Asia
ကမ္ဘောဒီးယား-ထိုင်း တွေ့ဆုံဆွေးနွေးမှုတွင် စစ်မှန်သည့်သဘောထားကို ပြသပြီး ကြီးကြပ်ရေးအဖွဲ့ငယ် တည်ထောင်ကာ အပစ်ရပ်ရေး တစ်ဆင့်တိုးဖော်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း မလေးရှား အရာရှိ ပြော

ကွာလာလမ်ပူ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနှင့် ထိုင်း ကိုယ်စားလှယ်များက နယ်စပ်ပဋိပက္ခအား အဆုံးသတ်လိုသော ပြင်းပြသည့်သဘောဆန္ဒကို ဩဂုတ် ၄ ရက်တွင် ကျင်းပသည့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပူးတွဲကော်မတီ အတွင်းရေးမှူးရုံးအစည်းအဝေး၌ ဖော်ပြခဲ့ကြကြောင်း မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Mohd Nizam က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ယခုအကြိမ် သုံးရက်ကြာကျင်းပသည့် အတွင်းရေးမှူးရုံး အစည်းအဝေးသည် မကြာမီကျင်းပတော့မည့် အထူးအစည်းအဝေးအတွက် ပြင်ဆင်ရန် ရည်ရွယ်ရုံသာမက “အာဆီယံ ကာကွယ်ရေး စစ်သံမှူး ကြီးကြပ်ရေးအဖွဲ့ငယ်” တည်ထောင်ရေးနှင့် ၎င်းအဖွဲ့၏ လုပ်ငန်းတာဝန်အတိုင်းအတာ တိကျရှင်းလင်းရေးတို့အား ဆွေးနွေးရန် ဖြစ်ကြောင်း Mohd Nizam က ပထမနေ့ အစည်းအဝေးအပြီး မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
“အာဆီယံ ကာကွယ်ရေး စစ်သံမှူး ကြီးကြပ်ရေးအဖွဲ့ငယ်” သည် ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက်အနေဖြင့် ထိုမတိုင်မီ ရရှိခဲ့သည့် အပစ်ရပ်ရေးသဘောတူညီချက်ကို တစ်ဆင့်တိုး ဖော်ဆောင်သည့်အပေါ် ကြီးကြပ်ရန် တာဝန်ယူမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“လက်ရှိ နှစ်ဖက်အနေနဲ့ ဒီအဖွဲ့ငယ် ဖြန့်ကြက်ဖို့အတွက် လိုအပ်ချက်ကို ဆွေးနွေးနေတယ်။ တကယ်လို့ အဆင်ပြေတယ်ဆိုရင် ဒီသီတင်းပတ် ကြာသပတေးနေ့မတိုင်မီ အပြုသဘော ရလဒ်တွေရရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ် အတွင်းရေးမှူးရုံးအစည်းအဝေးတွင် မလေးရှားသည် “ညှိနှိုင်းပေးသူ” အနေဖြင့် ဘက်အသီးသီးက ဆွေးနွေးမှု အစီအစဉ်နှင့် အရေးကြီးသဘောတူညီချက်များတွင် တိုးတက်မှုရရှိအောင် ကြိုးပမ်းကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား-ထိုင် နယ်စပ် ပူးတွဲကော်မတီ အထူးအစည်းအဝေး ပြင်ဆင်ရန်အတွက် အတွင်းရေးမှူးရုံးအစည်းအဝေးကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ရာ ဩဂုတ် ၆ ရက်အထိ ဆက်တိုက်ကျင်းပမည်ဟု ခန့်မှန်းရကြောင်း၊ ယင်းအစည်းအဝေးကျင်းပရခြင်းမှာ အထူးအစည်းအဝေး၏ မူဘောင်နှင့် ဆွေးနွေးမှုအစီအစဉ် အကြောင်းအရာများကို အတည်ပြုရန် ရည်ရွယ်ကြောင်း သိရသည်။ ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပူးတွဲကော်မတီ အထူးအစည်းအဝေးကို ဩဂုတ် ၇ ရက်တွင် တရားဝင်ကျင်းပရန် စီစဉ်ထားရာ ထိုအချိန်၌ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Tea Seiha၊ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Nattaphon Narkphanit တို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ထိုင်းနှင့် ကမ္ဘောဒီးယား အရာရှိများ တွေ့ဆုံနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၄ ရက် က တွေ့ရစဉ် (ဓာတ်ပုံ- Malaysian National News Agency/Handout via Xinhua)
———————-
(Chinese Version)
马来西亚官员:柬泰会谈展现诚意 探讨设立监督小组进一步落实停火
新华社吉隆坡8月4日电(记者王嘉伟 毛鹏飞)马来西亚武装部队总司令穆赫德·尼扎姆4日表示,柬埔寨与泰国代表在当天举行的柬泰边境联合委员会秘书处会议中,均表达出结束边境冲突的强烈意愿。
穆赫德·尼扎姆在首日会议结束后接受媒体采访时表示,此次为期三天的秘书处会议不仅旨在为即将召开的特别会议作准备,也将探讨设立“东盟国防武官监督小组”及明确其职权范围。他表示,“东盟国防武官监督小组”将负责监督柬泰双方进一步履行此前达成的停火协议。
“目前,双方正在探讨该小组部署的前提条件。如进展顺利,预计可在本周四前达成积极成果。”他补充说,在此次秘书处会议上,马来西亚作为“协调方”致力于协助各方在议程安排与关键共识上取得进展。
为筹备柬泰边境联合委员会特别会议而召开的秘书处会议于4日上午在马来西亚吉隆坡举行,预计将持续至6日,旨在敲定特别会议的框架与议程内容。柬泰边境联合委员会特别会议预计将于7日正式召开,届时柬埔寨副首相兼国防大臣迪西哈、泰国国防部副部长那达蓬·那帕尼将出席会议。(完)
1. Thai and Cambodian officials sit together in Kuala Lumpur, Malaysia on Aug. 4, 2025. (Malaysian National News Agency/Handout via Xinhua)