အခြေအနေအား ရှောင်လွှဲ၍မရအောင် ပိုမိုဆိုးရွားသွားစေကာ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်အား ထိခိုက်စေမည်ဟု ယူဆကြသည်။ အစ္စရေးအနေဖြင့် အဆိုပါဆုံးဖြတ်ချက်အား ချက်ချင်းပယ်ဖျက်ရန် ၁၄ နိုင်ငံက တိုက်တွန်းထားသည်။
အထက်ပါ ၁၄ နိုင်ငံများမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများဖြစ်သော အယ်လ်ဂျီးရီးယား၊ ဒိန်းမတ်၊ ဂရိ၊ ဂိုင်ယာနာ၊ ပါကစ္စတန်၊ ပနားမား၊ တောင်ကိုရီးယား၊ ဆီယာရာလီယွန်၊ ဆလိုဗေးနီးယား၊ ဆိုမာလီယာ တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဂါဇာမြို့လယ်တွင် ပါလက်စတိုင်းသားများ ရာနှင့်ချီ စုဝေး၍ စစ်ပွဲနှင့် အရပ်သားပြည်သူများကို အစ္စရေး နှင်ထုတ်ခြင်းအား ရပ်တန့်ရန် တောင်းဆိုပြီး ဂါဇာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်း ကာကွယ်ပေးရန် တိုက်တွန်းနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
美国不加入 联合国安理会14国就加沙一致发声
新华社联合国8月27日电(记者尚绪谦)除美国以外的14个联合国安理会成员27日发表联合声明,呼吁立即在加沙实现停火,敦促以色列立即撤销扩大加沙军事行动的决定、立即解除对加沙人道救援的限制。
14国是在安理会27日举行中东巴勒斯坦问题公开会后发表联合声明的。联合声明由圭亚那和斯洛文尼亚代表共同代为宣读。
联合声明指出,14国对于联合国有关机构报告确认加沙出现饥荒表示极度震惊和忧虑。14国指出,加沙饥荒系人为造成,把饥饿当作战争手段是国际人道法明确禁止的。
14国在联合声明中呼吁立即无条件永久停火;立即无条件有尊严地释放被扣押人员;在整个加沙实质性增加人道援助。14国还敦促以色列立即无条件解除所有对加沙的人道救援限制,包括开放所有陆路通道、允许联合国及其人道主义伙伴安全、大规模开展救援行动。
14国表示反对以色列扩大其在加沙的军事行动从而夺取加沙城的决定,认为此举将不可避免地恶化业已令人震惊的人道局势并危及平民生命。14国敦促以色列立即撤销这一决定。
14国分别为安理会常任理事国中国、法国、俄罗斯、英国,以及非常任理事国阿尔及利亚、丹麦、希腊、圭亚那、巴基斯坦、巴拿马、韩国、塞拉利昂、斯洛文尼亚、索马里。(完)
1、这是8月27日在加沙城西南一处避难所拍摄的巴勒斯坦儿童。新华社发(里泽克·阿卜杜勒贾瓦德摄)
2、8月21日,数百名巴勒斯坦人聚集在加沙城的市中心,要求以色列停止战争和驱逐平民,呼吁国际社会保护加沙平民。 新华社发(里泽克·阿卜杜勒贾瓦德摄)