Connect with us

Africa & Middle East

တရုတ်-ဥရောပရထား “အလယ်ပိုင်းစင်္ကြံ” မှတစ်ဆင့် တူကီယဲနိုင်ငံသို့ရောက်ရှိမှု ကြာချိန်ကို ၁၅ ရက်အထိ လျှော့ချခဲ့

တူကီယဲနိုင်ငံ အရှေ့ဘက် နယ်စပ်မြို့ Kars ရှိ Kars ကုန်စည်ပို့ဆောင်ရေးစင်တာ၌ ရပ်နားထားသော နိုင်ငံတကာ ကွန်တိန်နာ ကုန်တင်ရထားတွဲများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
တရုတ်-ဥရောပရထားသည် “အလယ်ပိုင်းစင်္ကြံ” မှတစ်ဆင့် တရုတ်နိုင်ငံမှ ပြည်ထွက်၍ တူကီယဲနိုင်ငံသို့ ရောက်ရှိမှု ကြာချိန်ကို ၁၅ ရက်အထိ လျှော့ချနိုင်ခဲ့ပြီဖြစ်ကြောင်း တူကီယဲနိုင်ငံ ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦဝန်ကြီးဌာန ဒုတိယဝန်ကြီး Enver İskurt က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပသည့် ရထားစတင်ထွက်ခွာခြင်း အခမ်းအနားတစ်ခုတွင် တရုတ်နိုင်ငံမှ တူကီယဲနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်-ဥရောပရထားနှစ်စင်းသည် အစ္စတန်ဘူလ်မြို့မှ စတင်ထွက်ခွာ၍ ပိုလန်နိုင်ငံ လော့ဒ်ဇ်မြို့၊ ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်သို့ သီးခြားစီ ခရီးပြုခဲ့သည်။

အဆိုပါရထားအနက် တစ်စင်းသည် တရုတ်နိုင်ငံ ချိန်တူးမြို့မှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ကုန်ပစ္စည်းတန်ချိန် ၅၀၈ တန် သယ်ဆောင်လာကြောင်း၊ ရထားသည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားလားဆန်းခိုမှ “အလယ်ပိုင်းစင်္ကြံ” ကို ကျော်ဖြတ်ကာ တူကီယဲနိုင်ငံ အရှေ့ပိုင်း နယ်စပ်မြို့ Kars သို့ ရောက်ရှိခဲ့ရာ ကြာချိန်ကို ၁၅ ရက်အထိ လျှော့ချနိုင်ခဲ့ကြောင်း Enver İskurt က မိတ်ဆက်ပြောကြားခဲ့သည်။

အကောက်ခွန်ဌာန ဖြတ်သန်းမှုထိရောက်နှုန်း၊ ကက်စပီယံပင်လယ် ရာသီဥတု စသည့် အကြောင်းအချက်များစွာ၏ သက်ရောက်မှုကြောင့် တရုတ်-ဥရောပရထားသည် တရုတ်နိုင်ငံမှ ပြည်ထွက်ပြီးနောက် “အလယ်ပိုင်းစင်္ကြံ” မှတစ်ဆင့် တူကီယဲနိုင်ငံသို့ ပြည်ဝင်ရာတွင် ပုံမှန်အားဖြင့် ရက်ပေါင်း ၂၀ ကျော်ကြာလေ့ရှိကြောင်း သိရသည်။ လတ်တလောနှစ်များတွင် ဘက်ပေါင်းစုံ၏ အတူတကွကြိုးပမ်းမှုဖြင့် “အလယ်ပိုင်းစင်္ကြံ” ၏ ကုန်စည်ပို့ဆောင်ရေး ထိရောက်မှုသည် တစ်ဆင့်ချင်းမြင့်တက်လာခဲ့သည်။
တရုတ်-ဥရောပရထားသည် “အလယ်ပိုင်းစင်္ကြံ” မှတစ်ဆင့် တူကီယဲနိုင်ငံသို့ ရောက်ရှိသည့် ကြာချိန် လျော့နည်းသွားခြင်းသည် တရုတ်၊ တူကီယဲနှင့် ဥရောပအတွက်ဆိုရလျှင် အရေးကြီးခြေလှမ်းတစ်လှမ်း ရှေ့သို့ လျှောက်လှမ်းလိုက်ခြင်းပင်ဖြစ်ကြောင်း Enver İskurt က ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ အနာဂတ်ရည်မှန်းချက်မှာ အားလားဆန်းခိုမှ Kars အထိကြာချိန်ကို ၁၀ ရက်အထိ လျှော့ချသွားရန်ဖြစ်သည်ဟု ၎င်းက ဆိုခဲ့သည်။

“အလယ်ပိုင်းစင်္ကြံ” ကို ကက်စပီယံပင်လယ် ဖြတ်ကျော် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး စင်္ကြံ (TITR) ဟုလည်း ခေါ်ဆိုပြီး ပုံစံမျိုးစုံ ပူးတွဲပို့ဆောင်ရေး လမ်းကြောင်းတစ်ကြောင်းဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံမှ စတင်ကာ ကာဇက်စတန်၊ ကတ်စပီယံပင်လယ်ပြင်၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာတို့ကို ဖြတ်သန်း၍ တူကီယဲနှင့် အခြားဥရောပနိုင်ငံများအထိ ဆက်လက်သွားရောက်သည်။

တရုတ်-တူကီယဲနှစ်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် “အလယ်ပိုင်းစင်္ကြံ” အစီအစဉ်ချိတ်ဆက်မှု၏ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

တူကီယဲနိုင်ငံ အရှေ့ဘက် နယ်စပ်မြို့ Kars ရှိ Kars ကုန်စည်ပို့ဆောင်ရေးစင်တာအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
中欧班列经“中间走廊”抵达土耳其用时缩短至15天
新华社伊斯坦布尔8月4日电(记者王腾飞 张雨阳)土耳其交通和基础设施部副部长恩维尔·厄斯库尔特4日说,中欧班列经“中间走廊”从中国出境到入境土耳其用时已缩短至15天。
当天在土耳其伊斯坦布尔市举行的一场发车仪式上,两列从中国抵达土耳其的中欧班列从伊斯坦布尔出发,分别开往波兰罗兹市、匈牙利首都布达佩斯。厄斯库尔特介绍说,其中一列发自成都,运载508吨货物,从新疆阿拉山口,经“中间走廊”,抵达土耳其东部边城卡尔斯,用时缩短至15天。
据了解,受通关效率、里海天气等多重因素影响,中欧班列从中国出境经“中间走廊”入境土耳其,以往用时经常超过20天。近年来,在各方共同努力下,“中间走廊”货运时效逐步提高。
厄斯库尔特告诉新华社记者,中欧班列经“中间走廊”抵达土耳其用时缩短,对中国、土耳其和欧洲来说,都是向前迈出重要一步。他说,未来目标是将阿拉山口至卡尔斯段用时缩短至10天。
“中间走廊”也称跨里海国际运输走廊,是一条多式联运路线,起自中国,经哈萨克斯坦、里海水域、阿塞拜疆、格鲁吉亚并延伸至土耳其和欧洲国家。中土两国2015年签署关于对接“一带一路”倡议和“中间走廊”计划的谅解备忘录。(完)
图说1:这是2025年7月17日在土耳其东部边城卡尔斯拍摄的在卡尔斯物流中心经停的国际集装箱货运班列(手机照片)。新华社记者熊思浩摄
图说2:这是7月24日在土耳其东部边城卡尔斯拍摄的卡尔斯物流中心。新华社发(穆斯塔法·卡亚摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.