Asia
ပေထုံတန်က အခြေခံဥပဒေချိုးဖောက်မှုအတွက် ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးထံသို့ ထုချေတင်ပြမှု အချက်အလက်များ တင်ပြ

ဘန်ကောက်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
ရာထူးမှ ဆိုင်းငံ့ခံထားရသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်သည် ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးထံသို့ ၎င်းအခြေခံဥပဒေချိုးဖောက်သည်ဟု စွဲဆိုခံရခြင်းအတွက် ထုချေတင်ပြမှု အချက်အလက်များ တင်ပြထားပြီးဖြစ်သည်ဟု ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ အတွင်းရေးချုပ် Prommin Lertsuridej က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေထုံတန်အနေဖြင့် သက်သေစာရွက်စာတမ်းအားလုံးကို လုပ်ဆောင်ပြီး၍ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်း၏ကိုယ်စားလှယ်က အဆိုပါစာရွက်စာတမ်းများအား အခြေခံဥပဒေခုံရုံးထံသို့ တင်ပြပြီးဖြစ်ကြောင်း Prommin Lertsuridej က ဝန်ကြီးချုပ်ရုံး၌ ထိုင်းမီဒီယာများအား ပြောကြားခဲ့သည်။
ပေထုံတန်က အခြေခံဥပဒေခုံရုံး စီရင်ဆုံးဖြတ်မှုမတိုင်မီ ရာထူးမှနုတ်ထွက်မှုနှင့်စပ်လျဉ်း၍ ကောလာဟလများကို Prommin Lertsuridej က ငြင်းပယ်ခဲ့သည်။ ပေထုံတန်က ကျူးလွန်သည့် လုပ်ရပ်မရှိခဲ့ကြောင်း သက်သေပြရန်အတွက် တရားဥပဒေနှင့်အညီ လုပ်ဆောင်လျက်ရှိကြောင်း Prommin Lertsuridej က ဆိုသည်။
ဩဂုတ် ၄ ရက်ကို ထုချေတင်ပြမှု အချက်အလက်များ တင်ပြရန် နောက်ဆုံးကာလအဖြစ် အခြေခံဥပဒေခုံရုံးက ဇူလိုင် ၃၀ ရက်တွင် သတ်မှတ်ခဲ့သည်။ ထိုမတိုင်မီ တရားရုံးက သက်တမ်းတိုးမှုနှစ်ကြိမ် ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ အကြောင်းပြချက်မှာ ပေထုံတန်က ထုချေတင်ပြမှု အချက်အလက်များ ပြင်ဆင်ရန်အတွက် အချိန်ပိုပေးရန် တောင်းဆိုခြင်းကြောင့်ဖြစ်သည်။
ဇွန်လ လလယ်ပိုင်းတွင် ပေထုံတန်နှင့် ထိုင်းနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်တို့၏ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသအခြေအနေနှင့် စပ်လျဉ်း၍ ဖုန်းခေါ်ဆိုသည့်အသံဖိုင် ပေါက်ကြားခဲ့ရာ ထိုင်းနိုင်ငံ၌ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးက ဇူလိုင် ၁ ရက်တွင် ဝန်ကြီးချုပ် ပေထုံတန်သည် အခြေခံဥပဒေ ချိုးဖောက်သည့် လုပ်ဆောင်ချက် ရှိ၊ မရှိအား စုံစမ်းစစ်ဆေးရန် လျှောက်ထားလွှာအား လက်ခံစီရင်မည်ဖြစ်ပြီး ထိုနေ့မှစ၍ ပေထုံတန်အား ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်ခြင်းမှ ယာယီဆိုင်းငံ့ရန် ဆုံးဖြတ်လိုက်သည်ဟု ကြေညာခဲ့သည်။ (Xinhua)
——————–
(Chinese Version)
佩通坦向泰国宪法法院提交违宪案辩护材料
新华社曼谷8月4日电(记者高博 林昊)泰国总理秘书长蓬明·勒素里德4日说,被停职的总理佩通坦已向宪法法院正式提交关于其违宪指控的辩护材料。
蓬明在总理府告诉泰媒,佩通坦已完成并签署了所有证明文件,她的代表已将这些文件提交给宪法法院。
蓬明驳斥了有关佩通坦将在宪法法院裁决前辞职的谣言。蓬明说,正在依照法律行事,以证明佩通坦不存在过失行为。
7月30日,宪法法院将8月4日定为佩通坦提交辩护材料的最后期限。此前,法院已批准两次延期,理由是佩通坦要求用更多时间准备辩护材料。
6月中旬,佩通坦同柬埔寨参议院主席洪森关于泰柬边境局势的一段通话录音流出,在泰国引发争议。泰国宪法法院7月1日宣布,受理有关调查总理佩通坦是否存在违宪行为的请愿书,并决定即日起暂停佩通坦行使总理职权。(完)
图说:7月1日,在位于泰国曼谷的总理府,佩通坦(中)出席内阁会议后离开。新华社发(拉亨摄)