Asia
အာဆီယံ ယာယီလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ဒုတိယအကြိမ် လေ့လာစစ်ဆေးမှု စတင်

ဖနွမ်းပင်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
အာဆီယံ စစ်သံမှူးများ ယာယီလေ့လာစောင့်ကြည့်ရေးအဖွဲ့သည် ဩဂုတ် ၃ ရက်တွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပဋိပက္ခ ဖြစ်ပွားရာဒေသ၌ ရက်သတ္တပတ် နှစ်ပတ်ကြာ ဒုတိယအကြိမ် လေ့လာစစ်ဆေးမှုများ စတင်ခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ယင်းနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် မလေးရှား စစ်သံမှူးကဦးဆောင်ပြီး အဖွဲ့ဝင်များအနေဖြင့် ကမ္ဘောဒီးယားအခြေစိုက် အင်ဒိုနီးရှားစစ်သံမှူး၊ ကမ္ဘောဒီးယားအခြေစိုက် မြန်မာစစ်သံမှူး၊ ကမ္ဘောဒီးယားအခြေစိုက် လာအို ဒုတိယစစ်သံမှူး၊ ဖိလစ်ပိုင် လက်ထောက်စစ်သံမှူး၊ ဗီယက်နမ် လက်ထောက်စစ်သံမှူးနှင့် အမြဲတမ်းအခြေစိုက်မဟုတ်သော စင်ကာပူစစ်သံမှူးတို့ ပါဝင်ကြောင်း၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ Oddar Meanchey ပြည်နယ်နှင့် Preah Vihear ပြည်နယ်၏ နေရာအများအပြားသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ အပစ်ရပ်ရေး သဘောတူညီချက် ဖော်ဆောင်မှု အခြေအနေအား ကြီးကြပ်ခဲ့ကြောင်း Maly Socheata က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယင်းမိတ်ဖက်နိုင်ငံများ၏ ပါဝင်မှုက အပစ်ရပ်ရေး အောင်မြင်ရန်နှင့် ရေရှည်တည်တံ့ရန်ဟူသည့် ဘုံမျှော်မှန်းချက်ကို ပြသလျက်ရှိကြောင်း၊ ရည်မှန်းချက်မှာ ပြန်လည် ငြိမ်းချမ်းတည်ငြိမ်ရန်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရန်၊ နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရန် ဖြစ်ကြောင်း Maly Socheata က ပြောကြားခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ၏ ကြီးမှူးကျင်းပမှုဖြင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ဇူလိုင် ၂၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းနေ့ ည ၁၂ နာရီမှစ၍ “ချက်ချင်း၊ ခြွင်းချက်မရှိအပစ်ရပ်ရန်” သဘောတူညီခဲ့ရာ နှစ်နိုင်ငံအကြား ရက်ပေါင်းဆက်တိုက် ဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခကို အဆုံးသတ်ခဲ့သည်။ ငြိမ်းချမ်းရေး ကတိကဝတ်များကို နှစ်ဖက် သေချာဖော်ဆောင်နိုင်ရေး အာမခံနိုင်ရန်အလို့ငှာ မလေးရှားနိုင်ငံအနေဖြင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးတွဲညှိနှိုင်းကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း အန်ဝါသည် ထိုစဉ်က ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
东盟临时观察团启动对柬泰边境第二轮视察
新华社金边8月3日电(记者吴长伟)柬埔寨国防部发言人马莉淑洁达3日说,东盟武官临时观察团当天启动对柬泰边境冲突地区为期两周的第二轮视察。
马莉淑洁达在新闻发布会上说,观察团由东盟轮值主席国马来西亚驻柬武官率领,成员包括印度尼西亚驻柬武官、缅甸驻柬武官、老挝驻柬副武官、菲律宾武官助理、越南武官助理和新加坡非常驻武官。观察团将视察柬埔寨奥多棉吉省和柏威夏省的多个地点,监督柬泰两国停火协议执行情况。 马莉淑洁达表示,这些伙伴国家的参与体现了确保停火成功且持久的共同愿望,目标是恢复和平、稳定、合作与发展,造福两国人民。
在马来西亚总理安瓦尔主持下,柬埔寨和泰国7月28日举行会谈并同意从当日24时起“立刻且无条件”停火,结束两国持续数日的边境冲突。安瓦尔当时表示,马来西亚将联合其他东盟成员国协商派遣观察团队,确保双方认真履行和平承诺。(完)
1. 这是7月28日在柬埔寨奥多棉吉省边境地区拍摄的在冲突中受损的建筑。新华社发(尼多拉摄)