Asia
စည်းကြပ်ခွန်တိုးမြှင့်သည့် အမေရိကန်၏ ခြိမ်းခြောက်မှုလုပ်ရပ် “မျှတမှုမရှိ” ဟု အိန္ဒိယ ဝေဖန်

နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
အိန္ဒိယအပေါ် အမေရိကန်၏ လုပ်ရပ်မှာ တရားမျှတမှု မရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိကြောင်း၊ အိန္ဒိယအနေဖြင့် နိုင်ငံ၏အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံမှုကို ကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Kumar Jaiswal က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၄ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ကာ အိန္ဒိယက ရုရှားရေနံအများအပြား ဝယ်ယူခြင်းနှင့် ထိုမှတစ်ဆင့်အမြတ်ရရှိခြင်းကြောင့် အမေရိကန်အနေဖြင့် အိန္ဒိယ ထုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်စည်းကြပ်ခွန်များစွာ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပေါ် Randhir Kumar Jaiswal က ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် “ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက် တည်ငြိမ်ရေးကို မြှင့်တင်ရန်” အတွက် ရုရှားနှင့် ကုန်သွယ်ရေးများလုပ်ဆောင်သွားရန် အိန္ဒိယကို အမေရိကန်က တက်ကြွစွာ အားပေးခဲ့ကြောင်း ယင်းနေ့ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။ အိန္ဒိယကို ပစ်မှတ်ထားသည့် အမေရိကန်၏ လှုပ်ရှားမှုများက “တရားမျှတမှုမရှိသလို ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း”၊ အိန္ဒိယအနေဖြင့် “နိုင်ငံ၏ အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ကြေညာချက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယ၏ သွင်းကုန်သည် စားသုံးသူများ အကုန်အကျခံ အသုံးပြုနိုင်သည့်ကုန်ပစ္စည်းများဖြစ်ရန် အာမခံရေးကို ရည်ရွယ်ကြောင်း၊ ယင်းမှာ မျက်မှောက်ကမ္ဘာ့အခြေအနေ၏ မဖြစ်မနေ ရွေးချယ်မှုဖြစ်ကြောင်း Randhir Kumar Jaiswal က ပြောကြားခဲ့သည်။
အမေရိကန်-အိန္ဒိယ နှစ်ဖက်အနေဖြင့် ယခုကာလများတွင် ကုန်သွယ်ရေးဆွေးနွေးမှု အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ကြောင်း၊ သို့သော် အမေရိကန်ဘက်က စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများအပေါ် စည်းကြပ်ခွန်သက်သာခွင့်ပေးရန် တောင်းဆိုချက်ကို အိန္ဒိယက အစဉ် ငြင်းဆိုခဲ့ကြောင်း သတင်းများအရ သိရသည်။ ဇူလိုင် ၃၁ ရက်က အမေရိကန် ထုတ်ပြန်သည့် ကုန်သွယ်ဖက် ၆၉ ခု အပေါ် ကောက်ခံမည့် စည်းကြပ်ခွန်နှုန်းထားများအရ အမေရိကန်သို့ တင်သွင်းသော အိန္ဒိယကုန်ပစ္စည်းများသည် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခြင်း ခံရမည်ဖြစ်သည်။ (Xinhua)
———————–
(Chinese Version)
印度抨击美方威胁提高关税做法“不公正”
新华社新德里8月5日电 印度外交部发言人贾伊斯瓦尔4日表示,美国针对印度的做法既不公正也不合理,印度将采取一切必要措施维护国家利益和经济安全。
美国总统特朗普4日在社交媒体发文称,由于印度购买大量俄罗斯石油并借此获利,美国将大幅提高对印度产品征收的进口关税。对此,贾伊斯瓦尔当天在一份声明中称,俄乌冲突爆发后,美国积极鼓励印度与俄罗斯开展贸易,以“加强全球能源市场稳定”。声明说,美方针对印度的行动“不公正、不合理”,印度“将采取一切必要措施维护国家利益和经济安全”。
贾伊斯瓦尔还表示,印度的进口旨在确保印度消费者能够负担得起产品,这是当前世界形势下的必然选择。
据报道,美印双方近期举行多轮贸易谈判,但印度一直拒绝按美国要求的给予美方农业和乳业关税优惠。根据美国7月31日公布的对69个贸易伙伴关税税率,印度输美商品将被征收25%关税。(完)
1. 这是2019年8月8日在印度首都新德里拍摄的印度国旗。新华社记者张迺杰摄
2.